Saturday 11 April 2015

တရုတ်နှင့် ဗီယက်နမ်နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြင့်နိုင်ရန် ဆွေးနွေး

တရုတ်-ဗီယက်နမ် ဆက်ဆံရေး၆၅နှစ်ပြည့် အထိမ်းမှတ်အဖြစ် တရုတ် သမ္မတ ရှီကျင့်ဖျင့်၏ ဖိတ်ကြားချက် အရ ဗီယက်နမ်ကွန်မြူနစ်ပါတီမှ အထွေထွေအတွင်းရေးမှူး ငုရင်ဖူတောင်းက ဧပြီ ၇ရက်နေ့တွင် တရုတ် နိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့သည်။
ယင်းခရီးစဉ်တွင် ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးအပါအဝင် အခြားကွန်မြူနစ် ဗဟို ကော်မတီဝင်နှစ်ဦးတို့ပါဝင်သည်။ယင်းအဖွဲ့ကို မြို့တော်ဘေဂျင်းတွင် လက်ခံကြိုဆိုခဲ့ကြသည်။

ရေပြင်မြေပြင်ထိစပ်နေသည့် အိမ်နီးနားခြင်းနှစ်နိုင်ငံအနေဖြင့် ပြည်စုံသည့် မဟာဗျူတစ်ရပ် ချမှတ်နိုင် သည့် အခါသမယလည်းဖြစ်သည်။

ဗီယက်နမ်နိုင်ငံသည် တရုတ်နိုင်ငံ၏ ယူနန်ပြည်နှင့်ကွမ်ကျိုးပြည်နယ်တို့ဖြင့် ထိစပ်နေသည်။ ၂၀၁၄ ခုနှစ် အတွင်း နှစ်နိုင်ငံအကြားကုန်သွယ်မှုမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ဘီလီယံ ၅၇၅၈ ဖြစ်ပြီး ဗီယက်နမ်မှ တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၁၄၉ဖြစ်ကာ တင်သွင်းမှုမှာ အမေရိကန် ဒေါ်လာ ဘီလီယံ ၄၃၈၇ ဖြစ်သည့်အတွက် တရုတ်နိုင်ငံမှ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ၂၈ ဘီလီယံ ကုန်သွယ်မှုအသာရနေ သည်။

ခရီးစဉ်အတွင်း တရုတ်သမ္မတ အပါအဝင် တရုတ်ပါတီအတွင်းရေးမှူးနှင့် ဗဟိုပါတီဝင်များ နှင့်တွေ့ဆုံ ဆွေးနွေးမှု များပြုလုပ်ခဲ့သည်။နှစ်နိုင်ငံအကြား အပြန်အလှည်လေးစားမှုများဖြင့် ချစ်ကြည် ရင်းနှီးစွာဖြင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံနှင့် ပါတီနှစ်ခုအကြားရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ များစွာသော လုပ်ငန်း ဆိုင်ရာများကို နှစ်နိုင်ငံအကြားသဘောတူညီမှု ရနိုင်ခဲ့ပြီး နှစ်နိုင်ငံခေါင်းဆောင်များက လက်မှတ်ရေးထိုး နိုင်ခဲ့သည့်အတွက် နိုင်ငံဆက်ဆံရေးတိုးတက်ကောင်းမွန်စေရန် အရေးကြီးသော ခရီးစဉ် တစ်ခုလည်း ဖြစ်သည်။

အငြင်းပွားနေသည့် ရေပိုင်နက်အတွင်း ၂၀၁၄ မေလတွင် တရုတ်က ရေနံတူးဖော်ခဲ့သည့်အတွက် ဗီယက်နမ်ပြည်သူထောင်ချီကာ ဆန္ဒပြခဲ့သည်။ ယင်းအတွက်ကြောင့် ၂၀၁၄ ဇူလိုင်လတွင် ဗီယက်နမ် ပင်လယ်ပြင်မှ ရေနံတူးဖော်ရေးလုပ်ငန်းများ နောက်ဆုတ်သွားပြီးနောက် ဗီယက်နမ် -တရုတ်ဆက်ဆံရေး တင်းမာသွားခဲ့သည်ကို ချစ်ကြည်ရေးခရီးစဉ်က ဖြေလျှော့ပေးနိုင်ခဲ့သည်။သို့သော်လည်း အာဆီယံ နိုင်ငံ များနှင့် အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်အတွင်းရှိ ကျွန်းများတွင် တရုတ်နိုင်ငံက မြေအောက် ကမ်ဘားများတည်ဆောက်ခြင်း အဆောက်အဦးများ တည်ဆောက်ခြင်းများကို ပြုလုပ်နေသည်။

နှစ်နိုင်ငံခေါင်းဆောင်များအကြား ဗီယက်နမ်အလုပ်သမားများကိစ္စ အပါ အဝင် တောင်တရုတ်ပင်လယ်ပြင် အရေး စေ့စပ်ညှိနှိုင်းမှုရေချိန်မြင့်ရေး အပြင် နယ်စပ်တစ်လျှောက်အကြမ်းဖက်ဒုစရိုက်လုပ်ငန်းများကို အတူ တကွ ပူးပေါင်းနိမ်နှိင်းသွားရန် ရင်းနှီးပွင့်လင်းစွားဆွေးနွေးခဲ့သည်။ယင်းအပြင် အငြင်းပွား ရေပိုင်နက် ပြဿနာများကိုဖြေရှင်းရာတွင်လည်း နိုင်ငံတကာ စည်းမျည်းဥပဒေများကို လိုက်နာရန် လိုကြောင်း ဆွေး နွေး သွားခဲ့သည်။

နှစ်ဦးနှစ်ဖက်ဆက်ဆံရေးသည် အလွန်အရေးသည့် အခန်းကဏ္ဍတွင်ရှိနေပြီး တရုတ်နှင့် အာဆီယံနိုင်ငံ များ၏ ဆက်ဆံရေးကိုပါ အကျိုးသက်ရောက်မှု ရှိမည်ဖြစ်သည်။ဗီယက်နမ် ကွန်မြူနစ်ပါတီမှ အကြီးအကဲ တစ်ယောက် တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်ခြင်းမှာ နှစ်နိုင်ငံဆက်ဆံရေးကို တိုးမြင့်နိုင်သည် သာ မက ဒေသအတွင်းဖွံ့ဖြိုးတည်ငြိမ်မှုနှင့် ငြိမ်းချမ်းရေး ကိုလည်းခိုင်မာစေပါသည်။

ညီညီ
The Myanma Age

No comments:

Post a Comment