Thursday 10 April 2014

KIA အဖွဲ့မှ ပယင်းမှော်အတွင်း သန်းခေါင်စာရင်း ကောက်ယူမည်ကို မလို လား၍ ခြိမ်းခြောက်နှင်ထုတ်မှုကြောင့် တနိုင်းမြို့သို့ မှော်သူမှော်သားများ ထွက်ပြေးတိမ်းရှောင်

Photo: KIA အဖွဲ့မှ ပယင်းမှော်အတွင်း သန်းခေါင်စာရင်း ကောက်ယူမည်ကို မလို လား၍ ခြိမ်းခြောက်နှင်ထုတ်မှုကြောင့် တနိုင်းမြို့သို့ မှော်သူမှော်သားများ ထွက်ပြေးတိမ်းရှောင်
Thursday, April 10, 2014

ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်တွင် လုပ်ကိုင်နေသော မှော်သူမှော်သားများအား KIA အဖွဲ့မှ အေပြီ ၂ ရက်နေ့မှစ၍ လာရောက်ခြိမ်းခြောက်နှင်ထုတ်နေမှုကြောင့် တနိုင်းမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာကြဆဲ ဖြစ်ကြောင်း ယင်းမြို့ခံများထံမှ သိရ သည်။
ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူမှုအား မတ်လ ၃၀ ရက်နေ့မှစ၍ ကောက်ယူလျက်ရှိရာ တနိုင်းမြို့ နယ်အတွင်းရှိ ပယင်းမှော် လုပ်ငန်းခွင်ထဲမှ မှော်သူမှော်သားများအား ယနေ့အချိန်ထိ ကောက်ယူနိုင်ခြင်း မရှိသေးကြောင်း မြို့နယ် လ၀ကရုံးမှ ဦးစီးအရာရှိတစ်ဦးက ပြောသည်။

သန်းခေါင်စာရင်း ကောက်ယူမှုအပေါ် ကချင်ပြည်နယ် KIO ထိန်းချုပ်နယ်မြေများ၌ KIO/KIA ခေါင်းဆောင်ပိုင်း က နယ်မြေဒေသ မအေးချမ်းမှုကို အကြောင်းပြကာ ကောက်ခံရန် ငြင်းပယ်ခဲ့သလို ၎င်းတို့ ထိန်းချုပ်နယ်မြေ မဟုတ်သော ကျေးရွာများအထိပါ သန်းခေါင်စာရင်း မကောက်ရန် လာရောက်ခြိမ်းခြောက်တားမြစ်နေကြောင်း မန်စီမြို့နယ်တွင် သန်းခေါင်စာရင်း ကောက်ယူနေသော ဆရာမတစ်ဦး၏ ပြောပြချက်အရ သိရသည်။

“ ဒီနေ့ဟာ သန်းခေါင်စာရင်းကောက်ယူရမယ့် နောက်ဆုံးရက်ပါ၊ အခုချိန်ထိ ကချင်ပြည်နယ်ထဲမှာ သန်းခေါင် စာရင်း မကောက်နိုင်သေးတဲ့နေရာတွေ အများကြီးကျန်ပါသေးတယ်၊ ညှိနှိုင်းတာလည်း အဆင်မပြေပါဘူး၊ ဒီကြားထဲ သန်းခေါင်စာရင်းကောက်တဲ့ ၀န်ထမ်းတွေကို လုံခြုံရေးလိုက်ပေးတဲ့ အစိုးရတပ်က ဒုတပ်ရင်းမှူးကို ကချင်အဖွဲ့က ချောင်းပစ်လို့ ကျသွားတယ်၊ တိုက်ပွဲတွေ ပြန်ဖြစ်မယ်ဆိုပြီး အကြောင်းပြချက်နဲ့ ကောက်လို့ မရပါဘူး ” ဟု တနိုင်းမြို့ခံ ဆရာတစ်ဦးက ဆိုသည်။

တနိုင်းမြို့နယ်အတွင်းရှိ ရွာလေးရွာအပါအ၀င် ပယင်းမှော်လုပ်ငန်းခွင်မှ မှော်သူမှော်သားများအား သန်းခေါင်စာရင်း ကောက်ယူရန် KIA က လက်မခံဘဲ လာကောက်ပါက ပစ်ခတ်တိုက်ခိုက်မည်ဟု ခြိမ်းခြောက် ထား၍ သန်းခေါင်စာရင်းကောက်အဖွဲ့များလည်း မသွားနိုင်ပဲ ဖြစ်နေကြောင်း အဆိုပါအဖွဲ့မှ လ၀က ဦးစီးအရာရှိက ပြောသည်။

