Thursday 30 April 2015

ကျည်ဆန်နှင့် စိတ်ကြွဆေး သယ်ဆောင်လာသော ကားတစ်စီး မူဆယ်မြို့အနီးတွင် ဖမ်းမိ

အမေရိကန်နိုင်ငံသား တစ်ဦး၊ သြစတြေးလျနိုင်ငံသား တစ်ဦးနှင့် နမ့်ခမ်းမြို့ဒေသခံတစ် ဦးကို သေနတ် ကျည်ဆန်များ၊ စိတ်ကြွဆေးများနှင့်အတူ မူဆယ် မြို့အနီးတွင် ဖမ်းဆီးစစ်ဆေးခဲ့ပြီး နိုင်ငံခြားသားနှစ်ဦးမှာ အမှုနှင့် မ သက်ဆိုင်သောကြောင့် ပြန်လည် လွှတ်ပေးခဲ့ကြောင်း သတင်းရရှိ သည်။
ဧပြီ ၂၈ ရက်တွင် နမ့်ဖတ် ကာမှ နမ့်ခမ်းဘက်သို့သွားသည့် ပြည်ထောင်စု လမ်းမကြီးပေါ်၌ ပါဂျဲရိုးကားတစ်စီးကို ရဲတပ်ဖွဲ့ က စစ်ဆေးစဉ် ဖမ်းဆီးခဲ့ခြင်းဖြစ် သည်။ ရဲတပ်ဖွဲ့နှင့် လ၀ကဌာန အရာရှိများပါဝင်သော ပူးပေါင်း အဖွဲ့၏ စစ်ဆေးချက်အရ နိုင်ငံ ခြားသားနှစ်ဦးမှာအပြစ်မရှိ၍ ဧပြီ ၂၉ ရက်တွင် ပြန်လွှတ်ပေးခဲ့ ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ မှ ရဲအရာရှိတစ်ဦးကပြောသည်။

‘‘သူတို့နှစ်ယောက်ကမူးယစ် ဆေးတွေ၊ လက်နက်တွေနဲ့မပတ် သက်ဘူး။ ခရီးသွားတွေ။ နိုင်ငံ ခြားသားက ရာဇ၀တ်ကြောင်း မ ကျူးလွန်ဘူး။ ပြည်တွင်းနေထိုင်မှုနဲ့ပတ်သက်လို့ စည်းကမ်းဖောက်ဖျက်တာ မရှိဘူးဆိုရင် ပြန်လွှတ်ပေးရပါတယ်’’ ဟု အဆိုပါရဲအရာရှိကပြောသည်။
နမ့်ခမ်းဒေသခံ အမျိုးသား ကိုမူ ဆက်လက်ထိန်းသိမ်းထားပြီး မူးယစ်ဆေးဝါးမှု၊ လက်နက်မှုတို့ ဖြင့်အမှုဖွင့်ထားကြောင်း သတင်း ရရှိသည်။ ၎င်းတို့ စီးလာသော ကားပေါ်မှ M-32 အမျိုးအစား သေနတ်ကျည်ဆန် ၂၂ တောင့် နှင့် စိတ်ကြွဆေးပြား အပြား ၄၀ ကို ရဲတပ်ဖွဲ့က သိမ်းဆည်းနိုင်ခဲ့ သည်။ ဧပြီ ၂၅ ရက်က မူဆယ်မြို့ ရှိ မြ၀တီဘဏ်ကို M-32 သေ နတ်အမျိုးအစားဖြင့် ၄၄ ချက် အပစ်ခံခဲ့ရပြီး ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အစိုးရတပ်မတော်နှင့် ရဲတပ်ဖွဲ့က ဒေသတွင်း လုံခြုံရေးတင်းကျပ်ထားသည်။
7Day Daily

No comments:

Post a Comment