Thursday 10 April 2014

မတ် ၃၀ ရက်မှ ဧပြီ ၈ ရက်အထိ တစ်နိုင်ငံလုံး၌ အိမ်ထောင်စု ၁၀ သန်းကျော် သန်းခေါင်စာရင်း ကောက်ယူပြီးဖြစ်

ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို မတ် ၃၀ ရက်မှ စတင်ကောက်ယူခဲ့ခြင်းဖြစ်ပြီး ဧပြီ ၈ ရက်အထိ တစ်နိုင်ငံလုံး၌ အိမ်ထောင်စု ၁၀,၀၇၈,၈၅၅ စု ကောက်ယူပြီးစီး နေပြီဖြစ်ကြောင်း ဧပြီ ၉ ရက် ညပိုင်းက မြန်မာ့ရုပ်မြင်သံကြား သတင်းတွင် ဖော်ပြထားချက်အရ သိရသည်။
ပြည်နယ်အလိုက် ကောက်ယူပြီးစီးမှုမှာ ကချင်ပြည်နယ်တွင် အိမ်ထောင်စု ၂၃၁,၃၃၃ စု၊ ကယားပြည်နယ် တွင် ၅၁,၁၄၇ စု၊ ကရင်ပြည်နယ်တွင် ၂၈၄,၀၂၉ စု၊ ချင်းပြည်နယ်တွင် ၇၅,၅၁၅ စု၊ မွန်ပြည်နယ်တွင် ၃၉၈,၂၄၂ စု၊ ရခိုင်ပြည်နယ်တွင် ၄၃၉,၃၅၉ စု၊ ရှမ်းပြည်နယ် တောင်ပိုင်းတွင် ၄၇၂,၀၁၈ စု၊ ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် ၁၁၀,၂၇၆ စု၊ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ၃၆၁,၈၀၀ စု ကောက်ယူပြီး စီးနေပြီဖြစ်ေ ကြာင်း သိရသည်။

ထို့ပြင် တိုင်းဒေသကြီးအလိုက် ကောက်ယူပြီးစီးမှုမှာ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁,၀၄၃,၆၆၀ စု၊ တနင်္သာရီ တိုင်းဒေသကြီးတွင် ၂၆၆,၄၉၈ စု၊ ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်းတွင် ၆၀၇,၉၅၈ စု၊ ပဲခူး တိုင်းဒေ သကြီး အနောက်ပိုင်းတွင် ၄၇၉,၃၀၉ စု၊ မကွေးတိုင်းဒေသကြီးတွင် ၈၅၉,၀၀၆ စု၊ မန္တလေး တိုင်းဒေ သကြီးတွင် ၁,၂၃၈,၅၂၄ စု၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၁,၅၃၆,၁၇၆ စု၊ ဧရာဝတီ တိုင်း ဒေသကြီးတွင် ၁,၃၇၅,၈၉၁ စု၊ နေပြည်တော် ကောင်စီနယ်မြေတွင် ၂၄၈,၁၁၄ စုတို့ဖြစ်သည်။

ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းများကို ဧပြီ ၁၀ ရက်အထိ ဆက်လက်ကောက်ယူ သွားမည်ဖြစ်ပြီး ဧပြီ  ၁၀ ရက်အထိ မိမိအိမ်ထောင်စု/အဖွဲ့အစည်းများတွင် သန်းခေါင်စာရင်း လာရောက်ကောက်ယူခြင်း မခံရသေးပါက နီးစပ်ရာ သန်းခေါင်စာရင်း ကွပ်ကဲမှုရုံးများသို့ အကြောင်းကြား၍ သန်းခေါင်စာရင်း အကောက်ခံနိုင်ရေး ဆောင်ရွက်ကြရန်လည်း ဗဟိုသန်းခေါင်စာရင်း ကော်မရှင် က နှိုးဆော်ထားသည်။

သန်းခေါင်စာရင်းကောက်ယူရန် ခက်ခဲသည့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်း ဒေသများ၌ တပ်မတော် ၏ လုံခြုံရေးအကူအညီရယူ၍ သန်းခေါင်စာရင်း ကောက်ယူရေး အဖွဲ့များက စာရင်းကောက်ယူ မှု ပြုလုပ်ခဲ့ရာ ဧပြီ ၃ ရက်မှ ဧပြီ ၉ ရက်အထိ ၅၃,၃၂၁ ဦးအား စာရင်းကောက်ယူ ပြီးစီးခဲ့ပြီးဖြစ်သည်။

Eleven Media Group

No comments:

Post a Comment