Thursday 2 January 2014

မလေးရှား နိုင်ငံတွင် ကုန်ဈေးနှုန်း မြင့်တက်မှုကို ထောင်ပေါင်း များ စွာသော ပြည်သူ များ ဆန္ဒပြ

Photo: မလေးရှား နိုင်ငံတွင် ကုန်ဈေးနှုန်း မြင့်တက်မှုကို ထောင်ပေါင်း များ စွာသော ပြည်သူ  များ ဆန္ဒပြ
Thursday, January 2, 2014

မလေးရှား နိုင်ငံ၌ ဓာတ်ဆီနှင့် အခြားသော ကုန်ပစ္စည်း ဈေးနှုန်းများ မြင့်တက်လာမှုကို ဆန္ဒပြရန် ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် နှောင်းပိုင်းတွင် ကွာလာလမ်ပူ မြို့လယ်ရှိ လွတ်လပ်ရေး ရင်ပြင်တစ်ခုလုံး ပြည့်အောင် အနက်ရောင်တီရှပ် အင်္ကျီများ ဝတ်ဆင်ထားသည့် ထောင်ပေါင်းများစွာသော ဆန္ဒပြ ပြည်သူများ စုရုံးခဲ့ကြောင်းနှင့် အဆို ပါဆန္ဒပြမှုသည် ကြွေးမြီများ လျှော့ချရန် ကြိုးပမ်းနေသည့် မလေးရှား အစိုးရအပေါ် ဖိအားပေးမှု ဖြစ်စေလျက်ရှိကြောင်း အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။ အဆိုပါ ဆန္ဒပြမှုသည် ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် ညသန်းခေါင်ကျော် တွင် ငြိမ်းချမ်းစွာ ပြီးဆုံး ခဲ့ကြောင်း၊ အဆိုပါ လူထုစုရုံးဆန္ဒပြမှုတွင် ပြည်သူပေါင်း ၁၅,ဝဝဝ ခန့် တက်ရောက်ခဲ့ကြောင်း နှင့် ရဲတပ်ဖွဲ့ဝင် အရေအတွက် ၅ဝဝဝ သာ တပ်ဖြန့်ချထား ခဲ့ကြောင်း ဆန္ဒပြမှု ဖြစ်မြောက်ရေး စီစဉ်လှုပ်ရှားသူများက ပြောကြားခဲ့သည်။

ဆန္ဒပြသူများသည် ''ဈေးနှုန်းများ လျှော့ချပေးပါ''နှင့် ''မိမိတို့၏ အခွင့်အလမ်းများကို ကာကွယ်သွားမည်'' ဆိုသည့် ပိုစတာများကို ကိုင်ဆောင်၍ ''ပြည်သူများ လူတန်းစေ့နေနိုင် ရမည်''ဟု သံပြိုင်ကြွေးကြော် ဆန္ဒပြခဲ့သည်။ ယနေ့သည် ပြည်သူ့ သဘောထားအား ထုတ်ဖော်ပြသသည့် နေ့တစ်နေ့ ဖြစ်ကြောင်း၊ အစိုးရ အနေဖြင့် ပြည်သူများ ဒေါသူပုန်ထ နေသည်ကို သဘောပေါက် ပြီး ပြည်သူများအတွက် နေထိုင်စားသောက်မှု ကုန်ကျစရိတ် လျှော့ချပေးရေး မိမိတို့၏ တောင်းဆိုမှုများကို ကြားသိနိုင်မည်ဟု မျှော်လင့်ပါကြောင်း မလေးရှား ကျောင်းသားများ စည်းလုံးညီညွတ်ရေး လှုပ်ရှားမှု လူငယ်အသင်း ဥက္ကဋ္ဌ Bukhairy Sofian က ပြောကြားခဲ့သည်။ မလေးရှား နိုင်ငံတွင် မြောက်မြားစွာသော အကျင့်ပျက် ခြစားမှု များလည်း ရှိနေကြောင်းနှင့် ဆန္ဒပြမှုများလည်း ပိုမိုဖြစ်ပွားလာနိုင်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်ဟု သိရသည်။