“ ပယင်းမှော်ထဲက မှော်သူမှော်သားတွေ ထွက်ပြေးလာတာ KIA ကနှင်ထုတ် လို့ပါ ၊ အဲဒီမှော်ထဲကို သန်းခေါင် စာရင်းလာမကောက်နိုင်အောင် KIA က လှည့်ကွက်သုံးလိုက်တာပါ၊ တိုက်ပွဲတွေ ပြန်ဖြစ်တော့မယ်ဆိုပြီး ပြောတော့ ကြောက်လန့်ပြီး ပြန်ပြေးလာကြတာပေါ့၊ အစိုးရတပ်တွေလာတယ် ဆိုတာက လည်း သန်းခေါင်စာရင်း ကောက်နေတဲ့ ၀န်ထမ်းတွေ အန္တရာယ်မရှိအောင် လုံခြုံရေး လုပ်ပေးတာပါ၊ KIA ကို ညှိနှိုင်းပေမယ့် လက်မခံပဲ ပစ်ခတ်တာတွေ၊ ခြိမ်းခြောက်တာတွေ လုပ်နေတာကြောင့် အစိုးရတပ်တွေ လိုက်ပေးနေရ တာလို့ ပြောချင်ပါ တယ်၊ တကယ်တော့ ဒီသန်းခေါင်စာရင်း ကောက်တယ် ဆိုတာ စစ်ရေးစစ်ရာနဲ့ မဆိုင်ပါဘူး၊ နိုင်ငံဖွံ့ဖြိုးရေးလုပ် ငန်းတွေအတွက် ကောက်တာပါ၊ ဒါပေမယ့် ဒီဒေသမှာတော့ KIA ကသန်းခေါင်စာရင်း အကောက်မခံတဲ့ အတွက် ဖွံ့ဖြိုးရေးလုပ်ငန်းတွေ နောက်ကျကျန်နေ ခဲ့တော့မှာပါ ” ဟု မြို့နယ် လ၀ကရုံးမှ ဦးစီးအရာရှိ တစ်ဦးက ပြောကြား ခဲ့ပါသည်။ 

ကေကေ (တနိုင်း)
Credit : KDN
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်တွင် လုပ်ကိုင်နေသော မှော်သူမှော်သားများအား KIA အဖွဲ့မှ အေပြီ ၂ ရက်နေ့မှစ၍ လာရောက်ခြိမ်းခြောက်နှင်ထုတ်နေမှုကြောင့် တနိုင်းမြို့ပေါ်သို့ ထွက်ပြေး တိမ်းရှောင် လာကြဆဲ ဖြစ်ကြောင်း ယင်းမြို့ခံများထံမှ သိရ သည်။
ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူမှုအား မတ်လ ၃၀ ရက်နေ့မှစ၍ ကောက်ယူလျက်ရှိရာ တနိုင်းမြို့ နယ်အတွင်းရှိ ပယင်းမှော် လုပ်ငန်းခွင်ထဲမှ မှော်သူမှော်သားများအား ယနေ့အချိန်ထိ ကောက် ယူနိုင်ခြင်း မရှိသေးကြောင်း မြို့နယ် လ၀ကရုံးမှ ဦးစီးအရာရှိတစ်ဦးက ပြောသည်။

သန်းခေါင်စာရင်း ကောက်ယူမှုအပေါ် ကချင်ပြည်နယ် KIO ထိန်းချုပ်နယ်မြေများ၌ KIO/KIA ခေါင်းဆောင် ပိုင်း က နယ်မြေဒေသ မအေးချမ်းမှုကို အကြောင်းပြကာ ကောက်ခံ ရန် ငြင်းပယ်ခဲ့သလို ၎င်းတို့ ထိန်းချုပ် နယ်မြေ မဟုတ်သော ကျေးရွာများအထိပါ သန်းခေါင်စာရင်း မကောက်ရန် လာရောက်ခြိမ်းခြောက် တားမြစ်နေကြောင်း မန်စီမြို့နယ်တွင် သန်းခေါင်စာရင်း ကောက်ယူနေသော ဆရာမတစ်ဦး၏ ပြောပြချက် အရ သိရသည်။

