Friday 11 April 2014

မီတာခ တိုးမြှင့်ခြင်းဂယက် အင်တာနက်ဆိုင်အချို့ ဝန်ဆောင်ခတက်ရန်ပြင်

တာခတိုးမြှင့်လိုက်သည့်အတွက် အင်တာနက်ဆိုင်အချို့ ဝန်ဆောင်ခနှုန်းထားမြှင့်တင်ရန် စီစဉ်နေသည်ဟု အဆိုပါအသိုင်းအဝိုင်းမှ သိရသည်။ ”ဝင်ငွေမကောင်းရတဲ့ အ ထဲ မီတာခထပ်တက်ပြီဆိုတော့ လက်ရှိပုံစံ အတိုင်းတော့ သွားလို့မရတော့ဘူး။ ဒီလ မီတာခအခြေ အနေကိုကြည့်ပြီး ဈေး တက်ရင် တက်မှာပါ”ဟု ပုဇွန်တောင်မြို့နယ်မှ IT Link အင်တာနက်ဆိုင်ပိုင်ရှင်က ပြောသည်။
မြန်နှုန်းကောင်းမွန်ရေးအတွက် အင်တာနက်ကောင်းကောင်း သုံးစွဲနိုင်သည့် လိုင်းမျိုးစုံချိတ်ဆက် ထားကြောင်း၊ မြန်နှုန်း ကိုလည်း အမြင့်ဆုံး အနေအထားအထိ ယူထားေ ပးကြောင်း၊ ယင်းကြောင့် လစဉ်ပေး သွင်းရသည့်ငွေနှင့် ညီမျှမှုရှိရေးအတွက် ဝန်ဆောင် ခတက်ရန်ဖြစ်နိုင် သည့်အနေအထားတွင် ရှိနေကြောင်း ကျောက်တံတားမြို့နယ် မှ အင်တာနက်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

လက်ရှိတွင် အင်တာနက်ဆိုင်အများစုမှာ သုံးစွဲသူနည်းပါးလာသည့် အတွက် နိုင်ငံတကာကို ဖုန်းခေါ် ဆိုသည့် ကတ်များ၊ ဂိမ်းများကို ပူးတွဲလုပ်ကိုင်လာကြပြီး လစဉ်ပေးသွင်းရသည့် အင်တာနက်လစဉ်ကြေး၊ ဆိုင်ငှားရမ်းခနှုန်းထား စသည့်ပေးသွင်းငွေများကို ရှာဖွေနေရသည့် အခြေ အေ နဖြစ်ပေါ်နေသည် ဟု အထက်ပါပုဂ္ဂိုလ်က ဆက်ပြောသည်။

”ငွေကြေးရင်းနှီးမှုများလို့သာ ဒီလုပ်ငန်းကို ဆက်လုပ်နေတာပါ။ နည်းရင်ဖြုတ်တာကြာပြီ။ မီးမမှန်၊ လူမဝင်နဲ့ မရှုံးအောင်လုပ်ကိုင်နေရ တာပါ”ဟု မင်္ဂလာတောင်ညွန့်မြို့ နယ်မှ Joker အင်တာနက်ဆိုင် ပိုင်ရှင်က ပြောသည်။

ဝန်ဆောင်ခနှုန်းထား ပိုကောက် မည်ဆိုပါကလည်း လက်ရှိနှုန်းထားထက် အနည်းငယ်သာပို သည့်နှုန်းကို သာတက် မည်ဖြစ်ကြောင်း သက်ဆိုင်ရာ အင်တာနက်ဝန်ဆောင်မှုပေးသည့်ဌာန၊ ကုမ္ပဏီများမှ လစဉ်ကြေး၊ နှစ် စဉ်ကြေးများ လျှော့ချမှုများရှိပါက တိုးမြှင့်ကောက် ခံမှု ပြု လုပ် မည် မဟုတ်ကြောင်း ဝန်ဆောင် မှုကောင်းကောင်းပေး၍ ဝန်ဆောင်ခနှုန်းထားကို တက်မည်ဖြစ်ကြောင်း အင်တာ နက်ဆိုင်ပိုင် ရှင် အချို့မှ ပြောပြချက်အရ သိရသည်။ လက်ရှိတွင် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ လျှပ်စစ်မီတာခနှုန်း ထားကို ယခုလမှစ၍ တိုးမြှင့်ကောက်ခံမည်ဟု ထုတ်ပြန်ထားသည်။

Popular Myanmar News Journal

No comments:

Post a Comment