Thursday 2 January 2014

လားရှိုးတွင် နေ့ခင်းဘက်၌ အနုကြမ်း စီးမှုဖြစ်ပွား

Photo: လားရှိုးတွင် နေ့ခင်းဘက်၌ အနုကြမ်း စီးမှုဖြစ်ပွား 
Thursday, January 2, 2014

 လားရှိုးမြို့ရပ်ကွက်တွင်းရှိ လူနေအိမ်တစ်အိမ်အား ဒီဇင်ဘာ(၂၉)ရက်၊ နေ့လည်၂း၃၀နာရီအချိန်တွင် အမည်မသိ လူသုံးဦးမှ အနုကြမ်းဝင်စီးသွားကြောင်း ၎င်းမိသားစုများထံမှ သိရသည်။ အဆိုပါအနုကြမ်း ၀င်စီးခံရသည့် နေအိမ်မှာ လားရှိုးမြို့၊ ရပ်ကွက်(၇)၊ နယ်မြေ(၂)၊ အောင်သပြေလမ်းမှ အိမ်အမှတ်(၃၄)ဖြစ်သည်။ ပြောင်းဖူးကုန်သည်လုပ်ငန်းဖြစ်၍ အဆိုပါနေအိမ်၌ ကားသမားများ၊ ပြောင်းဖူးကုန်သည် ကိုယ် စားလှယ်များ၊ ပြောင်းပိုင်ရှင်များ လာရောက်ကြပြီး ငွေကြေးစာရင်းရှင်းတမ်းများ ပြုလုပ်ကြသည်ဟု သိရသည်။ ဒီဇင်ဘာ၂၉ရက်၊ နေ့လည်၂း၃၀နာရီအချိန်တွင် အမည်မသိလူသုံးဦးရောက်လာပြီးနောက် ပြောင်း ကိုယ်စားလှယ်များဟုဆိုကာ အိမ်ခြံဝင်းတံခါးဖွင့်ခိုင်း၍ဆ ယ့်သုံးနှစ်အရွယ် အိမ်ဖေါ်ကလေးမှ ခြံတံခါးဖွင့်ပေးခဲ့ကြောင်း၊ အဆိုပါလူသုံးဦးအနက်တစ်ဦးမှာ ၎င်းခြံဝင်းအိမ်အပြင်ဘက်တွင် ကျန်နေခဲ့ပြီး ကျန်နှစ်ဦးမှာ စာရေးမနှင့်တွေ့ချင်တယ်ဟု အိမ်ဖေါ်ကောင်လေးအားပြောကာ အသက်၂၄နှစ်အရွယ် စာရေးမ၊ မစုစုဝင်းဆိုသူ ထွက်လာပြီး တွေ့ချင်သည့် အကြောင်းကိစ္စ မေးရာ ၀င်လာသူ၊ သူစိမ်းနှစ်ဦးက ပြောင်းဖူးဘောက်ချာ ဖြတ်ပိုင်းနှစ်ရွက်ထုတ်ရင်း ငွေထုတ်ရန်ပြောသောကြောင့် စာရေးမ မစုစုဝင်းက သူ၏ ရုံးခန်းအားခေါ်သွားခဲ့ကြောင်း၊ စာရေးမရုံးခန်းသို့ သူစိမ်းလူနှစ်ဦးမှ တစ်ဦးသာ လိုက်သွားပြီး ကျန်တစ်ဦးမှာ အိမ်ရှေ့ ဧည့်ခန်းထဲတွင်ကျန်နေခဲ့ကြောင်း၊ လူစိမ်းတစ်ဦးမှပေးသော ပြောင်းဖူးဘောက်ချာမှ ပြောင်းဖူး အိပ် ၃၄၅အိပ်ဖိုးငွေတွက်ရန် မစုစုဝင်းက ဂဏန်းပေါင်းစက်ဖြင့် တွက်နေစဉ်အနားရှိသူစိမ်းလူက