Sunday 3 August 2014

တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးစာချုပ် ရေးဆွဲနိုင်ရေး UPWC နှင့် NCCT တို့၏ အလွတ်သဘောတွေ့ဆုံမှု မြစ်ကြီးနားမြို့၌ ယနေ့ပြုလုပ်မည်

Photo: တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးစာချုပ် ရေးဆွဲနိုင်ရေး UPWC နှင့် NCCT တို့၏ အလွတ်သဘောတွေ့ဆုံမှု မြစ်ကြီးနားမြို့၌ ယနေ့ပြုလုပ်မည်
Sunday,  August 3, 2014

တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးစာချုပ် ရေးဆွဲနိုင်ရေးနှင့်ပတ်သက်ပြီး အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC)နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့၏ အလွတ်သဘောတွေ့ဆုံမှုကို မြစ်ကြီးနားမြို့၌ ယနေ့(ဩဂုတ် ၃ရက်)တွင် ပြုလုပ်မည်ဖြစ်ပြီး ဆွေးနွေးပွဲရက် ထပ်တိုးနိုင်ကြောင်း သတင်းရရှိသည်။

အဆိုပါဆွေးနွေးပွဲသို့ UPWC ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်မည်ဖြစ်ပြီး NCCTဘက်မှ အဖွဲ့ခေါင်းဆောင် နိုင်ဟံသာ၊ ဒုတိယအဖွဲ့ခေါင်းဆောင် (၁) ပဒိုကွယ်ထူးဝင်းနှင့် ဒုတိယအဖွဲ့ခေါင်း ဆောင်(၂) ဗိုလ်ချုပ်ဂွမ်မော်တို့ အပါအဝင် NCCT အဖွဲ့ဝင်ကိုယ်စားလှယ်အားလုံး တက်ရောက်မည် ဖြစ်ကြောင်းသိရသည်။

UPWCနှင့် NCCT တို့သည် တစ်နိုင်ငံ လုံးအပစ်ရပ်စဲရေးသဘောတူစာချုပ်(NCA)တစ်ခုရေးဆွဲနိုင်ရေးအတွက် တရားဝင်တွေ့ ဆုံဆွေးနွေးမှုလေးကြိမ်၊ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှု လေးကြိမ်ပြုလုပ်ထားပြီး NCA ဒုတိယမူကြမ်းကို ရေးဆွဲပြုစုထား နိုင်ခဲ့သော်လည်း အရေးကြီးသည့် မူဝါဒပိုင်း ဆိုင်ရာနှင့် ဝေါဟာရပိုင်းဆိုင်ရာ အချက်များ ညိ§နှိုင်းရန် ကျန်နေသေးသည်။

NCCT အဖွဲ့ဝင် ထိပ်သီးခေါင်းဆောင်များ၏ အစည်းအဝေးကို ဇူလိုင် ၂၄ ရက်မှ ၂၉ ရက်အထိ ကချင်ပြည်နယ်လိုင်ဇာမြို့၌  ပြုလုပ်ခဲ့ပြီး UPWC နှင့် NCCT တို့မှ နှစ်ဖက်ကိုယ်စားလှယ်များ ပူးပေါင်းရေးသား ပြုစုထားသည့် NCA မူကြမ်းကို ဆွေးနွေးခြင်း၊ သဘောထားရယူခြင်းနှင့် NCCT အဖွဲ့အား လမ်းညွှန်မှုများ ချမှတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ထို့ပြင် ဇူလိုင် ၃ဝ ရက်နှင့် ၃၁ ရက်များ တွင် NCCT အဖွဲ့ဝင်မဟုတ်သော တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များ ပါဝင်သည့် အစည်းအဝေးကို လိုင်ဇာ၌ပင် ပြုလုပ်ခဲ့သည်။

NCA မူကြမ်းကို အပြီးသတ် ရေးဆွဲနိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီးအစည်းအဝေးများမှ NCCT အား လုပ်ပိုင်ခွင့်များ ပိုမိုပေးအပ်ခဲ့ရာ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆောင်ရွက်ရန် ညှိနှိုင်းရမည့် တာဝန်အပြင် အပစ်ရပ်စဲရေး လုပ်ငန်းစဉ်တွင် NCCT အဖွဲ့ဝင်မဟုတ်သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အားလုံးပါဝင်နိုင်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်ရေးဆွဲရေး၊ လုပ်ငန်းစဉ်အတွက်လိုအပ်သည့် လုပ်ငန်းကော်မတီများဖွဲ့စည်းနိုင်ရေး စသည်တို့ဖြစ်သည်။

UPWC နှင့် NCCTတို့မှ ကိုယ်စားလှယ်များ ပူးပေါင်းရေးဆွဲထားသည့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ဒုတိယမူကြမ်းကို အချောသပ်ရေးဆွဲရန် ယခုဩဂုတ်လ ဒုတိယအပတ်အတွင်း ရန်ကုန်မြို့၌ တွေ့ဆုံညှိနှိုင်း သွားမည်ဖြစ်သည်။    

