Thursday 30 April 2015

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်သည် တစ်ဆင့်ပြီးတစ်ဆင့် ဆက်လက် တိုးတက်လျက် ရှိကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း ပြောကြား

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုး တက်ရေးနှင့် ဒီမိုကရေစီရေး ဆိုင်ရာ မိတ်ဖက်အဖွဲ့ (Partnership Group for Peace, Development and Democracy in Myanmar – PGM ) အစည်းအဝေးကို ဧပြီ ၂၄ ရက် နံနက် ၁၁ နာရီခွဲ မှ မွန်းလွဲ ၁ နာရီအထိ နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ဌာနချုပ်၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက် ခဲ့ကြသည်။
အဆိုပါအစည်းအဝေးသို့ ကုလသမဂ္ဂအတွင်းရေးမှူး ချုပ် မစ္စတာ ဘန်ကီမွန်း၊ အတွင်းရေးမှူးချုပ်၏ မြန်မာ နိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေနမ် ဘီးယား၊ PGMအဖွဲ့ဝင် ၁၅ နိုင်ငံမှ အမြဲတမ်း ကိုယ်စားလှယ်အဆင့် ၁ဝ ဦး၊ ဒုတိယအမြဲတမ်းကိုယ်စား လှယ်အဆင့် လေးဦးနှင့် အမေရိကန်နိုင်ငံမှ ဒုတိယ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးMr. Scot Marciel တို့ တက်ရောက်ခဲ့ကြသည်။