မစုစုဝင်း ၏လည်ပင်းကို ပလပ်စတစ်ကြိုးဖြင့်ရစ်ပတ်ရင်း သေနတ်ထုတ်၍ မီးခံသေတ္တာထဲမှ ငွေများထုတ်ပေးရန် ခြိမ်းခြောက်၍ တောင်းကြောင်း၊ အဆိုပါအနုကြမ်းစီးသူသည် တရုတ်လူမျိုးဖြစ်ပြီး ကိုးကန့်စကားပြော၍ ခြိမ်းခြောက်ကြောင်း၊ မစုစုဝင်း၏ ထွက်ဆိုချက်အရ သိရသည်။ ယင်းအပြင် မစုစုဝင်း၏ရုန်းရင်းဆန်ခတ် အသံကြောင့်အိမ်ဖေါ် ကလေး မှ မြင်၍`“ဓါးမြ”ဟု အော်ဟစ် အကူအညီတောင်းရင်း အိမ်ခြံဝင်း အပြင် ဘက်သို့ ထွက်ပြေးနေစဉ် အိမ်ဧည့်ခန်းတွင် ရှိနေသော သူစိမ်းတစ်ဦးက တားဆီးချုပ်နှောင်သော်လည်း မမိဘဲ အိမ်ဖေါ်ကလေးထွက်ပြေးသွားနိုင်ခဲ့ကြောင်း ၊ ထို့အတူ အိမ်ဖေါ်ထမင်းချက် တစ်ဦးမှာလည်း အသံ ကြား၍ ပြေးထွက်လာပြီး “ဓါးမြ”ဟု အော်ဟစ်ကာ အိမ်ခြံဝင်းအပြင်ဘက်သို့ ထွက်ပြေးသွားကြောင်း၊ ယင်းရုန်းရင်းဆန်ခတ် အသံများကြောင့် အိမ်ခြံဝင်းအပြင်ဘက်တွင် စောင့်ကျန်နေသူ တစ်ဦးမှာလည်း ထွက်ပြေးသွားကြောင်း၊ ခဏအကြာအနုကြမ်း ၀င်စီးသူ နှစ်ဦးအိမ်ထဲမှ ပြေးထွက်လာပြီး ခြံဝင်းအပြင်ဘက် လမ်းဘေး တနေရာမှ အသင့်ရပ်ထားသော ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားကြောင်း၊ အနီးဝန်းကျင်မှ လူများ အချိန်မီ ရောက်လာသောကြောင့် ပစ္စည်းတစ်စုံတစ်ရာမှ မပါသွားကြောင်း၊ အနုကြမ်းဝင်စီးနေချိန်တွင် အိမ်ရှင်ဦးကျင်းယုံမရှိသည့် အချိန်ဖြစ်ကြောင်း၊ အထက်ပါစာရေးမတစ်ဦးနှင့် အိမ်ဖေါ်နှစ်ဦးသာရှိကြောင်း ဖြစ်စဉ်၌ သိရသည်။ ၎င်းအမှုဖြစ်ပွားရာနေရာသို့ သက်ဆိုင်ရာအာဏာပိုင်ရဲတပ်ဖွဲ့နှင့် လားရှိုးမြို့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချူပ်မှ စစ်ဗျူဟာမှုးများက လာရောက်စစ်ဆေးကာ တရားခံအနုကြမ်း စီးသူသုံးဦးအား အမြန်ဆုံးဖေါ်ထုတ် အရေးယူ ဆောင်ရွက်ပေးသွားမည်ဟု ပြောကြားသည်။ 

