Sunday 3 August 2014

ဆားလင်းကြီးမြို့နယ် လက်ပံတောင်းဒေသ မြန်မာဝမ်ပေါင်ကုမ္ပဏီမှ လုပ်သားများ လစာတိုးမြင့်ရရှိရေးအတွက် (၁၃) ကြိမ်မြောက် ဆန္ဒထုတ်ဖော်

Photo: ဆားလင်းကြီးမြို့နယ် လက်ပံတောင်းဒေသ မြန်မာဝမ်ပေါင်ကုမ္ပဏီမှ လုပ်သားများ လစာတိုးမြင့်ရရှိရေးအတွက် (၁၃) ကြိမ်မြောက် ဆန္ဒထုတ်ဖော်
Sunday, August 3, 2014

ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် အတွင်းရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ပိုင်ခွင့်ရရှိသည့် မြန်မာဝမ်ပေါင် ကုမ္ပဏီမှ အလုပ်သင်အလုပ်သမားများ ဖြစ်ကြသော အငယ်တန်းအော်ပရေတာ သင်တန်းသားများက လုပ်အားခလစာ တိုးမြင့်ရရှိရေးအတွက် ဩဂုတ် ၂ ရက် နံနက် ၈ နာရီခန့်မှ ၁ဝ နာရီအထိ မုံရွာတစ်ဖက်ကမ်း ညောင်ပင်ကြီးမှ မုံရွာ-ပုသိမ် လမ်းဆုံအထိ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သတင်းရရှိသည်။

“အခုဆန္ဒထုတ်ဖော်မှုမှာ ဒေသခံအလုပ်သမားအင်အား ၂ဝဝ ကျော်နဲ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ အလုပ်သမားအားလုံးနီးပါး ပါဝင်ခဲ့ပါတယ်။ တရားဝင်ခွင့်ပြုချက်နဲ့ ဆန္ဒထုတ်ဖော်တာပါ။ ဧပြီ ၁ဝ ရက်နဲ့ ဧပြီ ၁၁ ရက် တွေကစပြီး ဆက်တိုက်ဆန္ဒ ပြလာကြတာ အခုအကြိမ်ဆိုရင် ၁၃ ကြိမ်မြောက် ဆန္ဒပြတာဖြစ်ပါတယ်။ ဆက်လက်ပြီး ဆန္ဒထုတ်ဖော် သွားဦးမှာပါ။ တောင်းဆိုတာတွေကို ရရှိအောင်တွေ့ဆုံညှိနှိုင်းတာ တစ်ဖက်ဆန္ဒ ထုတ်ဖော်တာ တစ်ဖက်လုပ်သွားမှာပါ” ဟု ဆန္ဒပြရာတွင် ပါဝင်သူတစ်ဦးက ပြောသည်။

ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရှိ မြန်မာ-ဝမ်ပေါင် ကြေးနီထုတ်လုပ်ရေး ကုမ္ပဏီ အလုပ်သမားများမှာ အခြေခံလစာ တိုးမြင့်ရှိရေးအတွက် ဆန္ဒပြကာ လုပ်ခလစာတိုးမြင့် ရရှိရေးတောင်းဆိုခဲ့ရာတွင် “မြန်မာ-ဝမ်ပေါင် ကုမ္ပဏီမှာ လက်တွေ့အလုပ်သင်အလုပ်သမား အနေနဲ့ ၂၃၄ ယောက်က လက်ရှိလစာ အနေနဲ့ ဒေါ်လာ ၁၂ဝ ပေးတာကို စာချုပ်ချုပ် မယ်ဆိုရင် ၂၄ဝ ရချင်တယ်။ အခြေခံလစာအတွက် စာချုပ်ချုပ်ရင် ၁၂ဝ နဲ့ အချုပ်မခံနိုင်လို့ ၁၂ဝ နဲ့ စာချုပ်ချုပ်မယ်ဆိုတဲ့ သတင်းကြောင့် မတ် ၂၂ ရက်ကစပြီး အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ကြတယ်။ အဲဒီအလုပ်သမားတွေက ဒေသခံ ၂၆ ရွာက ဘွဲ့ရတဲ့သူတွေဖြစ်တယ်။ မြန်မာ-ယန်စီ ဘက်မှာဆိုရင် အထွေထွေလုပ်သား တစ်ယောက်ကို လစာ ၁၁ဝ ရပြီး အနိမ့်ဆုံးအဆင့် ရှစ်တန်းအောင် ကားကြီးမောင်း လုပ်သားတစ်ယောက်ကို လစာ ၁၈ဝ ရတယ်” ဟု မြန်မာ-ဝမ်ပေါင်ကုမ္ပဏီမှ မြန်မာအလုပ်သမား တစ်ဦးကပြောသည်။