PGM အစည်းအဝေးတွင် ကုလသမဂ္ဂအတွင်းရေးမှူး ချုပ် မစ္စတာ ဘန်ကီမွန်း က နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင် အကောင် အထည်ဖော်လျက် ရှိသည့် မြန်မာ နိုင်ငံ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်သည် တစ်ဆင့်ပြီး တစ်ဆင့် ဆက်လက်တိုးတက်လျက်ရှိပါကြောင်း၊ အငြင်း ပွားမှုများရှိခဲ့သော် လည်း နှစ်ပေါင်း ၃ဝ အတွင်း ပထမ ဦးဆုံး ကောက်ယူခဲ့သည့် သန်းခေါင် စာရင်းရလဒ်ကို မကြာမီ ကြေညာနိုင်တော့မည် ဖြစ်ပါကြောင်း။
ယခုနှစ်ကုန်ခန့်တွင် ကျင်းပမည့် ရွေးကောက်ပွဲသည် အရေးပါသည့် သမိုင်းဝင်မှတ်တိုင် တစ်ခုဖြစ် လာမည်ဖြစ်ရာ ယုံကြည်စိတ်ချရမှု၊ ပွင့်လင်းမြင်သာမှုရှိပြီး အားလုံးပါဝင် ခွင့်ရရှိသည့် ရွေးကောက်ပွဲ တစ်ခုဖြစ်စေရေး အရေးကြီး ကြောင်း၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဖွဲ့စည်းပုံ အခြေခံဥပဒေပြုပြင် ပြောင်းလဲ ရေးအပါအဝင် အရေးပါ သည့် ကိစ္စရပ်များနှင့်ပတ်သက်၍ အခြားသော ခေါင်းဆောင်များနှင့် နိုင်ငံရေး ထိတွေ့ဆွေးနွေးမှုများ ကြိုးပမ်းလုပ်ဆောင်လျက်ရှိသည်မှာ အားရကျေနပ်ဖွယ် ဖြစ်ပါကြောင်း။
၁၆ လကြာမျှ မနားမနေ စေ့စပ်ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် မတ် ၃၁ ရက်တွင် အစိုးရနှင့် တိုင်းရင်း သား လက်နက်ကိုင်အုပ်စုများအကြား နှစ်ပေါင်း ၆ဝ ကျော် ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခကို အဆုံးသတ်စေမည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် များ ရရှိခဲ့ပါကြောင်း၊ သဘောတူညီချက်ကို ရွှေ့ဆိုင်းမှု မရှိဘဲ လက်မှတ်ရေးထိုးနိုင်ရေးမှာ အရေးကြီးပါကြောင်း ဖြင့် ပြောကြားခဲ့သည်။
ထို့နောက် မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ခေါင်းဆောင်သည့် အစိုးရတာဝန်ယူခဲ့သည့် လေးနှစ်တာကာလအတွင်း နိုင်ငံအတွင်း ထင်ရှားသည့် တိုးတက်အောင်မြင်မှုအများအပြား ပေါ်ပေါက်ခဲ့ပါ ကြောင်း၊ အစိုးရအနေဖြင့် နိုင်ငံတွင်းရေရှည်စဉ်ဆက် မပြတ် စီးပွားရေး ဖွံ့ဖြိုး တိုးတက်စေ ရန်နှင့် အားလုံးပါဝင် သည့် ငြိမ်းချမ်းသော ဒီမိုကရေစီနိုင်ငံတော် သစ်ကြီး တည်ဆောက်နိုင်ရေးအတွက် အားသွန်ခွန်စိုက် ဆောင် ရွက်လျက်ရှိပါကြောင်း။
ဒီမိုကရေစီလုပ်ငန်းစဉ်မှာ အပြောထက် လက်တွေ့ လုပ်ဆောင်ရန်ခက် ခဲသည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ရာ မိမိတို့အနေဖြင့် မိမိတို့၏ ရည်မှန်းချက် ပန်းတိုင်သို့ အောင်အောင်မြင်မြင် အသွင်ကူးပြောင်းနိုင်စေရန် အတွက် သတိကြီးစွာထား၍ ဆောင်ရွက်ရပါကြောင်း။
မြန်မာနိုင်ငံ၏ အခြေအနေအပေါ် နိုင်ငံတကာ အသိုက်အဝန်းမှ နားလည် စာနာပြီး အမှန်အတိုင်း အမြော် အမြင်ကြီးစွာ ရှုမြင်သုံးသပ်နိုင်မည်ဆိုပါက အထူးပင် ကျေးဇူးတင်ရှိမည်ဖြစ်ပါကြောင်း၊ ဆယ်စုနှစ်များ စွာ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ ထားမှုကြောင့် မြန်မာနိုင်ငံ သည် ဒေသတွင်းနိုင်ငံများထက် စီးပွားရေး၊ လူမှုရေး နောက်ကျကျန်ခဲ့ပြီး ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံ အဆင့်သို့ပင် ရောက်ရှိခဲ့ပါကြောင်း၊ ပညာရေး၊ ကျန်းမာ ရေး၊ လူမှုဘဝလုံခြုံရေးအဆင့်အတန်း နိမ့်ကျခဲ့ရပါ ကြောင်း။
အစိုးရအနေဖြင့် ပါတီစုံဒီမိုကရေစီစနစ် တည် ထောင်ရန် အခိုင်အမာ သန္နိဋ္ဌာန်ချမှတ်ထားပြီးဖြစ်ရာ ယင်းသန္နိဋ္ဌာန်အတိုင်း အပြည့် အဝ အောင်မြင်စေရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ အတိတ် ကာလနှင့် လက်ရှိအခြေအနေကို နှိုင်းယှဉ်ကြည့်မည် ဆိုပါက နိုင်ငံအတွင်း တိုးတက်မှုဖြစ်ပေါ်မှုအများအပြား ပေါ်ပေါက်လျက်ရှိသည်ကို အထင်အရှားတွေ့မြင်နိုင်ပါ ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီကWhite Card ကိစ္စကို အလေးထား၍လည်းကောင်း၊ ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာထွန်းရှင်က ကျန်းမာရေးနှင့် လူဦးရေထိန်းချုပ်ရေးဆိုင်ရာ ဥပဒေမူကြမ်း (၄)ရပ်နှင့် ပတ်သက်၍လည်းကောင်း ပါဝင်ဖြည့်စွက်ဆွေးနွေး ပြောကြားကြသည်။
ထို့နောက် တက်ရောက်လာသည့် အဖွဲ့ဝင်နိုင်ငံ များ ၁၅ နိုင်ငံမှ ကိုယ်စားလှယ်များက ပါဝင်ဆွေးနွေးခဲ့ ကြသည်။ ပါဝင်ဆွေးနွေးသူများက တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေးရရှိခဲ့မှု အပါအဝင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပြုပြင်ပြောင်းလဲမှုများ အောင်မြင်စွာ ဆောင်ရွက် လျက်ရှိမှုအပေါ် ချီးကျူးပြောကြားခဲ့ကြပြီး လာမည့် ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲ အား မြန်မာ့နိုင်ငံရေးတွင် အထူးအရေးပါသည့် ဖြစ်စဉ်တစ်ရပ်အဖြစ် အလေးထား ဆွေးနွေးခဲ့ကြသည်။ ရခိုင်ပြည်နယ်ကိစ္စနှင့်ပတ်သက်၍ အကောင်အထည်ဖော်လုပ်ဆောင်ရန် ရှိသည်များအား ဆက်လက်ကြိုး ပမ်းဆောင်ရွက်သွားရေးအတွက် ထည့်သွင်း တိုက်တွန်းခဲ့သည်။
PGM အစည်းအဝေးအပြီးတွင် ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်၏ ထုတ်ပြန်ကြေညာချက် (Readout) တစ်ရပ်ကို ဧပြီ ၂၄ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ရာတွင်PGM အဖွဲ့ဝင်နိုင်ငံများက မြန်မာ အစိုးရ၏ ပြုပြင်ပြောင်း လဲရေး ကြိုးပမ်းမှုများအပေါ် ဆက်လက်ထောက်ခံလျက်ရှိသည် ကို ထုတ်ဖော်ပြောကြားခဲ့ကြောင်း၊ လာမည့် ရွေးကောက်ပွဲ သည် ပြုပြင်ပြောင်း လဲရေးအစီအစဉ်၏ အရေးပါသော အဆင့်ဖြစ်ကြောင်း အလေး ထား ပြောကြား ခဲ့ကြကြောင်း၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အစိုးရ၏ အပစ်အခတ် ရပ်စဲရေး သဘောတူ ညီချက် ရရှိရေး ကြိုးပမ်းခဲ့မှုအပေါ် ချီးကျူးခဲ့ကြကြောင်း၊ သက်ဆိုင်သူအားလုံး က မျှော်လင့် စောင့် စား နေကြ သည့် နိုင်ငံရေး ထိတွေ့ဆွေးနွေးမှု မူဘောင်အပေါ် ဆောလျင်စွာ သဘောတူညီနိုင်ရေး အတွက် မျှော်လင့် ကြောင်းကိုလည်း ထုတ်ဖော်ပြောကြား ခဲ့ကြကြောင်း၊ ရခိုင်နှင့် အခြားဒေသများရှိ အသိုက် အဝန်း နှစ်ခုအကြား ဆက်လက်ပေါ်ပေါက်နေသည့် တင်းမာမှု နှင့် ပတ်သက်၍ အဖွဲ့ဝင်နိုင်ငံများမှ မြန်မာနိုင်ငံအနေဖြင့် နောက် ထပ်ပဋိပက္ခများ ကာကွယ်တားဆီးရေးအတွက် ခိုင်မာပြတ်သားသည့်လုပ်ဆောင်မှုကို လုပ်ဆောင်သွား ရန် လိုအပ်ကြောင်း စသည်ဖြင့် ဖော်ပြထားသည်။
MOI Webportal Myanmar

No comments:

Post a Comment