Thursday 10 April 2014

ယူကရိန်းက ခွဲထွက်လိုတဲ့ ယူကရိန်းအရှေ့ပိုင်းဒေသခံတွေနဲ့ အာဏာပိုင်တွေကြား ဆွေးနွေး

Photo: ယူကရိန်းက ခွဲထွက်လိုတဲ့ ယူကရိန်းအရှေ့ပိုင်းဒေသခံတွေနဲ့ အာဏာပိုင်တွေကြား ဆွေးနွေး
Thursday, April 10, 2014

ယူကရိန်းနိုင်ငံက ခွဲထွက်လိုကြတဲ့ ယူကရိန်းအရှေ့ပိုင်းဒေသခံတွေနဲ့ ယူကရိန်း အာဏာပိုင်တွေကြား ဒီးငှက်စ်မြို့မှာ ဆက်လက်ဆွေးနွေးနေကြတုန်းလို့ ဒီးငှက်စ်မြို့ အုပ်ချုပ်ရေးရုံးကို သိမ်းပိုက်ထားတဲ့ ရုရှားလိုလားသူတွေ ဧပြီ ၉ ရက်နေ့က ပြောကြားခဲ့ပါတယ်။

ဆွေးနွေးပွဲကို တက်ရောက်နေတဲ့ ခွဲထွက်ရေးလိုလားသူ ဒယ်နစ်ပူစ်ရှလင်က မေ ၁၁ ရက်နေ့ ဆန္ဒခံယူပွဲကို ကျင်းပဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

အခု လောလောဆယ် ယူကရိန်းနိုင်ငံက ခွဲထွက်မလား၊ တခြားနိုင်ငံနဲ့ ပူးပေါင်းမလား၊ ကိုယ်ပိုင်လွတ်လပ်ရေးကိုပဲ ကြေညာမလား အဲဒီအခြေခံ ၃ ချက်ကို ဆန္ဒခံယူဖို့ စီစဉ်ထားတယ် လို့ ရုရှားလိုလားသူတွေ သိမ်းပိုက်ထားတဲ့ ဒီးငှက်စ်မြို့အုပ်ချုပ်ရေးရုံးမှာ ပြုလုပ်ထားတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဒီးငှက်စ်မြို့အုပ်ချုပ်ရေးရုံးဟာ ရုရှားလိုလားသူ ဒီးငှက်စ်မြို့ခံတွေ ပြီးခဲ့တဲ့ ဧပြီ ၆ ရက်နေ့က သိမ်းပိုက်ထားတဲ့ အစိုးရအဆောက်အဦး ၃ ခုထဲက တခု ဖြစ်ပါတယ်။

ယူကရိန်းပြည်ထဲရေးဝန်ကြီး အာဆင် အဗာကော့လ် (Arsen Avakov)က ပြဿနာကို ဆွေးနွေး ညှိနှိုင်းတဲ့နည်းနဲ့ အဖြေရှာဖို့ ကြိုးစားနေပြီး ၄၈ နာရီအတွင်း မပြတ်ရင် အင်အားသုံးမယ်လို့ ဆိုပါတယ်။

အုပ်ချုပ်ရေးရုံးကို သိမ်းပိုက်ထားသူ ဒီးငှက်စ်မြို့ခံတွေက ယူကရိန်းအစိုးရရဲ့ အင်အားသုံးမှာကို မျှော်လင့်ထားပြီး သူတို့တွေကလည်း ပြန်ခုခံမယ်လို့ ဒယ်နစ် ပူစ်ရှလင်က ပြောပါတယ်။

ခွဲထွက်ရေးအဖွဲ့ကိုယ်စားလှယ် ဒယ်နစ် ပူစ်ရှလင်က ယူကရိန်းအစိုးရက စွပ်စွဲနေတဲ့ ဆန္ဒပြသူတွေဟာ ယူကရိန်းနိုင်ငံ ပြိုကွဲဖို့ ဖန်တီးနေသူတွေလို့ ပြောဆိုမှုကို ငြင်းဆန်ခဲ့ပြီး

ဒီပြဿနာတွေကို ဖန်တီးသူဟာ ကီယက်အစိုးရသာ ဖြစ်တယ်လို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

