Thursday 10 April 2014

အမျိုးသမီးအခွင့်အရေး အပြည့်အ၀မရရှိပါက ဒီမိုကရေစီနိုင်ငံ မဖြစ်နိုင်

Photo: အမျိုးသမီးအခွင့်အရေး အပြည့်အ၀မရရှိပါက ဒီမိုကရေစီနိုင်ငံ မဖြစ်နိုင်
Thursday, April 10, 2014

မြန်မာအမျိုးသမီးများ၏ အခွင့်အရေးအပြည့်အ၀ မရရှိပါက စစ်မှန်သောဒီမိုကရေစီမရရှိနိင်ကြောင်း အမျိုးသမီး အခွင့်အရေး လှုပ်ရှားဆောင်ရွက်သူများက ဆိုသည်။

“မြန်မာအမျိုးသမီးတွေကို ကာကွယ်ပေးတဲ့ ဥပဒေတွေ၊ အခွင့်အရေးတွေ အပြည့်အ၀မရရှိသေးဘဲနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီိကို မရနိင်ဘူး။ ဥပဒေတွေမှာ အမျိုးသမီးတွေအတွက် အခွင့်အရေးတွေ အများကြီးရရှိလာနိင်တယ်။ နိုင်ငံရေးခေါင်းဆောင်မှုတွေ လူမှုရေးခေါင်းဆောင်မှုတွေ လုပ်လာနိင်မယ်”ဟု ဖန်တီးအိမ်အမျိုးသမီးခေါင်းဆောင်မှု တိုးတက်ရေးအသင်း၏ ဥက္ကဌ ဒေါ်ရွှေရွှေစိန်လတ်က ပြောသည်။ 

မြန်မာ့လူဦးရေသန်း(၆၀)၀န်းကျင်ရှိသည့် မြန်မာနိုင်ငံမှ အမျိုးသမီးအများစုမှာ ခွဲခြား ဆက်ဆံမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်မှု ခံနေရသည့်အတွက် မြန်မာအမျိုးသမီးများကို ပညာသင်ကြားပေးခြင်း ၊ အသက်မွေးမှုပညာများ သင်ကြားပေးခြင်း နှင့် ဥပဒေများဗဟုသုတများ သိထားစေခြင်းဖြင့် ကာကွယ်သွားနိင်မည်ဖြစ်ကြောင်း သိရသည်။

“ အမျိုးသားနဲ့ အမျိုးသမီးကို ပညာသင်ပေးရင် အမျိုးသမီးတွေ မိသားစုနဲ့အပေါင်းအသင်းတွေကိုပြန့်ပွားပေး တာတွေ ရှိ တယ်။ ယောကျာင်္းတွေက စကားပြောတာနည်းလို့ ပြန့်ပွားမှုနည်းတယ်။ မိန်းမတွေသင်ပေးလို့ကလေး တွေတတ်သွားရင် နိင်ငံ တိုးတက်လာမယ်။ နိင်ငံရေးအပိုင်းတွေဆိုရင်လည်း အမျိုးသမီးတွေက ငြိမ်းချမ်းရေးကို ရှေးရှုလို့ ကိုင်တွယ်တာမှာ ညင်သာ တယ်။ နိင်ငံရေးမှာ အမျိုးသမီးတွေပါဝင်ခွင့်ရှိမှာသာ လူများစုဖြစ်တဲ့ အမျိုးသမီးတွေရဲ့ ဆန္ဒအမှန်ကို သိမှာလေ” ဟု Lotus Hom,LLC ,New York ဖက်ရှင်ကုမ္ပဏီ CEO ဒေါ်မိုဟန်က ပြောသည်။

အမျိုးသမီးများသည် နိင်ငံရေးတွင် ထဲထဲဝင်ဝင်ပါဝင်လာပါက တန်းတူလုပ်ခခံစားခွင့်များ ၊ကျေးလက်များတွင် ဖြစ်ပေါ်နေသည့် မြေယာပိုင်ဆိုင်ခွင့်များ၊ ကျေးလက်ဒေသများနှင့် မြို့ရွာများရှိအမျိုးသမီးများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးလုပ်ငန်းများ၊ အစိုးရဌာနနှင့် ပုဂ္ဂိလိကဌာနများ၌ အမျိုးသမီးရာထူးတိုးတက် လာမည်ဖြစ်ကြောင်း ဟိန္ဒူအမျိုးသမီးအဖွဲ့အစည်း (Oxford English Language Centre)က ဒေါ်ကက်သရင်းသိန်းက ဆိုသည်။

