Friday, 11 April 2014

ကချင်ပြည်နယ်တွင် တိုက်ပွဲ ၂ ရက် ဆက်တိုက်ဖြစ်

Photo: ကချင်ပြည်နယ်တွင် တိုက်ပွဲ ၂ ရက် ဆက်တိုက်ဖြစ်
Friday, April 11, 2014

ကချင်ပြည်နယ် မန်စီမြို.နယ် မန့်ဝိန်းကြီးဒေသတ၀ိုက်တွင် ဧပြီ ၁၀ ရက်နေ့မှ စတင်ကာ ဒီနေ့နံနက်ပိုင်းအထိ စစ်တပ်နဲ့ ကေအိုင်အေအကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေကြောင်း ကချင်ပြည်နယ် ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလမိုင်ဂွန်ဂျာက ဒီဗွီဘီကို ပြောပါတယ်။

အစိုးရစစ်တပ်မှ သန်းခေါင်စာရင်း ကောက်ယူရန်အတွက် သွားရောက်ခြင်း ဖြစ်ပြီး ကေအိုင်အေတပ်ဖွဲ့နဲ့ တွေ့ဆုံရာမှ ဧပြီ ၁၀ ရက်နေ့တွင် လခတ်ရန်နဲ့ နန့်လုံဒေသများတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ဒီမနက်ပိုင်းမှာတော့ နောင်းလုံနဲ့ လွယ်ခေါ့ချီ စသည့်ဒေသများတွင် တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ ဦးလမိုင်ဂွန်ဂျာက ဆိုပါတယ်။
လက်ရှိ တိုက်ပွဲ ဖြစ်ပွားနေသောဒေသများမှာ တရုတ်မြန်မာနယ်စပ်ရှိ စစ်ပြေး ဒုက္ခသည် စခန်းများနဲ့ နီးစပ်နေပြီး စစ်ပွဲကြောင့် ဒုက္ခသည်များ ပြောင်းရွှေ့နေရတယ်လို့ အကူအညီ ပေးသူတွေက ဆိုပါတယ်။

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ မြန်မာငြိမ်းချမ်းရေးစင်တာမှာ အပစ်အခတ် ရပ်စဲရေးစာချုပ်အတွက် ဧပြီ ၅ ရက်နေ့မှ ၈ ရက်နေ့အထိ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး ၃ ရက်အကြာ ကချင်ပြည်နယ်မှာ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေခြင်း ဖြစ်ပါတယ်။

DVB

တိုက်ပွဲတွေ ဖြစ်ပွားမှုကြောင့် ကချင်ဒုတ္ခသည်များ တရုတ်ဖက်ခြမ်းသို့ ၀င်ရောက်စဉ် တရုတ်စစ်သားများ တားဆီး (ဓာတ်ပုံ – စိုင်းဇင်မင်းအေး)
ကချင်ပြည်နယ် မန်စီမြို.နယ် မန့်ဝိန်းကြီးဒေသတ၀ိုက်တွင် ဧပြီ ၁၀ ရက်နေ့မှ စတင်ကာ ဒီနေ့နံနက်ပိုင်း အထိ စစ်တပ်နဲ့ ကေအိုင်အေအကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေကြောင်း ကချင်ပြည်နယ် ငြိမ်း ချမ်းရေး အကျိုးဆောင် ဦးလမိုင်ဂွန်ဂျာက ဒီဗွီဘီကို ပြောပါတယ်။
အစိုးရစစ်တပ်မှ သန်းခေါင်စာရင်း ကောက်ယူရန်အတွက် သွားရောက်ခြင်း ဖြစ်ပြီး ကေအိုင်အေ တပ်ဖွဲ့ နဲ့ တွေ့ ဆုံရာမှ ဧပြီ ၁၀ ရက်နေ့တွင် လခတ်ရန်နဲ့ နန့်လုံဒေသများတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ဒီမနက်ပိုင်း မှာတော့ နောင်းလုံနဲ့ လွယ်ခေါ့ချီ စသည့်ဒေသများတွင် တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ ဦးလမိုင်ဂွန်ဂျာက ဆိုပါတယ်။ လက်ရှိ တိုက်ပွဲ ဖြစ်ပွားနေသောဒေသများမှာ တရုတ်မြန်မာနယ်စပ်ရှိ စစ်ပြေး ဒုက္ခသည် စခန်းများနဲ့ နီးစပ်နေပြီး စစ်ပွဲကြောင့် ဒုက္ခသည်များ ပြောင်းရွှေ့နေရတယ်လို့ အကူအညီ ပေးသူတွေက ဆိုပါတယ်။

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ မြန်မာငြိမ်းချမ်းရေးစင်တာမှာ အပစ်အခတ် ရပ်စဲရေးစာချုပ် အတွက် ဧပြီ ၅ ရက်နေ့မှ ၈ ရက်နေ့အထိ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး ၃ ရက်အကြာ ကချင်ပြည်နယ်မှာ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေခြင်း ဖြစ်ပါတယ်။

DVB

တိုက်ပွဲတွေ ဖြစ်ပွားမှုကြောင့် ကချင်ဒုတ္ခသည်များ တရုတ်ဖက်ခြမ်းသို့ ၀င်ရောက်စဉ် တရုတ်စစ်သားများ တားဆီး (ဓာတ်ပုံ – စိုင်းဇင်မင်းအေး)

No comments:

Post a comment