Thursday 30 April 2015

ထိုင်းတွင် ထရပ်ကားတစ်စီးအတွင်း၌ တရားမဝင် မြန်မာရွှေ့ပြောင်း လုပ်သားများအား ဖမ်းမိ

ထိုင်းနိုင်ငံတွင် ဖမ်းမိသည့် တရားမဝင်မြန်မာရွှေ့ပြောင်းသူများ ကို တွေ့ရစဉ်။ ဓာတ်ပုံ-Bangkok Post
အမိုးပါ ထရပ်ကားငယ်တစ်စီး အတွင်း တွင် ပြွတ်သိပ်လိုက်ပါလာ သော တရားမဝင်မြန်မာရွှေ့ပြောင်း သူ ၂၆ ဦးကို ယနေ့နံနက်က ကန် ချနာဘူရီရှိ Muang ခရိုင်တွင် ဖမ်း ဆီးခဲ့သည်။

တရားမဝင်ရွှေ့ပြောင်းသူများ ဖြတ်သန်းလာမည်ဟုသတင်းရရှိပြီး နောက် အဝေးပြေးလမ်းဆိုင်ရာရဲ များသည် ယနေ့ နံနက် ငါးနာရီဝန်း ကျင်က Muang ခရိုင်ဘန်ကာ အိုလမ်းမထက်တွင် Isuzu MU-7 ခရီးသည်တင်ယာဉ်ကို တားဆီးစစ် ဆေးခဲ့ကြောင်း အဝေးပြေးလမ်းမ ဆိုင်ရာစုံစမ်းစစ်ဆေးရေး အကြီးအ ကဲပိုလ်မာဂ်ျဂျင်ပီတာဝမ်ဝါနစ်က ယ နေ့၌ပြောခဲ့သည်။

ရဲများက ထိုကားကို တားဆီး ချိန်တွင် ရပ်ပေးခြင်းမရှိဘဲ အရှိန်မြှင့် ကာ မောင်း ထွက်သွားခဲ့သဖြင့် ရဲ များက လိုက်လံဖမ်းဆီးခဲ့သည်။ ထို့နောက် ဒရိုက်ဘာက ဘန် ကာအိုလမ်းဆုံတွင် ယာဉ်ကို ရပ်ထား ခဲ့ကာ ထွက်ပြေးခဲ့သော်လည်း ယင်း ကို မကြာမီ ဖမ်းမိခဲ့သည်။ ထို ယာဉ်ထဲတွင် ပြွတ်သိပ်လိုက်ပါလာ သော မြန်မာရွှေ့ပြောင်းသူ ၂၆ဦး ကို ရဲများက တွေ့ခဲ့သည်။

မြန်မာရွှေ့ပြောင်းသူ ၂၆ဦး မှာ အမျိုးသမီးကိုးဦးနှင့် အမျိုးသား ၁၇ ဦးပါဝင် သည်။ ၎င်းတို့တွင် ခရီး သွားစာရွက်စာတမ်းများ မပါကြပေ။ ၎င်းတို့သည် ဘန်ပူနမ်ရွန် နယ်စပ် လုံခြုံရေးဂိတ်မှတစ်ဆင့် ကန်ချနာ ဘူရီသို့ ခိုးဝင်ကြခြင်းဖြစ်သည်။ ၎င်း တို့အား မြန်မာနိုင်ငံ သို့ ပြန်မပို့မီ စုံ စမ်း စစ်ဆေး ရန် ထိန်းသိမ်းထား သည်။

အသက် ၄၂ နှစ်အရွယ် ဒရိုင် ဘာဆွမ်ဟွမ်ဆီဒါသည် ကန်ချနာဘူ ရီခရိုင်မှဖြစ်သည်။ ၎င်းသည် ရွှေ့ ပြောင်းသူများကို သာမာကာခရိုင် သို့ ပို့ဆောင်ပေးရန် ဘတ် ၅၀၀ ပေး ငှားရမ်းထားသူဖြစ်ကြောင်း ၎င်းက ရဲများကို ပြောသည်။

၎င်းသည် ယခင်ကလည်း ထို ကဲ့သို့ နှစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း ပြော သည်။ ရဲများက ၎င်း၏ပြောကြား မှုကို လက်ခံယုံကြည်ခြင်း မရှိသေး ပေ။ နောက် ထပ် စုံစမ်းစစ်ဆေးမှု များပြုလုပ်ရန် ၎င်းအား ထိန်းသိမ်း ထားသည်။

Ref;Bangkok Post
Democracytoday‬

No comments:

Post a Comment