မြ၀တီ
မလေးရှား နိုင်ငံ၌ ဓာတ်ဆီနှင့် အခြားသော ကုန်ပစ္စည်း ဈေးနှုန်းများ မြင့်တက်လာမှုကို ဆန္ဒပြရန် ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် နှောင်းပိုင်းတွင် ကွာလာလမ်ပူ မြို့လယ်ရှိ လွတ်လပ်ရေး ရင်ပြင်တစ်ခုလုံး ပြည့်အောင် အနက်ရောင်တီရှပ် အင်္ကျီများ ဝတ်ဆင်ထားသည့် ထောင်ပေါင်းများစွာသော ဆန္ဒပြ ပြည်သူများ စုရုံးခဲ့ကြောင်းနှင့် အဆို ပါဆန္ဒပြမှုသည် ကြွေးမြီများ လျှော့ချရန် ကြိုးပမ်းနေသည့် မလေးရှား အစိုးရအပေါ် ဖိအားပေးမှု ဖြစ်စေလျက်ရှိကြောင်း အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။
အဆိုပါ ဆန္ဒပြမှုသည် ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် ညသန်းခေါင်ကျော် တွင် ငြိမ်းချမ်းစွာ ပြီးဆုံး ခဲ့ကြောင်း၊ အဆိုပါ လူထုစုရုံးဆန္ဒပြမှုတွင် ပြည်သူပေါင်း ၁၅,ဝဝဝ ခန့် တက်ရောက်ခဲ့ကြောင်း နှင့် ရဲတပ်ဖွဲ့ ဝင် အရေအတွက် ၅ဝဝဝ သာ တပ်ဖြန့်ချထား ခဲ့ကြောင်း ဆန္ဒပြမှု ဖြစ်မြောက်ရေး စီစဉ်လှုပ်ရှားသူ များက ပြောကြားခဲ့သည်။

ဆန္ဒပြသူများသည် ''ဈေးနှုန်းများ လျှော့ချပေးပါ''နှင့် ''မိမိတို့၏ အခွင့်အလမ်းများကို ကာကွယ်သွားမည်'' ဆိုသည့် ပိုစတာများကို ကိုင်ဆောင်၍ ''ပြည်သူများ လူတန်းစေ့နေနိုင် ရမည်''ဟု သံပြိုင်ကြွေးကြော် ဆန္ဒပြခဲ့သည်။ ယနေ့သည် ပြည်သူ့ သဘောထားအား ထုတ်ဖော်ပြသသည့် နေ့တစ်နေ့ ဖြစ်ကြောင်း၊ အစိုးရ အနေဖြင့် ပြည်သူများ ဒေါသူပုန်ထ နေသည်ကို သဘောပေါက် ပြီး ပြည်သူများ အတွက် နေထိုင် စားသောက်မှု ကုန်ကျစရိတ် လျှော့ချပေးရေး မိမိတို့၏ တောင်းဆိုမှုများကို ကြားသိနိုင်မည် ဟု မျှော်လင့် ပါကြောင်း မလေးရှား ကျောင်းသားများ စည်းလုံးညီညွတ်ရေး လှုပ်ရှားမှု လူငယ်အသင်း ဥက္ကဋ္ဌ Bukhairy Sofian က ပြောကြားခဲ့သည်။ မလေးရှား နိုင်ငံတွင် မြောက်မြားစွာသော အကျင့်ပျက် ခြစားမှု များလည်း ရှိနေကြောင်းနှင့် ဆန္ဒပြမှုများလည်း ပိုမိုဖြစ်ပွားလာနိုင်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်ဟု သိရသည်။

မြ၀တီ

1 comment:

  1. ရာဇ၀တ်မှုတွေလည်း အ၇မ်းပေါလာတယ်။ ဘယ်သွားသွား မလုံခြုံမှုတွေ ခံစားလာရတယ်။

    ReplyDelete