Wednesday 24 September 2014

မြန်မာနိုင်ငံလူငယ်များအစည်းအရုံးမှ အဖွဲ့ဝင် ၁၇ဦး နုတ်ထွက်

မြန်မာနိုင်ငံလူငယ်များ အစည်းအရုံးမှ ထိပ်ပိုင်းအဖွဲ့ဝင်များနှင့် အဖွဲ့ဝင် ၁၇ ဦး နုတ်ထွက်ခဲ့ပြီး အဖွဲ့ခေါင်းဆောင်၏ စီမံခန့်ခွဲမှုတွင် ငွေကြေးအရှုပ်အရှင်းများရှိနေ၍ နုတ်ထွက်ရခြင်းဖြစ်ကြောင်း လူငယ် များ အစည်းအရုံးအဖွဲ့ အထွေထွေအတွင်းရေးမှူး မဟန်နီလွင်က ပြောကြားသည်။
‘‘အဖွဲ့အစည်းနဲ့လုပ်ပေမယ့် အလှူရှင်တွေဆီက ယူတဲ့ငွေတွေကို စာရင်းမှတ်ထားခြင်းမရှိသလို ငွေ ဘယ်လောက် ထုတ်တယ်ဆိုတာလည်းမသိရဘူး။ သူ့နှုတ်က ပြောမှသိရတယ်။ ငွေထုတ်တဲ့အခါ ဥက္ကဋ္ဌက သူ့မှတ်ပုံတင်နဲ့ မထုတ်ဘူး။ အဖွဲ့ဝင်ထဲက တစ်ယောက်ယောက်ကို ဘဏ္ဍာရေးမှူးဖြစ်ပါတယ်လို့ ပြောပြီး ထုတ်တယ်။ စာရင်းဇယားအတိအကျမရှိဘူး’’ဟု မဟန်နီလွင်က ပြောသည်။

အဖွဲ့အတွင်း ငွေကြေးအရှုပ်အရှင်းများရှိသည်ကို ပထမအ ကြိမ် မြန်မာလူငယ်ရုပ်ရှင်ပွဲတော် ငွေကြေး သုံးစွဲမှု တွင် သိရှိခဲ့ရပြီး ငွေကြေးမည်မျှသုံးစွဲခဲ့သည်၊ မည်သည့်နေရာမှ ငွေကြေးရရှိခဲ့သည် ကို ချပြခိုင်းရာ အဖွဲ့ခေါင်းဆောင်က ဖြေရှင်းပေးခဲ့ခြင်းမရှိပေ။ ထို့အပြင် တာဝန်ယူဖြေရှင်းခြင်းမရှိကြောင်း၊ စုပေါင်း လုပ်ဆောင်ခွင့်မပေးကြောင်း၊ အဖွဲ့ဝင်လူတစ်ဦးချင်းစီ၏ ကိုယ်ရေး ရာဇ၀င်များကို သိရှိထားသော်လည်း ဥက္ကဋ္ဌ၏ ကိုယ်ရေးရာဇ၀င်ကို ယနေ့အချိန်ထိမသိရှိရကြောင်း မဟန်နီလွင်က ပြောသည်။

ဘဏ္ဍာရေးနှင့်ပတ်သက်၍ စည်းမျဉ်းဥပဒေမရှိခြင်း၊ ပထမအကြိမ် လူငယ်ရုပ်ရှင်ပွဲတော်တွင်ဖြစ်ပေါ် ခဲ့သော ပြဿနာများကို တာဝန်ယူဖြေရှင်းမှုမရှိခြင်း၊ အဖွဲ့အတွင်း ငွေကြေးခြစားမှုရှိခြင်း၊ စုပေါင်းခေါင်းဆောင် ခွင့် မပေး ခြင်း၊ အဖွဲ့တစ်ခုလုံးကို ဥက္ကဋ္ဌကချုပ်ကိုင်ဦးစီးထားခြင်း၊ ကောလာ ဟလများကို ဖြေရှင်း ထုတ်ပြန်ရန် တိုက်တွန်းသော်လည်း မထုတ်ပြန်ခြင်းတို့ကြောင့် နုတ်ထွက်ရ ခြင်းဖြစ်သည် ဟု နုတ်ထွက် သူများ က ဆိုသည်။