“ ဒီနေ့ဟာ သန်းခေါင်စာရင်းကောက်ယူရမယ့် နောက်ဆုံးရက်ပါ၊ အခုချိန်ထိ ကချင်ပြည်နယ်ထဲမှာ သန်းခေါင် စာရင်း မကောက်နိုင်သေးတဲ့နေရာတွေ အများကြီးကျန်ပါသေးတယ်၊ ညှိနှိုင်းတာလည်း အဆင် မပြေပါဘူး၊ ဒီကြားထဲ သန်းခေါင်စာရင်းကောက်တဲ့ ၀န်ထမ်းတွေကို လုံခြုံရေးလိုက်ပေးတဲ့ အစိုးရတပ်က ဒုတပ်ရင်းမှူးကို ကချင်အဖွဲ့က ချောင်းပစ်လို့ ကျသွားတယ်၊ တိုက်ပွဲတွေ ပြန်ဖြစ်မယ်ဆိုပြီး အကြောင်းပြ ချက်နဲ့ ကောက်လို့ မရပါဘူး ” ဟု တနိုင်းမြို့ခံ ဆရာတစ်ဦးက ဆိုသည်။

တနိုင်းမြို့နယ်အတွင်းရှိ ရွာလေးရွာအပါအ၀င် ပယင်းမှော်လုပ်ငန်းခွင်မှ မှော်သူမှော်သားများအား သန်းခေါင်စာရင်း ကောက်ယူရန် KIA က လက်မခံဘဲ လာကောက်ပါက ပစ်ခတ်တိုက်ခိုက်မည်ဟု ခြိမ်းခြောက် ထား၍ သန်းခေါင်စာရင်းကောက်အဖွဲ့များလည်း မသွားနိုင်ပဲ ဖြစ်နေကြောင်း အဆိုပါအဖွဲ့မှ လ၀က ဦးစီးအရာရှိက ပြောသည်။

“ ပယင်းမှော်ထဲက မှော်သူမှော်သားတွေ ထွက်ပြေးလာတာ KIA ကနှင်ထုတ် လို့ပါ ၊ အဲဒီမှော်ထဲကို သန်းခေါင် စာရင်းလာမကောက်နိုင်အောင် KIA က လှည့်ကွက်သုံးလိုက်တာပါ၊ တိုက်ပွဲတွေ ပြန်ဖြစ်တော့ မယ်ဆိုပြီး ပြောတော့ ကြောက်လန့်ပြီး ပြန်ပြေးလာကြတာပေါ့၊ အစိုးရတပ်တွေလာတယ် ဆိုတာက လည်း သန်းခေါင်စာရင်း ကောက်နေတဲ့ ၀န်ထမ်းတွေ အန္တရာယ်မရှိအောင် လုံခြုံရေး လုပ်ပေးတာပါ၊ KIA ကို ညှိနှို င်းပေမယ့် လက်မခံပဲ ပစ်ခတ်တာတွေ၊ ခြိမ်းခြောက်တာတွေ လုပ်နေတာကြောင့် အစိုးရတပ်တွေ လိုက်ပေးနေရ တာလို့ ပြောချင်ပါ တယ်၊ တကယ်တော့ ဒီသန်းခေါင်စာရင်း ကောက်တယ် ဆိုတာ စစ်ရေးစစ်ရာနဲ့ မဆိုင်ပါဘူး၊ နိုင်ငံဖွံ့ဖြိုးရေးလုပ် ငန်းတွေအတွက် ကောက်တာပါ၊ ဒါပေမယ့် ဒီဒေသမှာတော့ KIA ကသန်းခေါင်စာရင်း အကောက်မခံတဲ့ အတွက် ဖွံ့ဖြိုးရေးလုပ်ငန်းတွေ နောက်ကျကျန်နေ ခဲ့တော့မှာပါ ” ဟု မြို့နယ် လ၀ကရုံးမှ ဦးစီးအရာရှိ တစ်ဦးက ပြောကြား ခဲ့ပါသည်။

ကေကေ (တနိုင်း)
Credit : KDN

No comments:

Post a Comment