ထွန်းထွန်း
 The Myanma Age
လားရှိုးမြို့ရပ်ကွက်တွင်းရှိ လူနေအိမ်တစ်အိမ်အား ဒီဇင်ဘာ(၂၉)ရက်၊ နေ့လည်၂း၃၀နာရီအချိန်တွင် အမည်မသိ လူသုံးဦးမှ အနုကြမ်းဝင်စီးသွားကြောင်း ၎င်းမိသားစုများထံမှ သိရသည်။ အဆိုပါအနုကြမ်း ၀င်စီးခံရသည့် နေအိမ်မှာ လားရှိုးမြို့၊ ရပ်ကွက်(၇)၊ နယ်မြေ(၂)၊ အောင်သပြေလမ်းမှ အိမ်အမှတ်(၃၄)ဖြစ် သည်။
ပြောင်းဖူးကုန်သည်လုပ်ငန်းဖြစ်၍ အဆိုပါနေအိမ်၌ ကားသမားများ၊ ပြောင်းဖူးကုန်သည် ကိုယ် စားလှယ်များ၊ ပြောင်းပိုင်ရှင်များ လာရောက်ကြပြီး ငွေကြေးစာရင်းရှင်းတမ်းများ ပြုလုပ်ကြသည်ဟု သိရသည်။ ဒီဇင်ဘာ၂၉ရက်၊ နေ့လည်၂း၃၀နာရီအချိန်တွင် အမည်မသိလူသုံးဦးရောက် လာပြီးနော က် ပြောင်း ကိုယ်စားလှယ်များဟုဆိုကာ အိမ်ခြံဝင်းတံခါးဖွင့်ခိုင်း၍ဆ ယ့်သုံးနှစ်အရွယ် အိမ်ဖေါ်ကလေးမှ ခြံတံခါးဖွင့်ပေးခဲ့ကြောင်း၊ အဆိုပါလူသုံးဦးအနက်တစ်ဦးမှာ ၎င်းခြံဝင်းအိမ်အပြင်ဘက်တွင် ကျန်နေခဲ့ပြီး ကျန်နှစ်ဦးမှာ စာရေးမနှင့်တွေ့ချင်တယ်ဟု အိမ်ဖေါ်ကောင်လေးအားပြောကာ အသက်၂၄နှစ်အရွယ် စာရေးမ၊ မစုစုဝင်းဆိုသူ ထွက်လာပြီး တွေ့ချင်သည့် အကြောင်းကိစ္စ မေးရာ ၀င်လာသူ၊ သူစိမ်းနှစ်ဦးက ပြောင်းဖူးဘောက်ချာ ဖြတ်ပိုင်းနှစ်ရွက်ထုတ်ရင်း ငွေထုတ်ရန်ပြောသောကြောင့် စာရေးမ မစုစုဝင်းက သူ၏ ရုံးခန်းအားခေါ်သွားခဲ့ကြောင်း၊ စာရေးမရုံးခန်းသို့ သူစိမ်းလူနှစ်ဦးမှ တစ်ဦးသာ လိုက်သွားပြီး ကျန်တစ်ဦးမှာ အိမ်ရှေ့ ဧည့်ခန်းထဲတွင်ကျန်နေခဲ့ကြောင်း၊ လူစိမ်းတစ်ဦးမှပေးသော ပြောင်း ဖူးဘောက်ချာ မှ ပြောင်းဖူး အိပ် ၃၄၅အိပ်ဖိုးငွေတွက်ရန် မစုစုဝင်းက ဂဏန်းပေါင်းစက်ဖြင့် တွက်နေစဉ်အနားရှိသူစိမ်းလူက မစုစုဝင်း ၏လည်ပင်းကို ပလပ်စတစ်ကြိုးဖြင့်ရစ်ပတ်ရင်း သေနတ်ထုတ်၍ မီးခံသေတ္တာထဲမှ ငွေများထုတ်ပေးရန် ခြိမ်းခြောက်၍ တောင်းကြောင်း၊ အဆိုပါအနုကြမ်းစီးသူသည် တရုတ်လူမျိုးဖြစ်ပြီး ကိုးကန့်စကားပြော၍ ခြိမ်းခြောက်ကြောင်း၊ မစုစုဝင်း၏ ထွက်ဆိုချက်အရ သိရသည်။ ယင်းအပြင် မစုစုဝင်း၏ရုန်းရင်းဆန်ခတ် အသံကြောင့်အိမ်ဖေါ် ကလေး မှ မြင်၍`“ဓါးမြ”ဟု အော်ဟစ် အကူအညီတောင်းရင်း အိမ်ခြံဝင်း အပြင် ဘက်သို့ ထွက်ပြေးနေစဉ် အိမ်ဧည့်ခန်းတွင် ရှိနေသော သူစိမ်းတစ်ဦးက တားဆီးချုပ်နှောင်သော်လည်း မမိဘဲ အိမ်ဖေါ်ကလေးထွက်ပြေးသွားနိုင်ခဲ့ကြောင်း ၊ ထို့အတူ အိမ်ဖေါ်ထမင်းချက် တစ်ဦးမှာလည်း အသံ ကြား၍ ပြေးထွက်လာပြီး “ဓါးမြ”ဟု အော်ဟစ်ကာ အိမ်ခြံဝင်းအပြင်ဘက်သို့ ထွက်ပြေးသွားကြောင်း၊ ယင်းရုန်းရင်းဆန်ခတ် အသံများကြောင့် အိမ်ခြံဝင်းအပြင်ဘက်တွင် စောင့်ကျန်နေသူ တစ်ဦးမှာလည်း ထွက်ပြေးသွားကြောင်း၊ ခဏအကြာ အနုကြမ်း ၀င် စီးသူ နှစ်ဦးအိမ်ထဲမှ ပြေးထွက်လာပြီး ခြံဝင်းအပြင်ဘက် လမ်းဘေး တနေရာမှ အသင့် ရပ်ထားသော ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားကြောင်း၊ အနီးဝန်းကျင်မှ လူများ အချိန်မီ ရောက် လာသောေ ကြာင့် ပစ္စည်း တစ်စုံ တစ်ရာမှ မပါသွားကြောင်း၊ အနုကြမ်းဝင်စီးနေချိန်တွင် အိမ်ရှင်ဦးကျင်းယုံမရှိသည့် အချိန်ဖြစ်ကြောင်း၊ အထက်ပါစာရေးမတစ်ဦးနှင့် အိမ်ဖေါ်နှစ်ဦးသာရှိကြောင်း ဖြစ်စဉ်၌ သိရသည်။ ၎င်းအမှုဖြစ်ပွားရာနေရာသို့ သက်ဆိုင်ရာအာဏာပိုင်ရဲတပ်ဖွဲ့နှင့် လားရှိုးမြို့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချူပ်မှ စစ်ဗျူဟာမှုးများက လာရောက်စစ်ဆေးကာ တရားခံအနုကြမ်း စီးသူသုံးဦးအား အမြန်ဆုံးဖေါ်ထုတ် အရေးယူ ဆောင်ရွက်ပေးသွားမည်ဟု ပြောကြားသည်။

ထွန်းထွန်း
 The Myanma Age

No comments:

Post a Comment