ဒီပြဿတွေအားလုံးကို ရုရှားနိုင်ငံက စီစဉ်နေတာ ဖြစ်တယ်ဆိုတဲ့ ယူကရိန်းအစိုးရက စွပ်စွဲထားပေမယ့် ရုရှားနိုင်ငံကတော့ စွပ်စွဲချက်ကို ငြင်းဆန်ထားပါတယ်။

DVB
ယူကရိန်းနိုင်ငံက ခွဲထွက်လိုကြတဲ့ ယူကရိန်းအရှေ့ပိုင်းဒေသခံတွေနဲ့ ယူကရိန်း အာဏာပိုင်တွေကြား ဒီးငှက်စ်မြို့မှာ ဆက်လက်ဆွေးနွေးနေကြတုန်းလို့ ဒီးငှက်စ်မြို့ အုပ်ချုပ်ရေးရုံးကို သိမ်းပိုက်ထားတဲ့ ရုရှားလိုလားသူတွေ ဧပြီ ၉ ရက်နေ့က ပြောကြားခဲ့ပါတယ်။
ဆွေးနွေးပွဲကို တက်ရောက်နေတဲ့ ခွဲထွက်ရေးလိုလားသူ ဒယ်နစ်ပူစ်ရှလင်က မေ ၁၁ ရက်နေ့ ဆန္ဒခံယူပွဲကို ကျင်းပဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

အခု လောလောဆယ် ယူကရိန်းနိုင်ငံက ခွဲထွက်မလား၊ တခြားနိုင်ငံနဲ့ ပူးပေါင်းမလား၊ ကိုယ်ပိုင် လွတ်လပ်ရေး ကိုပဲ ကြေညာမလား အဲဒီအခြေခံ ၃ ချက်ကို ဆန္ဒခံယူဖို့ စီစဉ်ထားတယ် လို့ ရုရှားလိုလား သူတွေ သိမ်းပိုက်ထားတဲ့ ဒီးငှက်စ်မြို့အုပ်ချုပ်ရေးရုံးမှာ ပြုလုပ်ထားတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြား ခဲ့ပါတယ်။

ဒီးငှက်စ်မြို့အုပ်ချုပ်ရေးရုံးဟာ ရုရှားလိုလားသူ ဒီးငှက်စ်မြို့ခံတွေ ပြီးခဲ့တဲ့ ဧပြီ ၆ ရက်နေ့က သိမ်းပိုက်ထား တဲ့ အစိုးရအဆောက်အဦး ၃ ခုထဲက တခု ဖြစ်ပါတယ်။

ယူကရိန်းပြည်ထဲရေးဝန်ကြီး အာဆင် အဗာကော့လ် (Arsen Avakov)က ပြဿနာကို ဆွေးနွေး ညှိနှိုင်းတဲ့ နည်းနဲ့ အဖြေရှာဖို့ ကြိုးစားနေပြီး ၄၈ နာရီအတွင်း မပြတ်ရင် အင်အားသုံးမယ်လို့ ဆိုပါတယ်။

အုပ်ချုပ်ရေးရုံးကို သိမ်းပိုက်ထားသူ ဒီးငှက်စ်မြို့ခံတွေက ယူကရိန်းအစိုးရရဲ့ အင်အားသုံးမှာကို မျှော်လင့် ထားပြီး သူတို့တွေကလည်း ပြန်ခုခံမယ်လို့ ဒယ်နစ် ပူစ်ရှလင်က ပြောပါတယ်။

ခွဲထွက်ရေးအဖွဲ့ကိုယ်စားလှယ် ဒယ်နစ် ပူစ်ရှလင်က ယူကရိန်းအစိုးရက စွပ်စွဲနေတဲ့ ဆန္ဒပြသူတွေဟာ ယူကရိန်းနိုင်ငံ ပြိုကွဲဖို့ ဖန်တီးနေသူတွေလို့ ပြောဆိုမှုကို ငြင်းဆန်ခဲ့ပြီး

ဒီပြဿနာတွေကို ဖန်တီးသူဟာ ကီယက်အစိုးရသာ ဖြစ်တယ်လို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

ဒီပြဿတွေအားလုံးကို ရုရှားနိုင်ငံက စီစဉ်နေတာ ဖြစ်တယ်ဆိုတဲ့ ယူကရိန်းအစိုးရက စွပ်စွဲထားပေမယ့် ရုရှားနိုင်ငံ ကတော့ စွပ်စွဲချက်ကို ငြင်းဆန်ထားပါတယ်။

DVB

No comments:

Post a Comment