Eleven Media Group 

ကချင်ပြည်နယ် လိုင်ဇာမြို့၌ ဇူလိုင် ၃၁ ရက်က ပြုလုပ်သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ထိပ်သီးအစည်းအဝေးကို တွေ့ရစဉ်
ကချင်ပြည်နယ် လိုင်ဇာမြို့၌ ဇူလိုင် ၃၁ ရက်က ပြုလုပ်သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ထိပ်သီးအစည်း အဝေး ကို တွေ့ရစဉ်
တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးစာချုပ် ရေးဆွဲနိုင်ရေးနှင့်ပတ်သက်ပြီး အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC)နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့၏ အလွတ်သဘောတွေ့ဆုံမှုကို မြစ်ကြီးနားမြို့၌ ယနေ့ (ဩဂုတ် ၃ရက်)တွင် ပြုလုပ်မည်ဖြစ်ပြီး ဆွေးနွေးပွဲရက် ထပ်တိုးနိုင်ကြောင်း သတင်းရရှိသည်။

အဆိုပါဆွေးနွေးပွဲသို့ UPWC ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ကိုယ်စား လှယ် အဖွဲ့ တက်ရောက်မည်ဖြစ်ပြီး NCCTဘက်မှ အဖွဲ့ခေါင်းဆောင် နိုင်ဟံသာ၊ ဒုတိယအဖွဲ့ခေါင်းဆောင် (၁) ပဒိုကွယ်ထူးဝင်းနှင့် ဒုတိယအဖွဲ့ခေါင်း ဆောင်(၂) ဗိုလ်ချုပ်ဂွမ်မော်တို့ အပါအဝင် NCCT အဖွဲ့ဝင် ကိုယ်စားလှယ်အားလုံး တက်ရောက်မည် ဖြစ်ကြောင်းသိရသည်။

UPWCနှင့် NCCT တို့သည် တစ်နိုင်ငံ လုံးအပစ်ရပ်စဲရေးသဘောတူစာချုပ်(NCA)တစ်ခုရေးဆွဲနိုင်ရေး အတွက် တရားဝင်တွေ့ ဆုံဆွေးနွေးမှုလေးကြိမ်၊ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှု လေးကြိမ်ပြုလုပ် ထားပြီး NCA ဒုတိယမူကြမ်းကို ရေးဆွဲပြုစုထား နိုင်ခဲ့သော်လည်း အရေးကြီးသည့် မူဝါဒပိုင်း ဆိုင်ရာနှင့် ဝေါဟာရပိုင်းဆိုင်ရာ အချက်များ ညိ§နှိုင်းရန် ကျန်နေသေးသည်။

NCCT အဖွဲ့ဝင် ထိပ်သီးခေါင်းဆောင်များ၏ အစည်းအဝေးကို ဇူလိုင် ၂၄ ရက်မှ ၂၉ ရက်အထိ ကချင်ပြည်နယ်လိုင်ဇာမြို့၌  ပြုလုပ်ခဲ့ပြီး UPWC နှင့် NCCT တို့မှ နှစ်ဖက်ကိုယ်စားလှယ် များ ပူးပေါင်း ရေး သား ပြုစုထားသည့် NCA မူကြမ်းကို ဆွေးနွေးခြင်း၊ သဘောထားရယူခြင်းနှင့် NCCT အဖွဲ့ အား လမ်းညွှန်မှုများ ချမှတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ထို့ပြင် ဇူလိုင် ၃ဝ ရက်နှင့် ၃၁ ရက်များ တွင် NCCT အဖွဲ့ဝင်မဟုတ်သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ပါဝင်သည့် အစည်းအဝေးကို လိုင်ဇာ၌ပင် ပြုလုပ်ခဲ့သည်။

NCA မူကြမ်းကို အပြီးသတ် ရေးဆွဲနိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီးအစည်းအဝေး များမှ NCCT အား လုပ်ပိုင်ခွင့်များ ပိုမိုပေးအပ်ခဲ့ရာ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆောင်ရွက်ရန် ညှိနှိုင်း ရမည့် တာဝန်အပြင် အပစ်ရပ်စဲရေး လုပ်ငန်းစဉ်တွင် NCCT အဖွဲ့ဝင်မဟုတ်သော တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်း အားလုံးပါဝင်နိုင်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်ရေးဆွဲရေး၊ လုပ်ငန်းစဉ်အတွက် လိုအပ်သည့် လုပ်ငန်းကော်မတီများဖွဲ့စည်းနိုင်ရေး စသည်တို့ဖြစ်သည်။

UPWC နှင့် NCCTတို့မှ ကိုယ်စားလှယ်များ ပူးပေါင်းရေးဆွဲထားသည့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ဒုတိယမူကြမ်းကို အချောသပ်ရေးဆွဲရန် ယခုဩဂုတ်လ ဒုတိယအပတ်အတွင်း ရန်ကုန်မြို့ ၌ တွေ့ဆုံညှိနှိုင်း သွားမည်ဖြစ်သည်။    

Eleven Media Group 

No comments:

Post a Comment