Wednesday 24 September 2014

JICA ချေးငွေဖြင့် မြို့ပတ်ရထားလမ်းပိုင်းများ အဆင့်မြှင့်မည်

Photo: JICA ချေးငွေဖြင့် မြို့ပတ်ရထားလမ်းပိုင်းများ အဆင့်မြှင့်မည်
Wednesday, September 24, 2014

 ဂျပန်အပြည်ပြည်ဆိုင် ရာ ပူးပေါင်းဆောင်ရွက်ရေး အေ ဂျင်စီ (JICA) ၏ချေးငွေဖြင့် ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်းပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်သွား မည်ဟု သတင်းရရှိသည်။

စီမံကိန်း ပထမပိုင်းအနေ ဖြင့် တညင်းကုန်းမှ ပုဇွန်တောင် အထိ လမ်းပိုင်းကို တည်ဆောက် သွားမည်ဖြစ်ပြီး ယင်းအတွက် ကန်ဒေါ်လာ သန်း ၇၀၀ ကုန်ကျ နိုင်မည်ဟု တွက်ချက်ထားကာ စီမံကိန်းတစ်ခုလုံးအတွက် ကန်ဒေါ်လာနှစ်ဘီလီယံ ကုန်ကျမည် ဟု ခန့်မှန်းထားကြောင်း သိရ သည်။

JICA မှ ချေးငွေများ ရယူရာ တွင် ပထမပိုင်းစီမံကိန်းအတွက် အတိုးမဲ့ချေးငွေဖြင့် ရယူရန် ညှိနှိုင်းထားပြီး ကျန်ငွေများကို ၀ ဒသမ ၀၁ ရာခိုင်နှုန်းအတိုးဖြင့် ရယူရန် နှစ်နိုင်ငံအစိုးရများကြား ညှိနှိုင်း ဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းသည် လာ မည့် ၂၀၁၅ အတွင်း စတင်အကောင်အထည်ဖော် စီစဉ်ထားပြီး လက်ရှိတွင် သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ လေ့လာဆန်းစစ်မှုများ ပြုလုပ်နေဆဲဖြစ်၍ စတင်မည့်အချိန်ကို အတိအကျပြောနိုင်ခြင်း မရှိသေးကြောင်း မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာ ဦးထွန်း အောင်သင်းက ပြောသည်။

မြို့ပတ်ရထားလမ်းပိုင်းကို အဆင့်မြှင့်တင်လိုက်ပါက ရထား လမ်းကြောင်းတစ်လျှောက်တွင် နေထိုင်သော နေအိမ်အလုံး ၉၀ နှင့် လူဦးရေ ၁၃၀ ခန့်မှာ စီမံ ကိန်းနယ်မြေအတွင်း ပါဝင်နေ၍ ၎င်းတို့ကို နေရာပြန်လည်ချထား ရေးဆိုင်များလည်း ညှိနှိုင်းနေဆဲ ဖြစ်ကြောင်း သိရသည်။

‘‘ကျွန်မတို့ကို စီမံကိန်းနေ ရာတွေထဲမှာ ပါတယ်လို့ ပြီးခဲ့ တဲ့ တစ်လလောက်က လာပြော ထားတယ်။ နေရာအတွက်လည်း ပြန်ပေးလို့ ပြောထားတာပဲ ရှိ တယ်။ ဘယ်မှာပေးမယ်။ ဘယ် တော့ ပေးမယ်ဆိုတာ အခုထိ ဘာမှ မသိရသေးပါဘူး။ လျော် ကြေး သတ်မှတ်တာတွေ ဘာ တွေလည်း မရှိသေးဘူး’’ ဟု သီရိ မြိုင်ဘူတာအနီးတွင် မုန့်ဟင်းခါး ရောင်းချသူ ဒေါ်စိုးစိုးနွယ်က ပြော သည်။

မြို့ပတ်မီးရထားလမ်း တစ် လျှောက် အဆင့်မြှင့်တင်ရာတွင် ပါရမီခုံးကျော်တံတားကိုပါ ထည့် သွင်းတည်ဆောက်သွားမည်ဖြစ် ပြီး ရထားလမ်း၌ရှိနေသော ခုံး ကျော်တံတား ၁၁ ခုကိုလည်း အသစ်ပြန်လည် တည်ဆောက်မှု များ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

