Sunday 12 April 2015

ဗီဒီယိုပိုင်းမှာ စိတ်တိုင်းမကျတဲ့ အပိုင်းလေးတွေကြောင့် ကားရိုက်လျော့ချလိုက်တဲ့ မိုးယုစံ

ပရိသတ်တွေ အမြင်မှာ အေးချမ်းမှုအပြည့်နဲ့ ဟန်ဆောင်မှု ကင်းလှတဲ့ မိုးယုစံက သင်္ကြန်ကို နေပြည်တော် မှာ ဖြတ်သန်းမှာဖြစ်ပြီး စိတ်တိုင်းမကျတဲ့ အပိုင်းလေးတွေကြောင့် ကားရိုက်ကို လျှော့ချ လိုက်တယ်လို့လဲ သိရတာကြောင့် သူမရှိရာ အမ်တီဗီရိုက်ကွင်းသို့သွားရောက်တွေ့ဆုံခိုက် အနုပညာရေးရာ အကြောင်း များနဲ့ ၂၀၁၅ သင်္ကြန် ခံစားမှုများကို မေးမြန်းပြောဆိုမိတဲ့အခါ

"သင်္ကြန်ကတော့ ညီမ နေပြည်တော်က Sky Net မဏ္ဍပ်မှာ ရှိပါမယ်။ မနှစ်ကလဲ နေပြည်တော်မှာပါပဲ။ သင်္ကြန်နဲ့ပတ်သက်တဲ့ စိတ်ခံစားချက်က ထွေထွေထူးထူးတော့ မရှိပါဘူး။ ငယ်ငယ်တုန်းကတော့ အပြင် မထွက်ရဘူး။ ခုအသက်ကြီးလာ တဲ့အခါ အနုပညာအလုပ် လုပ်တော့ အလုပ်နဲ့အပြင်ထွက်ရတယ်။ ဒီနှစ်နဲ့ ပတ်သက်ပြီး ပြင်ဆင်မှုက မနက်ပိုင်းက မြန်မာဝတ်စုံ၊ ညနေပိုင်းက ခေတ်ဝတ်စုံဖြစ်တဲ့အတွက် အ၀တ် အစားပိုင်းနဲ့ ပတ်သက်ပြီး သေချာလေးပြင်ဆင်ဖြစ်နေတယ်။ ပရိသတ်အမြင်မှာ မရိုးလဲမရိုးအောင်၊ မရိုင်းလဲ မရိုင်းအောင် စီစဉ်ဖြစ်ပါတယ်။ သင်္ကြန်ကိုနှစ်တိုင်း တစ်ယောက်တည်းပဲ ဖြတ်သန်းဖြစ်တယ်။ ကိုယ်နဲ့ပရိသတ်တွေနဲ့ပေါ့။ နောင်နှစ်တွေလဲ တစ်ယောက်တည်းပါပဲ။ နှစ်ဆန်း တစ်ရက်နေ့ကိုတော့ နေပြည်တော်မှာ ပဲ ဖြတ်သန်းဖြစ်မယ်ထင်ပါတယ်။ ဘုရားတွေဖူးမယ်။ ငါးတွေလွှတ်ဖြစ်ပါမယ်"လို့ သူမက ပြောပါတယ်။

ဒီနေ့ရိုက်နေတဲ့ ရှုတင်လေးနဲ့ပတ်သက်ပြီးတော့လဲ သူမက "ဒီနေ့က ကိုရွှေထူးရဲ့ မင်းရဲ့ ပရိသတ်ဆိုတဲ့ သီချင်းလေးရိုက်နေတယ်။ အဲ့ဒါပြီးရင် ကားရိုက်တော့မရှိဘူး။ ဒါပေမဲ့ Sharp ရဲ့ ပင်တိုင်မော်ဒယ်ဆိုတော့ သူတို့ပရိုမိုးရှင်းနဲ့ အတူတူ တောင်ကြီးကို သွားဖို့ရှိတယ်။ အဲ့ဒါပြီးရင် သင်္ကြန်ပေါ့။ သင်္ကြန်ပြီးရင် အကျီင်္ ကြော်ငြာတွေ ရိုက်ဖို့ရှိတယ်။ ကားရိုက်ကတော့ မရှိသေးဘူ။ ညီမကားရိုက်ပိုင်းနည်းသွားတာက လျော့ လိုက် တာကြောင့်လဲ ပါတယ်။ ခုနောက်ပိုင်း ဗီဒီယိုပိုင်းက စိတ်တိုင်းမကျတာတွေလဲ ရှိတော့ သိပ် မရိုက်ဖြစ်တာပါ၊

ဂီတနဲ့ပတ်သက်ပြီး လောလောဆယ်ကတော့ ထွေထွေထူးထူး မလုပ်ဖြစ်သေးပါဘူး။ စဉ်းစားထားတာတွေ တော့ရှိပါတယ်။ ကိုယ်ကြိုက်တဲ့ သီချင်းတွေဆိုရင်တော့ ၀ယ်စုဖြစ်တယ်။ နောင်တစ်ချိန်တော့ မပြောတတ် ပါဘူး။ သီချင်းက ၀ါသနာပါတယ်။ အစကတော့ ၀ါသနာပါမှန်း မသိဘူး။ နောက်ပိုင်းကျတော့ ၀ါသနာပါလာ တယ်။ နောင်တစ်ချိန် ကိုယ့်ပရိသတ်ကို ချပြခွင့်ရမယ်ဆိုရင်လဲ ချပြချင်ပါတယ်။ အဲ့ဒီတွက် သီချင်းလေးတွေ စုဖြစ်တယ်။ စီစဉ်ထားတာလေးတွေလဲရှိပါတယ်။ ကိုယ့်အလုပ်နဲ့ပတ်သက်ပြီး ခုနောက်ပိုင်းမှာအရင်က ထက်ပိုပြီး ရင့်ကျက်လာတယ်လို့လဲထင်မိတယ်။ ဗီဒီယိုတွေရော၊ ကြော်ငြာတွေရော၊ အမ်တီဗီတွေရောကို မျှပြီး ရိုက်ဖြစ်နေပါတယ်"တဲ့။

ခင်ဆွေသက်
Trend Myanmar

1 comment:

  1. မိုးယုကိုဆွဲချင်တယ်။

    ReplyDelete