Thursday 10 April 2014

သန်းခေါင်စာရင်းကောက်ယူရာတွင် ငွေကြေးကောက်ခံမှုများရှိ

လားရှိုးမြို့၊ ရပ်ကွက် (၁၂)တွင် သန်းခေါင်စာရင်း ကောက်ယူရာ၌ စာရင်းစစ်၊ စာရင်းကောက်များ အား ကျွေးမွေးရန်ဟုဆိုကာ တစ်အိမ်လျှင် ၁၅ဝဝ ကျပ်နှုန်းဖြင့် ငွေကြေးကောက်ခံမှုများ ရှိနေကြောင်း ယင်းရပ်ကွက် ဒေသခံများက ပြောသည်။
“သန်းခေါင်စာရင်းကောက်ခံမယ့် အဖွဲ့တွေကို ဧည့်ခံကျွေးမွေးဖို့ဆိုပြီး ကျွန်တော်တို့ နယ်မြေ(၁၂)အတွင်း မှာ ရှိတဲ့ နေထိုင်သူအားလုံးကို နယ်မြေမှူးက တစ်အိမ်ကို (၁၅ဝဝ) ကျပ်နှုန်းနဲ့ မထည့်မနေရ ကောက်ခံခဲ့ ပါတယ်”ဟု ငွေကြေးထည့်ဝင်ခဲ့ရသည် ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများကိုမေးမြန်းရာတွင် ပြည်သူလူထု ထံမှ ငွေကြေး တစ်စုံတရာ ကောက်ခံခြင်းများမပြုလုပ်ရန် သန်းခေါင်စာရင်းကောက်ယူမှုဆိုင်ရာ အသိ ပညာ ပေးဟောပြောပွဲများနှင့် သန်းခေါင်စာရင်း ကောက်ယူရေးသင်တန်းပေးပွဲများတွင် အတိ အလင်း ပြဌာန်းပြီး ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

“ကျွန်တော်တို့ဌာနအနေနဲ့ ပြည်သူလူထုအပေါ်က ပိုက်ဆံကောက်ခိုင်းတာမရှိပါဘူး၊ စာရင်းကောက်၊ စာရင်း စစ် တာဝန်ကျတဲ့ ဆရာမတွေကိုလည်း အစိုးရကသတ်မှတ်ထားတဲ့ နှုန်းထားအတိုင်း စာအိတ်လေးတွေ နဲ့ပေးပြီး ပါပြီ၊ ကျွန်တော်တို့ဌာနက ဝန်ထမ်းတွေရယ်၊ ပညာရေးဝန်ထမ်းဖြစ်တဲ့ဆရာ၊ ဆရာမတွေရယ် တိုင်းရင်းသား ပြည်သူလူထုတွေစုပေါင်းပြီး ကျရာတာဝန်ကို ကျေပွန်အောင် နိုင်ငံတော် အတွက် ပျော်ပျော်ပါးပါးအစွမ်းကုန် ဆောင်ရွက်နေပါတယ်၊ ရာနှုန်းပြည့်အောင်မြင်မယ်လို့ ယုံကြည်ပါတယ်၊ အခုငွေကြေးကောက်ခံတာမျိုးတော့ ကျွန်တော် သိလည်းမသိပါဘူး၊ကောက်ခိုင်းတာလဲမရှိပါဘူး”ဟု လားရှိုးမြို့ နယ် လဝက ဦးစီးမှူးဦးလေးမောင်က ပြောကြားသည်။

လားရှိုးမြို့၌ ရပ်ကွက် (၁၂)ခုရှိရာတွင် အမှတ်(၁၂) ရပ်ကွက် နယ်မြေတစ်ခုတည်းသာ သန်းခေါင် စာရင်း ကောက် ခံရာ၌ စာရင်းစစ်၊ စာရင်းကောက်များအား ကျွေးမွေးရန်ဟု ဆိုကာ ငွေကြေးကောက်ခံနေ မှုအပေါ် ရပ်ကွက်နေပြည်သူတွေက ဖြေရှင်းပေးရန် ဆန္ဒရှိနေကြောင်း သိရသည်။

မနုဿဇေယျာ(လားရှိုး)
မြန်မာ့ခေတ်

No comments:

Post a Comment