ကြယ်စင်လင်း (မြစ်မခ)
Myit Ma Kha Media Group
မြန်မာအမျိုးသမီးများ၏ အခွင့်အရေးအပြည့်အ၀ မရရှိပါက စစ်မှန်သောဒီမိုကရေစီမရရှိနိင်ကြောင်း အမျိုး သမီး အခွင့် အရေး လှုပ်ရှားဆောင်ရွက်သူများက ဆိုသည်။
“မြန်မာအမျိုးသမီးတွေကို ကာကွယ်ပေးတဲ့ ဥပဒေတွေ၊ အခွင့်အရေးတွေ အပြည့်အ၀မရရှိသေးဘဲနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီိကို မရနိင်ဘူး။ ဥပဒေတွေမှာ အမျိုးသမီးတွေအတွက် အခွင့်အရေးတွေ အများကြီး ရရှိလာနိင်တယ်။ နိုင်ငံရေးခေါင်းဆောင်မှုတွေ လူမှုရေးခေါင်းဆောင်မှုတွေ လုပ်လာနိင်မယ်”ဟု ဖန်တီးအိမ် အမျိုးသမီးခေါင်းဆောင်မှု တိုးတက်ရေးအသင်း၏ ဥက္ကဌ ဒေါ်ရွှေရွှေစိန်လတ်က ပြောသည်။

မြန်မာ့လူဦးရေသန်း(၆၀)၀န်းကျင်ရှိသည့် မြန်မာနိုင်ငံမှ အမျိုးသမီးအများစုမှာ ခွဲခြား ဆက်ဆံမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်မှု ခံနေရသည့်အတွက် မြန်မာအမျိုးသမီးများကို ပညာသင်ကြားပေးခြင်း ၊ အသက်မွေးမှု ပညာများ သင်ကြားပေးခြင်း နှင့် ဥပဒေများဗဟုသုတများ သိထားစေခြင်းဖြင့် ကာကွယ် သွားနိင်မည်ဖြစ်ကြောင်း သိရသည်။

“ အမျိုးသားနဲ့ အမျိုးသမီးကို ပညာသင်ပေးရင် အမျိုးသမီးတွေ မိသားစုနဲ့အပေါင်းအသင်းတွေ ကိုပြန့် ပွားပေး တာတွေ ရှိ တယ်။ ယောကျာင်္းတွေက စကားပြောတာနည်းလို့ ပြန့်ပွားမှုနည်းတယ်။ မိန်းမတွေ သင်ပေး လို့ ကလေး တွေတတ်သွားရင် နိင်ငံ တိုးတက်လာမယ်။ နိင်ငံရေးအပိုင်းတွေဆိုရင်လည်း အမျိုးသမီးတွေက ငြိမ်းချမ်းရေးကို ရှေးရှုလို့ ကိုင်တွယ်တာမှာ ညင်သာ တယ်။ နိင်ငံရေးမှာ အမျိုးသမီးတွေ ပါဝင်ခွင့်ရှိမှာသာ လူများစုဖြစ်တဲ့ အမျိုးသမီးတွေရဲ့ ဆန္ဒအမှန်ကို သိမှာလေ” ဟု Lotus Hom,LLC ,New York ဖက်ရှင်ကုမ္ပဏီ CEO ဒေါ်မိုဟန်က ပြောသည်။

အမျိုးသမီးများသည် နိင်ငံရေးတွင် ထဲထဲဝင်ဝင်ပါဝင်လာပါက တန်းတူလုပ်ခခံစားခွင့်များ ၊ကျေးလက်များ တွင် ဖြစ်ပေါ်နေ သည့် မြေယာပိုင်ဆိုင်ခွင့်များ၊ ကျေးလက်ဒေသများနှင့် မြို့ရွာများရှိအမျိုးသမီးများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးလုပ်ငန်းများ၊ အစိုးရဌာနနှင့် ပုဂ္ဂိလိကဌာနများ၌ အမျိုးသမီးရာထူးတိုးတက် လာမည်ဖြစ်ကြောင်း ဟိန္ဒူအမျိုးသမီးအဖွဲ့အစည်း (Oxford English Language Centre)က ဒေါ်ကက် သရင်းသိန်းက ဆိုသည်။

ကြယ်စင်လင်း (မြစ်မခ)
Myit Ma Kha Media Group

No comments:

Post a Comment