‘‘အဖွဲ့အစည်းရဲ့ သဘောသ ဘာဝက ကွဲပြားတာတွေရှိမှာပဲ။ ကျွန်တော်တို့ အဖွဲ့မှာ လူပေါင်း ၂၀၀ ကျော်လောက်ရှိပါတယ်။ အခုအဖွဲ့ကလည်း သဘောထား ကွဲလွဲလို့ ထွက်သွားကြတယ်လို့ပဲ မှတ် ပါတယ်။ ကျွန်တော်တို့မှာ နှစ် ချုပ်စာရင်းတွေ၊ လချုပ်စာရင်း ရှင်းတမ်းတွေရှိပါတယ်။ အဖွဲ့ကို အားကောင်း သွားအောင် လုပ် သွားမှာပါ’’ဟု ငွေကြေးအရှုပ်အရှင်းများရှိသည်ဟု စွပ်စွဲခံရသူအဖွဲ့ ဥက္ကဋ္ဌ ကိုဇွဲရန်နိုင် က ပြောသည်။ 

လွန်ခဲ့သော သုံးနှစ်ခန့်က ဖွဲ့ စည်းခဲ့သော အဆိုပါအဖွဲ့မှ အ ထွေထွေအတွင်းရေးမှူး၊ ဗဟိုအလုပ် အမှုဆောင်နှင့် အဖွဲ့ဝင်များ သည် ယခုလ ၁၂ ရက်က နုတ် ထွက်ခဲ့ခြင်း ဖြစ်သည်။ နုတ်ထွက် ခဲ့သူ အဖွဲ့ဝင်များသည် ရန်ကုန်၊ လှည်းကူးနှင့် လပွတ္တာမြို့နယ်တို့တွင် လူမှုရေးလုပ်ငန်းလုပ်ဆောင်နေသည့် သူများ ဖြစ်သည်။ 

‘‘ကွဲတာတော့ မကောင်းဘူးလို့ မြင်တယ်။ နိုင်ငံရေးတည် ဆောက်ရေး၊ ဖွံ့ဖြိုးရေးအပိုင်း တွေမှာရော စည်း လုံး ညီညွတ်မှုက လိုတယ်။ အမြင်သဘောမတူညီ ကြဘူးဆိုရင် ညှိနှိုင်းသွားသင့် တယ်လို့ မြင်ပါတယ်။ သဘော ထား မတိုက်ဆိုင်တာမျိုးနဲ့ ကွဲတာ မဟုတ်ဘဲ ငွေကြေးအရှုပ်အရှင်း ဆိုတာကတော့ မဖြစ်သင့်ဘူး’’ ဟု လူငယ်နှင့် ငြိမ်းချမ်းရေးစသည့် လူမှုရေးလုပ်ငန်းများနှင့် လူငယ် ရေးရာများကို လုပ်ဆောင်နေသူ Generation Wave မှ ကိုဘိုဘိုက ပြောသည်။

အဆိုပါအဖွဲ့သည် လူငယ် ရေးရာနှင့်ပတ်သက်၍ သင်တန်း ပေးခြင်းနှင့် အခြားလူမှုရေးလုပ် ငန်းများ လုပ်ဆောင်နေ သည့် အဖွဲ့ဖြစ်ပြီး အဖွဲ့တည်ထောင်သည်မှာ သုံးနှစ်ခန့်ရှိပြီး အဖွဲ့ဝင်အထွက်၊ အ၀င်များ လည်း ရှိသည်ဟု သတင်းရရှိသည်။

7day

No comments:

Post a Comment