“မြန်မာ-ဝမ်ပေါင် ကုမ္ပဏီအနေနဲ့ vacancy announcement ခေါ်ကတည်းက အခြေခံလစာ ၁၂ဝ နဲ့ခေါ်ခဲ့သလို အင်တာဗျူးတုန်းကလည်း သေချာပြောခဲ့တာပါ။ ပထမအသုတ်တုန်းက ခေါ်လိုက်တဲ့သူတွေက supervisorအနေနဲ့ခေါ်ခဲ့လို့ အခြေခံလစာ ၃ဝဝ ရခဲ့တယ်။ ပညာရှင်တန်းအနေနဲ့ ခေါ်ခဲ့တာပါ။ အခု ဒုတိယအသုတ်အနေနဲ့ ခေါ်တာက junior operator အနေနဲ့ခေါ်ခဲ့တာ ဖြစ်ပါတယ်။ လုပ်ငန်းခွင်ဝင်ကြပြီဆိုမှ အခြေခံဝန်ထမ်းတွေလည်း ၁၂ဝ လောက်ရတာရှိတော့ သူတို့ကဘွဲ့ရတွေမို့ နစ်နာတယ်ဆိုပြီး အသံတွေထွက်လာတာ” ဟု မြန်မာ- ဝမ်ပေါင်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မြန်မာ-ဝမ်ပေါင် အလုပ်သမားများက ဆန္ဒပြတောင်းဆိုရာတွင် တောင်းဆိုထားသော လုပ်ခလစာများ အပြည့်အဝရရှိရေး၊ ဒေသခံအလုပ်သမားများ အခွင့်အလမ်းအပြည့်အဝရရှိရေး၊ အလုပ်သမားများ အကျိုးခံစားခွင့် အပြည့်အဝရရှိရေး၊ ဒေသခံများ လူနေမှုဘဝ တိုးတက်မြင့်မားရေး၊ ဒေသခံအလုပ်သမားများအပေါ် ဖိနှိပ်ခြင်းမှ ချက်ချင်းရပ်ဆိုင်းရေး၊ မြန်မာ-ဝမ်ပေါင်မှ တာဝန်ရှိပုဂ္ဂိုလ်များ လူသားချင်းစာနာထောက်ထားရေး၊ မြန်မာ-ဝမ်ပေါင်မှ တာဝန်ရှိပုဂ္ဂိုလ်များ အုပ်ချုပ်ပုံစနစ် ပွင့်လင်းမြင်သာရေးတို့ကို ဆန္ဒပြ တောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။

Eleven Media Group 

လုပ်ခလစာတိုးမြင့် ရရှိရေးအတွက် မြန်မာဝမ်ပေါင်ကုမ္ပဏီမှ လုပ်သားများ ဆန္ဒထုတ်ဖော်နေစဉ်
လုပ်ခလစာတိုးမြင့် ရရှိရေးအတွက် မြန်မာဝမ်ပေါင်ကုမ္ပဏီမှ လုပ်သားများ ဆန္ဒထုတ်ဖော်နေစဉ်
ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် အတွင်းရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ပိုင်ခွင့်ရရှိသည့် မြန်မာဝမ်ပေါင် ကုမ္ပဏီမှ အလုပ်သင်အလုပ်သမားများ ဖြစ်ကြသော အငယ်တန်းအော်ပရေတာ သင်တန်းသားများက လုပ်အားခလစာ တိုးမြင့်ရရှိရေးအတွက် ဩဂုတ် ၂ ရက် နံနက် ၈ နာရီခန့်မှ ၁ဝ နာရီ အထိ မုံရွာတစ်ဖက်ကမ်း ညောင်ပင်ကြီးမှ မုံရွာ-ပုသိမ် လမ်းဆုံအထိ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြ ကြောင်း သတင်းရရှိသည်။

“အခုဆန္ဒထုတ်ဖော်မှုမှာ ဒေသခံအလုပ်သမားအင်အား ၂ဝဝ ကျော်နဲ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ အလုပ် သမား အားလုံးနီးပါး ပါဝင်ခဲ့ပါတယ်။ တရားဝင်ခွင့်ပြုချက်နဲ့ ဆန္ဒထုတ်ဖော်တာပါ။ ဧပြီ ၁ဝ ရက်နဲ့ ဧပြီ ၁၁ ရက် တွေက စပြီး ဆက်တိုက်ဆန္ဒ ပြလာကြတာ အခုအကြိမ်ဆိုရင် ၁၃ ကြိမ်မြောက် ဆန္ဒပြတာဖြစ် ပါတယ်။ ဆက်လက်ပြီး ဆန္ဒထုတ်ဖော် သွားဦးမှာပါ။ တောင်းဆိုတာတွေကို ရရှိအောင်တွေ့ဆုံညှိနှိုင်းတာ တစ်ဖက် ဆန္ဒ ထုတ်ဖော်တာ တစ်ဖက်လုပ်သွားမှာပါ” ဟု ဆန္ဒပြရာတွင် ပါဝင်သူတစ်ဦးက ပြောသည်။

ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရှိ မြန်မာ-ဝမ်ပေါင် ကြေးနီ ထုတ်လုပ်ရေး ကုမ္ပဏီ အလုပ်သမားများမှာ အခြေခံလစာ တိုးမြင့်ရှိရေးအတွက် ဆန္ဒပြကာ လုပ်ခလစာ တိုးမြင့် ရရှိရေးတောင်းဆိုခဲ့ရာတွင် “မြန်မာ-ဝမ်ပေါင် ကုမ္ပဏီမှာ လက်တွေ့အလုပ်သင် အလုပ်သမား အနေနဲ့ ၂၃၄ ယောက်က လက်ရှိလစာ အနေနဲ့ ဒေါ်လာ ၁၂ဝ ပေးတာကို စာချုပ်ချုပ် မယ်ဆိုရင် ၂၄ဝ ရချင်တယ်။ အခြေခံလစာအတွက် စာချုပ်ချုပ်ရင် ၁၂ဝ နဲ့ အချုပ်မခံနိုင်လို့ ၁၂ဝ နဲ့ စာချုပ်ချုပ်မယ်ဆိုတဲ့ သတင်းကြောင့် မတ် ၂၂ ရက်ကစပြီး အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ကြတယ်။ အဲဒီအလုပ်သမားတွေက ဒေသခံ ၂၆ ရွာက ဘွဲ့ရတဲ့သူတွေဖြစ်တယ်။ မြန်မာ-ယန်စီ ဘက်မှာဆိုရင် အထွေထွေလုပ်သား တစ်ယောက်ကို လစာ ၁၁ဝ ရပြီး အနိမ့်ဆုံးအဆင့် ရှစ်တန်းအောင် ကားကြီးမောင်း လုပ်သားတစ်ယောက်ကို လစာ ၁၈ဝ ရတယ်” ဟု မြန်မာ-ဝမ်ပေါင်ကုမ္ပဏီမှ မြန်မာအလုပ်သမား တစ်ဦးကပြောသည်။

“မြန်မာ-ဝမ်ပေါင် ကုမ္ပဏီအနေနဲ့ vacancy announcement ခေါ်ကတည်းက အခြေခံလစာ ၁၂ဝ နဲ့ခေါ်ခဲ့သလို အင်တာဗျူးတုန်းကလည်း သေချာပြောခဲ့တာပါ။ ပထမအသုတ်တုန်းက ခေါ်လိုက်တဲ့သူတွေက supervisorအနေနဲ့ခေါ်ခဲ့လို့ အခြေခံလစာ ၃ဝဝ ရခဲ့တယ်။ ပညာရှင်တန်းအနေနဲ့ ခေါ်ခဲ့တာပါ။ အခု ဒုတိယအသုတ်အနေနဲ့ ခေါ်တာက junior operator အနေနဲ့ခေါ်ခဲ့တာ ဖြစ်ပါတယ်။ လုပ်ငန်းခွင်ဝင်ကြပြီဆိုမှ အခြေခံဝန်ထမ်းတွေလည်း ၁၂ဝ လောက်ရတာရှိတော့ သူတို့ကဘွဲ့ရတွေမို့ နစ်နာတယ်ဆိုပြီး အသံတွေထွက်လာတာ” ဟု မြန်မာ- ဝမ်ပေါင်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မြန်မာ-ဝမ်ပေါင် အလုပ်သမားများက ဆန္ဒပြတောင်းဆိုရာတွင် တောင်းဆိုထားသော လုပ်ခလစာများ အပြည့်အဝရရှိရေး၊ ဒေသခံအလုပ်သမားများ အခွင့်အလမ်းအပြည့်အဝရရှိရေး၊ အလုပ်သမားများ အကျိုးခံစားခွင့် အပြည့်အဝရရှိရေး၊ ဒေသခံများ လူနေမှုဘဝ တိုးတက်မြင့်မားရေး၊ ဒေသခံအလုပ်သမားများ အပေါ် ဖိနှိပ်ခြင်းမှ ချက်ချင်းရပ်ဆိုင်းရေး၊ မြန်မာ-ဝမ်ပေါင်မှ တာဝန်ရှိပုဂ္ဂိုလ်များ လူသားချင်းစာနာထောက် ထားရေး၊ မြန်မာ-ဝမ်ပေါင်မှ တာဝန်ရှိပုဂ္ဂိုလ်များ အုပ်ချုပ်ပုံစနစ် ပွင့်လင်းမြင်သာရေးတို့ကို ဆန္ဒပြ တောင်းဆို ခဲ့ကြောင်း သတင်းရရှိသည်။

Eleven Media Group 

No comments:

Post a Comment