Wednesday 24 September 2014

တနိုင်းဟူးကောင်းတွင်ပီလောပီနံစိုက်ပျိုးရေးလုပ်ကိုင်သည့်ယုဇနကုမ္ပဏီကို ဒေသခံများကန့်ကွက်

ကချင်ပြည်နယ်၊ တနိုင်းဟူးကောင်းဒေသတွင် ပီလောပီနံစိုက်ပျိုးရေးလာ ရောက်လုပ်ကိုင်သော ယုဇနကုမ္ပ ဏီအား ဒေသခံ ၉၇ ရာခိုင်နှုန်းက အလိုမရှိကြောင်း မဲပေးမှုများအရ သိရသည်။
ယုဇနကုမ္ပဏီကို အလိုရှိ၊ မရှိသိရှိရန် ထိုဒေသရှိ ကျေးရွာများတွင် ဆန္ဒမဲကောက်ခံပွဲ တစ်ခုပြုလုပ် ခဲ့ပြီး ဒေသခံအများ စုက ကန့်ကွက်ခဲ့ကြခြင်းဖြစ် သည်။ ထိုဒေသရှိ ၀ါရာဇွပ်၊ အောင်ရာ၊ စံပြနှင့် ဘန်ကောက်စသည့် ကျေးရွာများတွင် မဲပုံးနှစ်ပုံး ထောင်ကာ ဆန္ဒခံယူခဲ့ကြပြီး ဒေသခံ ၇၅၅ ဦး လာရောက်မဲထည့်ကာ ဆန္ဒပြုခဲ့သည်။ ၇၂၆ ဦးသည် ယုဇနကုမ္ပဏီကို အလိုမရှိကြကြောင်း မဲထည့်ဝင် ခဲ့ကြောင်း ထိုအစီအစဉ် ဦးဆောင်သူ ဆရာ တန်ဂွန်မှဆိုသည်။ ယုဇနကုမ္ပဏီကို အလိုရှိ သူ ၁၉ ဦးရှိပြီး ပယ်မဲ ၁၀ မဲ ရှိခဲ့ကြောင်း သတင်းရရှိသည်။

‘‘ဒါဟာကျွန်တော်တို့ ဒေသ ခံတောင်သူတွေ ဒီကုမ္ပဏီကို မလိုလားဘူးဆိုတာကို သက်သေပြ တာပဲ။ ဒီရလဒ် ကို ကျွန်တော်တို့ မြို့နယ်ကနေစပြီး အစိုးရတာဝန် ရှိသူတွေကို တင်ပြသွားမယ်’’ဟု ဆရာ တန်ဂွန်က ဆိုသည်။ 

ထိုဒေသတွင် ယုဇနကုမ္ပဏီ သည် ၂၀၀၇ မှစတင်ပြီး လုပ်ကိုင် နေပြီး ကုမ္ပဏီဝင်ရောက် လာပြီး နောက် ကျေးရွာ သုံးရွာမှ ပြောင်းရွှေ့ခဲ့ရကြောင်းသိရသည်။ ကုမ္ပဏီ၏ စိုက်ခင်းဧရိယာမှာ ဧက နှစ် သိန်းကျော်ရှိကြောင်း သတင်း ရရှိသည်။ ထိုမျှမက လယ်ယာမြေများ မရှိသည့်အတွက် ဒေသခံများ လုပ်ကိုင်စားသောက်ရန် အခက် အခဲများစွာကြုံတွေ့နေကြောင်း ဒေသခံများကပြောကြားသည်။

‘‘လယ်ယာမြေလုပ်ကိုင်စား သောက်လို့မရဘူး။ စိုက်ထားတဲ့ သီးနှံတွေလည်း အကုန်မြေလှန် ပေးလိုက် ရတယ်။ မိန်းကလေးတွေလည်း လွတ်လွတ်လပ်လပ်သွား လာလို့မရဘူး’’ဟု ဆရာတန်ဂွန်း ကပြောသည်။

ဒေသခံများက နေပြည် တော်အထိ အဆင့်ဆင့်စာတင်ပြ ပြီး တရားစွဲဆိုထားကြောင်းလည်း ဒေသခံ များကပြောကြားသည်။

7Day News Journal

No comments:

Post a Comment