Wednesday 24 September 2014

IS အဖွဲ့ကို အမေရိကန် တစ်နိုင်ငံတည်း တိုက်ခိုက်နေခြင်း မဟုတ်ဟု အိုဘားမားပြောကြား

Photo: IS အဖွဲ့ကို အမေရိကန် တစ်နိုင်ငံတည်း တိုက်ခိုက်နေခြင်း မဟုတ်ဟု အိုဘားမားပြောကြား
Wednesday, September 24, 2014

အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့ကို တိုက်ခိုက်နေသည်မှာ အမေရိကန် တစ်နိုင်ငံတည်း မဟုတ်ဘဲ တစ်ကမ္ဘာလုံး ပါဝင်လာပြီဖြစ်ကြောင်း အမေရိကန်သမ္မတ ဘာရတ် အိုဘားမားက ပြောကြားခဲ့သည်။

အမေရိကန်သည် အီရတ်တွင်သာ မကဘဲ ဆီးရီးယားထိ ချဲ့ထွင်ကာ IS ပစ်မှတ်များကို လေကြောင်းမှ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိပြီး ယခုအခါ မဟာမိတ်နိုင်ငံများကလည်း အမေရိကန်၏ စစ်ဆင်ရေးတွင် ပူးပေါင်း ပါဝင်လာခဲ့သည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အမေရိကန်၏ စစ်ဆင်ရေး အရှိန်အဟုန် မြင့်တက်လာခြင်းနှင့်အတူ IS စစ်သွေးကြွ အများအပြား အသေအပျောက် ရှိလာခဲ့သည်။

အာရပ်နိုင်ငံများ ဖြစ်ကြသည့် ဘာရိန်း၊ ဂျော်ဒန်၊ ကာတာ၊ ဆော်ဒီအာရေဗျနှင့် UAE တို့သည် အမေရိကန်၏ လေကြောင်းထိုးစစ်၌ ပါဝင်ကူညီကြပြီး တိုက်လေယာဉ်များ၊ ဗုံးကြဲလေယာဉ်များ၊ မောင်းသူမဲ့ လေယာဉ်များဖြင့် IS အခြေစိုက် စခန်းများ၊ ယာဉ်တန်းများကို တိုက်ခိုက်လျက် ရှိသည်။ ထိုအတောအတွင်း ပင်လယ်ပြင်ရှိ အမေရိကန် စစ်သင်္ဘောများကလည်း Tomahawk ဒုံးကျည်များဖြင့် ပစ်ခတ်လျက် ရှိသည်။

အမေရိကန်၏ ဥရောပ အမာခံ မဟာမိတ် နှစ်နိုင်ငံဖြစ်သည့် ပြင်သစ်နှင့် ဗြိတိန်တို့သည်လည်း ဆီးရီးယားတွင် စစ်ဆင်ရေး မဆင်နွှဲသေးသည့်တိုင် အီရတ်ရှိ IS ပစ်မှတ်များကို လေကြောင်းမှ တိုက်ခိုက်နေပြီ ဖြစ်သည်။

အိုဘားမားက “ကျွန်တော်တို့ရဲ့ ပူးပေါင်း လုပ်ဆောင်မှုတွေ ပိုမို အားကောင်း ခိုင်မာလာခြင်းက ဒီတိုက်ပွဲကို အမေရိကန် တစ်နိုင်ငံတည်း တိုက်နေတာ မဟုတ်ဘဲ တစ်ကမ္ဘာလုံး ပူးပေါင်း ပါဝင်နေတယ် ဆိုတာကို ထင်ရှားစေခဲ့ပါတယ်။ အမေရိကန်ကို ဆိုးကျိုးကြုံတွေ့စေဖို့၊ အမေရိကန် နိုင်ငံသားတွေကို အန္တရာယ်ပြုဖို့ ရည်ရွယ်ကြိုးပမ်းသူတိုင်း ဘယ်လို ကြုံတွေ့ရမယ် ဆိုတာကို ရှင်းရှင်းလင်းလင်း သိမြင်စေရပါမယ်။ အမေရိကန် ပြည်သူတွေကို ခြိမ်းခြောက်လာတဲ့ ဘယ်လို အကြမ်းဖက်သမားအတွက်မဆို လုံခြုံတဲ့ နိဗ္ဗာန်ဘုံတစ်ခု မရှိနိုင်တဲ့အကြောင်း ကျွန်တော်တို့ လက်တွေ့ ထင်ဟပ်စေမယ်”ဟု ပြောကြားခဲ့သည်။

အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်က လက်ရှိ စစ်ဆင်ရေးများသည် အလွန်အောင်မြင်မှု ရရှိနေကြောင်း ကြေညာခဲ့သလို IS အဖွဲ့၏ အခြေစိုက် စခန်းများ၊ ခိုလှုံရာ နေရာများကို တိုက်ရိုက် ထိမှန်နေကြောင်း ဆိုသည်။ အထူးသဖြင့် အီရတ်နှင့် နယ်ခြားဒေသ အနီးတွင် တည်ရှိသည့် ဆီးရီးယားပိုင် ရက်ကာမြို့ရှိ IS အခြေစိုက် စခန်းများကို ထိထိရောက်ရောက် ဖျက်ဆီးနိုင်ခဲ့ကြောင်း ပင်တဂွန်က ဓာတ်ပုံမှတ်တမ်းများဖြင့် သတင်းထုတ်ပြန် ကြေညာခဲ့သည်။