7Day DAILY

စီးနင်းခသက်သာ၍ အခြေခံလူတန်းစားများသည် မြို့ပတ်ရထားကို အားထားကြသည်(ဓာတ်ပုံ − လင်းဘိုဘို/အီးပီအေ)
စီးနင်းခသက်သာ၍ အခြေခံလူတန်းစားများသည် မြို့ပတ်ရထားကို အားထားကြသည်(ဓာတ်ပုံ − လင်း ဘိုဘို/ အီးပီအေ)
 ဂျပန်အပြည်ပြည်ဆိုင် ရာ ပူးပေါင်းဆောင်ရွက်ရေး အေ ဂျင်စီ (JICA) ၏ချေးငွေဖြင့် ရန်ကုန်မြို့ပတ် ရထား လမ်းပိုင်းပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်သွား မည်ဟု သတင်းရရှိသည်။စီမံကိန်း ပထမပိုင်းအနေ ဖြင့် တညင်းကုန်းမှ ပုဇွန်တောင် အထိ လမ်းပိုင်းကို တည်ဆောက် သွား မည်ဖြစ်ပြီး ယင်းအတွက် ကန်ဒေါ်လာ သန်း ၇၀၀ ကုန်ကျ နိုင်မည်ဟု တွက်ချက်ထားကာ စီမံကိန်း တစ်ခုလုံး အတွက် ကန်ဒေါ်လာနှစ်ဘီလီယံ ကုန်ကျမည် ဟု ခန့်မှန်းထားကြောင်း သိရ သည်။

JICA မှ ချေးငွေများ ရယူရာ တွင် ပထမပိုင်းစီမံကိန်းအတွက် အတိုးမဲ့ချေးငွေဖြင့် ရယူရန် ညှိနှိုင်းထားပြီး ကျန်ငွေများကို ၀ ဒသမ ၀၁ ရာခိုင်နှုန်းအတိုးဖြင့် ရယူရန် နှစ်နိုင်ငံအစိုးရများကြား ညှိနှိုင်း ဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းသည် လာ မည့် ၂၀၁၅ အတွင်း စတင်အကောင်အထည်ဖော် စီစဉ်ထားပြီး လက်ရှိတွင် သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ လေ့လာဆန်းစစ်မှုများ ပြုလုပ်နေဆဲဖြစ်၍ စတင်မည့်အချိန်ကို အတိအကျပြောနိုင်ခြင်း မရှိသေးကြောင်း မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာ ဦးထွန်း အောင်သင်း က ပြော သည်။

မြို့ပတ်ရထားလမ်းပိုင်းကို အဆင့်မြှင့်တင်လိုက်ပါက ရထားလမ်းကြောင်းတစ်လျှောက်တွင် နေ ထိုင်သော နေအိမ်အလုံး ၉၀ နှင့် လူဦးရေ ၁၃၀ ခန့်မှာ စီမံ ကိန်းနယ်မြေအတွင်း ပါဝင်နေ၍ ၎င်းတို့ကို နေရာပြန်လည်ချထား ရေးဆိုင်များလည်း ညှိနှိုင်းနေဆဲ ဖြစ်ကြောင်း သိရသည်။

‘‘ကျွန်မတို့ကို စီမံကိန်းနေ ရာတွေထဲမှာ ပါတယ်လို့ ပြီးခဲ့တဲ့တစ်လလောက်က လာပြော ထား တယ်။ နေရာ အတွက်လည်း ပြန်ပေးလို့ ပြောထားတာပဲ ရှိတယ်။ ဘယ်မှာပေးမယ်။ ဘယ် တော့ ပေးမယ်ဆိုတာ အခုထိ ဘာမှ မသိရသေးပါဘူး။ လျော် ကြေး သတ်မှတ်တာတွေ ဘာ တွေလည်း မရှိသေးဘူး’’ ဟု သီရိ မြိုင်ဘူတာ အနီးတွင် မုန့်ဟင်းခါး ရောင်းချသူ ဒေါ်စိုးစိုးနွယ်က ပြော သည်။

မြို့ပတ်မီးရထားလမ်း တစ် လျှောက် အဆင့်မြှင့်တင်ရာတွင် ပါရမီခုံးကျော်တံတားကိုပါ ထည့်သွင်း တည်ဆောက် သွားမည်ဖြစ် ပြီး ရထားလမ်း၌ရှိနေသော ခုံး ကျော်တံတား ၁၁ ခုကိုလည်း အသစ်ပြန်လည် တည်ဆောက်မှု များ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

7Day DAILY

No comments:

Post a Comment