Thursday 19 March 2015

ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် အထူးအစည်း အဝေး ဧပြီ ၁ ရက် စမည်

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေး ၁/၂၀၁၅ ကို လာမည့် ဧပြီလ ၁ ရက်နေ့ တွင် စတင်၍ ကျင်းပ သွားမည် ဖြစ်ကြောင်း သတင်းရ ရှိသည်။ယင်းလွှတ်တော် အထူး အစည်းအဝေးတွင် ဘဏ္ဍရေးနှင့်ပတ်သက်သည့် ကိစ္စရပ်များကို အဓိကထား ဆွေးနွေးသွား မည် ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များ ထံမှ သိရသည်။ “အဓိက က ဘတ်ဂျက် ကိစ္စပေါ့။ အစည်းအဝေးက သိပ်ကြာမယ် မထင်ဘူး။ ၄၊ ၅ ရက်လောက်ပဲ ထင်တယ်”ဟု ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက ဧရာဝတီ သို့ ပြောသည်။
မကြာမီ ကျင်းပမည့် လွှတ်တော်အထူး အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မတ်လ ၅ ရက်နေ့က မြို့တော်ခန်းမရှေ့တွင် ကျောင်းသားများကို လက်ပတ်နီဝတ်ဆင် ထားသူများ အသုံးပြု၍ အကြမ်းဖက်ဖြိုခွင်းရန် စေခိုင်းမှုနှင့်ပတ်သက်ပြီး ဖြေရှင်းပေးရန် မေးခွန်းနှင့်အဆို နှစ်ရပ်လုံး လွှတ်တော် သို့ တင်ထားပြီး ဖြစ်ကြောင်း ဒေါက်တာ ညိုညိုသင်းက ဆက်လက် ပြောသည်။ ယခု ကျင်းပမည့် လွှတ်တော်အစည်းအဝေးသည် ၂၀၁၅ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၏ ပထမဆုံးအကြိမ် ကျင်းပမည့် အစည်းအဝေး ဖြစ်သည်။
The Irrawaddy (Burmese Version)

No comments:

Post a Comment