ဆွန်နီ အစ္စလာမ် ဘာသာဝင် အစိုးရများ အုပ်ချုပ်နေသည့် အာရပ်(၅)နိုင်ငံက IS အဖွဲ့ကို တိုက်ခိုက်နေခြင်းသည် အဆိုပါ အကြမ်းဖက်အဖွဲ့၏ လုပ်ရပ်များ အလွန်အစွန်းရောက် ဆိုးယုတ်မှုကို ထင်ဟပ်စေသည်။ IS အဖွဲ့သည်လည်း အစွန်းရောက် ဆွန်နီ အစ္စလာမ် ဘာသာဝင်များ စုဖွဲ့ထားခြင်း ဖြစ်သည်။ NATO အဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်ပြီး ဆီးရီးယားနှင့် နယ်နိမိတ် ကပ်လျက် တည်ရှိသော တူရကီမှာမူ အဆိုပါ စစ်ဆင်ရေးတွင် ပါဝင်ခြင်း မရှိသေးချေ။ ယင်းမှာလည်း IS အဖွဲ့၏ လက်ထဲတွင် တူရကီနိုင်ငံသား ဓားစာခံ အများအပြား ရှိနေ၍ ဖြစ်နိုင်ကြောင်း နိုင်ငံတကာရေးရာ လေ့လာသူများက မှတ်ချက်ပြုထားသည်။

အမေရိကန်ကမူ တူရကီကပါ IS အဖွဲ့ကို ပူးပေါင်းတိုက်ခိုက်ရန် တိုက်တွန်းနေဆဲ ဖြစ်သည်။ IS အဖွဲ့သည် အနောက်နိုင်ငံသား ဓားစာခံများနှင့် ရန်သူတော် ကာ့ဒ်တိုက်ခိုက်ရေး အဖွဲ့သားများကို ခေါင်းဖြတ် ကွပ်မျက်သည့် ဗီဒီယိုများ လွှင့်တင်ခြင်းဖြင့် အနောက်အုပ်စုကို ဝါဒဖြန့် ဖိအားပေး ခြိမ်းခြောက်ရန် အားထုတ်ခဲ့သော်လည်း ယခုအခါ ပိုမိုပြင်းထန်သော ထိုးနှက်တိုက်ခိုက်မှုများကို ရင်ဆိုင်လာရပြီ ဖြစ်သည်။

Ref: Businessinsider
7Day DAILY
အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့ကို တိုက်ခိုက်နေသည်မှာ အမေရိကန် တစ်နိုင်ငံတည်း မဟုတ်ဘဲ တစ်ကမ္ဘာလုံး ပါဝင်လာပြီဖြစ်ကြောင်း အမေရိကန်သမ္မတ ဘာရတ် အိုဘားမားက ပြောကြား ခဲ့သည်။
အမေရိကန်သည် အီရတ်တွင်သာ မကဘဲ ဆီးရီးယားထိ ချဲ့ထွင်ကာ IS ပစ်မှတ်များကို လေကြောင်းမှ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိပြီး ယခုအခါ မဟာမိတ်နိုင်ငံများကလည်း အမေရိကန်၏ စစ်ဆင်ရေးတွင် ပူးပေါင်း ပါဝင်လာခဲ့သည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အမေရိကန်၏ စစ်ဆင်ရေး အရှိန်အဟုန် မြင့်တက် လာခြင်းနှင့်အတူ IS စစ်သွေးကြွ အများအပြား အသေအပျောက် ရှိလာခဲ့သည်။

အာရပ်နိုင်ငံများ ဖြစ်ကြသည့် ဘာရိန်း၊ ဂျော်ဒန်၊ ကာတာ၊ ဆော်ဒီအာရေဗျနှင့် UAE တို့သည် အမေရိကန်၏ လေကြောင်းထိုးစစ်၌ ပါဝင်ကူညီကြပြီး တိုက်လေယာဉ်များ၊ ဗုံးကြဲလေယာဉ် များ၊ မောင်း သူမဲ့ လေယာဉ်များဖြင့် IS အခြေစိုက် စခန်းများ၊ ယာဉ်တန်းများကို တိုက်ခိုက်လျက် ရှိသည်။ ထိုအတော အတွင်း ပင်လယ်ပြင်ရှိ အမေရိကန် စစ်သင်္ဘောများကလည်း Tomahawk ဒုံးကျည်များဖြင့် ပစ်ခတ်လျက် ရှိသည်။

အမေရိကန်၏ ဥရောပ အမာခံ မဟာမိတ် နှစ်နိုင်ငံဖြစ်သည့် ပြင်သစ်နှင့် ဗြိတိန်တို့သည်လည်း ဆီးရီးယား တွင် စစ်ဆင်ရေး မဆင်နွှဲသေးသည့်တိုင် အီရတ်ရှိ IS ပစ်မှတ်များကို လေကြောင်းမှ တိုက်ခိုက်နေ ပြီ ဖြစ်သည်။

