Saturday 11 April 2015

ပို့ဆောင်ရေးဝန်ကြီးဌာနကို ပြင်ဆင်ဖွဲ့စည်း

ပို့ဆောင်ရေးဝန်ကြီးဌာနရှိ ပို့ဆောင်ရေးဦးစီးဌာနကို ဖျက်သိမ်းလိုက်ပြီး ဌာနကြီးကိုးခုဖြင့် ပြင်ဆင် တိုးချဲ့ ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

ယင်းကို ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင် က ဧပြီ ၉ရက် ရက်စွဲ ဖြင့် အမိန့်ကြော်ငြာစာနှစ်ခု ထုတ် ပြန် ခဲ့ခြင်းဖြစ်သည်။

ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဝန် ကြီးရုံးက အမိန့်အမှတ် (၅၈/ ၂၀၁၅) ဖြင့် ၂၀၁၅ခုနှစ်ဇန်နဝါရီ ၁၅ ရက်တွင် ကျင်းပသော ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ် စဉ် (၂/၂၀၁၅)၏ သဘောတူခွင့် ပြုချက်အရ ပို့ဆောင်ရေးဝန်ကြီးဌာနကို ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနလေး ခုနှင့် စီးပွားရေးဌာန လေးခုတို့ဖြင့် ဧပြီ ၁ရက် နံနက်ပိုင်းမှစတင်ကာ ပြင်ဆင်တိုးချဲ့ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး အဆိုပါဌာနများမှာ ပြည်ထောင်စု ဝန်ကြီးရုံး၊ လေကြောင်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြား မှုဦးစီးဌာန၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီး ဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ၊ မြန်မာအမျိုးသားလေကြောင်းနှင့် မြန်မာ့သင်္ဘောကျင်းလုပ်ငန်းတို့ဖြစ်ပြီး ဌာနပေါင်းကိုးခုတွင် ဝန်ထမ်းအင်အား ၃၇၆၂၁ဦး ဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ပို့ဆောင်ရေးဝန်ကြီး ဌာန၊ ဝန် ကြီးရုံးက အမိန့်အမှတ် (၅၉/၂၀၁၅) ဖြင့် ၂၀၁၅ခုနှစ်ဇန်နဝါရီ ၁၅ရက်တွင် ကျင်းပသော ပြည်ထောင်စုအစိုးရ အဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂/ ၂၀၁၅)၏ သဘောတူခွင့်ပြုချက်အရ အရာထမ်း ၂၉ဦး၊ အမှုထမ်း ၁၈၀ စုစုပေါင်း ၂၀၉ဦး တို့ဖြင့် ဖွဲ့စည်း ထားသည့် ပို့ဆောင်ရေးဝန်ကြီးဌာ နမှ ပို့ဆောင်ရေးဦးစီးဌာန၏ ဖွဲ့စည်း ပုံကို ၂၀၁၅ခုနှစ်မတ် ၃၁ရက်ညနေ ပိုင်းမှစတင် ကာ ဖျက်သိမ်း လိုက် ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ ဌာနအားပြင်ဆင်ဖွဲ့ စည်းမှုနှင့်ပတ်သက်ပြီး ပို့ဆောင်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ''လာ မယ့် အစိုးရသစ် အတွက် ပြောင်း လဲလိုက်ပါနိုင်အောင် ပြင်ဆင်စုဖွဲ့တယ် လို့ ယူဆလို့ရပါတယ်။ အစိုးရသစ် အခင်းအကျင်းမှာပါနိုင်ဖို့ ပြင်ဆင် စုဖွဲ့ရာမှာ အသစ်ဖြစ်ပေါ်လာမယ့် အုပ်ချုပ်မှုပုံစံ အတွင်း ဝန်ရုံး လိုပေါ့။ အဲဒီ့အတွက် တချို့ကိုဖျက်သိမ်းပြီး အဲဒီအင်အားတွေနဲ့အခြားအင်အား တွေ ထပ်ပေါင်းပြီး ဖွဲ့တဲ့သဘောပါ။ အင်အားကတော့ မပြောင်းလဲဘူးပေါ့။ အခုဖျက်သိမ်းတဲ့ ပို့ဆောင်ရေး ဦးစီးအပါအဝင်ဌာန တွေ ၁ဝခုရှိပါ တယ်။ အခုက ဌာနကိုးခုဖြစ်သွား တာပေါ့။ မြန်မာ့လေကြောင်းကို တော့ စီးပွားရေးစနစ်အရ မြန်မာ့ အမျိုးသားလေကြောင်း ဆိုပြီး ပြောင်း လဲဖွဲ့စည်း တာပါ။ အုပ်ချုပ် မှုပုံစံ တော့ ပြောင်းထား ပါတယ်''ဟု သုံး သပ်ပြောသည်။

‪‎Democracytoday‬

No comments:

Post a Comment