Saturday 11 April 2015

ဂျပန်နှင့် အငြင်းပွားကျွန်း များကိစ္စတွင် စိတ်မခုရအောင် အမေရိကန် လိမ္မာသိုသိပ်စွာ ပြုမူရန် တရုတ်တိုက်တွန်း


အရှေ့တရုတ်ပင်လယ်ရှိ ကျွန်းစုတစ်ခုနှင့် ပတ်သက်၍ ဂျပန်နှင့် ပေကျင်းတို့ အငြင်းပွားမှုနှင့် ပတ်သက်၍ အမေရိကန်က တစ်ဘက်သား စိတ်ခုအောင် မလုပ် ဘဲ လိမ္မာသိုသိပ် စွာပြုမူရန် တရုတ်က တိုက်တွန်း လိုက်သည်။

" အမေရိကန်အနေနဲ့ ပြောတာ၊ ဆိုတာမှာ လိမ္မာသိုသိပ်ဖို့၊ ပိုင်နက် အငြင်းပွားမှုတွေမှာ ဘက်မလိုက်ဘူး ဆိုတဲ့ ကတိပြုချက်ကို လေးစားဖို့ ကျမတို့ တိုက်တွန်း ပါတယ်။ တခြား နည်းလမ်းတွေထက် ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေးကို မြင့်တင်ဖို့ ပိုပြီးလုပ်ဖို့လည်း တိုက်တွန်းပါတယ် "ဟု  ဧပြီ ၉ ရက်က သတင်းစာ ရှင်း လင်းပွဲတစ်ခုတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာနပြောခွင့်ရအမျိုးသမီး ဟွာချွန်းယင် ကပြောကြားသည်။

အရှေ့တရုတ်ပင်လယ်တွင် အငြင်းပွားကျွန်းများကို ဂျပန်က ထိန်းချုပ်နေမှုကို အားနည်းစေမည့် တရုတ်၏လုပ်ရပ်မှန်သမျှ ဝါရှင်တန်က ဆန့်ကျင်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး အက်ရှ်ကာတာက ဂျပန်တွင် ပြောကြားပြီးနောက် ဟွာချွန်းယင်၏ ပြောကြားချက်ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

တရုတ်-ဂျပန် ဆက်ဆံရေးမှာ အရှေ့တရုတ်ပင်လယ်ရှိ မဟာဗျူဟာအရ အရေးပါသော လူမနေသည့် အငြင်းပွားကျွန်းများကြောင့် ဆိုးဝါးနေဆဲဖြစ်သည်။ ၎င်းကျွန်းများကို ဂျပန်က ဆင်ကာကူ ဟုခေါ်ပြီး တရုတ်က တျောက်ယုဟု ခေါ်သည်။ ၎င်းကျွန်းများမှာ တရုတ်၏ ပင်ကိုယ်မူလ ပိုင်နက်နယ်မြေ ဖြစ်သည်ဟု ဟွာက ဆိုသည်။

Mizzima - News in Burmese

No comments:

Post a Comment