အိုဘားမားက “ကျွန်တော်တို့ရဲ့ ပူးပေါင်း လုပ်ဆောင်မှုတွေ ပိုမို အားကောင်း ခိုင်မာလာခြင်းက ဒီတိုက်ပွဲကို အမေရိကန် တစ်နိုင်ငံတည်း တိုက်နေတာ မဟုတ်ဘဲ တစ်ကမ္ဘာလုံး ပူးပေါင်း ပါဝင်နေတယ် ဆိုတာကို ထင်ရှားစေခဲ့ပါတယ်။ အမေရိကန်ကို ဆိုးကျိုးကြုံတွေ့စေဖို့၊ အမေရိကန် နိုင်ငံသားတွေကို အန္တရာယ်ပြုဖို့ ရည်ရွယ်ကြိုးပမ်းသူတိုင်း ဘယ်လို ကြုံတွေ့ရမယ် ဆိုတာကို ရှင်းရှင်းလင်းလင်း သိမြင်စေရပါမယ်။ အမေရိကန် ပြည်သူတွေကို ခြိမ်းခြောက်လာတဲ့ ဘယ်လို အကြမ်းဖက်သမားအတွက်မဆို လုံခြုံတဲ့ နိဗ္ဗာန်ဘုံတစ်ခု မရှိနိုင်တဲ့အကြောင်း ကျွန်တော်တို့ လက်တွေ့ ထင်ဟပ်စေမယ်”ဟု ပြောကြားခဲ့သည်။

အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်က လက်ရှိ စစ်ဆင်ရေးများသည် အလွန်အောင်မြင်မှု ရရှိေ နကြောင်း ကြေညာခဲ့သလို IS အဖွဲ့၏ အခြေစိုက် စခန်းများ၊ ခိုလှုံရာ နေရာများကို တိုက်ရိုက် ထိမှန်နေေ ကြာင်း ဆိုသည်။ အထူးသဖြင့် အီရတ်နှင့် နယ်ခြားဒေသ အနီးတွင် တည်ရှိသည့် ဆီးရီးယားပိုင် ရက်ကာ မြို့ရှိ IS အခြေစိုက် စခန်းများကို ထိထိရောက်ရောက် ဖျက်ဆီးနိုင်ခဲ့ကြောင်း ပင်တဂွန်က ဓာတ်ပုံမှတ်တမ်း များဖြင့် သတင်းထုတ်ပြန် ကြေညာခဲ့သည်။

ဆွန်နီ အစ္စလာမ် ဘာသာဝင် အစိုးရများ အုပ်ချုပ်နေသည့် အာရပ်(၅)နိုင်ငံက IS အဖွဲ့ကို တိုက်ခိုက်နေခြင်း သည် အဆိုပါ အကြမ်းဖက်အဖွဲ့၏ လုပ်ရပ်များ အလွန်အစွန်းရောက် ဆိုးယုတ်မှုကို ထင်ဟပ်စေသည်။ IS အဖွဲ့သည်လည်း အစွန်းရောက် ဆွန်နီ အစ္စလာမ် ဘာသာဝင်များ စုဖွဲ့ထားခြင်း ဖြစ်သည်။ NATO အဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်ပြီး ဆီးရီးယားနှင့် နယ်နိမိတ် ကပ်လျက် တည်ရှိသော တူရကီမှာမူ အဆိုပါ စစ်ဆင်ရေးတွင် ပါဝင်ခြင်း မရှိသေးချေ။ ယင်းမှာလည်း IS အဖွဲ့၏ လက်ထဲတွင် တူရကီနိုင်ငံသား ဓားစာခံ အများအပြား ရှိနေ၍ ဖြစ်နိုင်ကြောင်း နိုင်ငံတကာရေး ရာ လေ့လာသူများက မှတ်ချက်ပြုထားသည်။

အမေရိကန်ကမူ တူရကီကပါ IS အဖွဲ့ကို ပူးပေါင်းတိုက်ခိုက်ရန် တိုက်တွန်းနေဆဲ ဖြစ်သည်။ IS အဖွဲ့သည် အနောက်နိုင်ငံသား ဓားစာခံများနှင့် ရန်သူတော် ကာ့ဒ်တိုက်ခိုက်ရေး အဖွဲ့သားများကို ခေါင်းဖြတ် ကွပ်မျက် သည့် ဗီဒီယိုများ လွှင့်တင်ခြင်းဖြင့် အနောက်အုပ်စုကို ဝါဒဖြန့် ဖိအားပေး ခြိမ်းခြောက်ရန် အားထုတ် ခဲ့သော်လည်း ယခုအခါ ပိုမိုပြင်းထန်သော ထိုးနှက်တိုက်ခိုက်မှုများကို ရင်ဆိုင်လာရပြီ ဖြစ်သည်။

Ref: Businessinsider
7Day DAILY

No comments:

Post a Comment