Sunday 3 August 2014

ကျပ် ၁၅ဝဝ ဖြင့် ဖုန်းဆင်းကတ်များကို အော်ရီဒူးက လိုသလောက်ရောင်းချပေးသွားမည်

Photo: ကျပ် ၁၅ဝဝ ဖြင့် ဖုန်းဆင်းကတ်များကို အော်ရီဒူးက လိုသလောက်ရောင်းချပေးသွားမည်
Sunday, August 3, 2014

တစ်ချိန်က လူနေမှုအဆင့်အတန်း ကို ပြသရာ ဇိမ်ခံပစ္စည်းတစ်ခု အဖြစ်ရှိခဲ့သည့် မိုဘိုင်းဖုန်းများသည် ယခုအချိန်မှာတော့ အော်ရီဒူးမြန်မာမှ ငွေကျပ် ၁၅ဝဝ ဖြင့် ဖုန်းဆင်းကတ် များကိုလူထုလိုသလောက် ဝယ်ယူသုံးစွဲနိုင်တော့မည်ဖြစ်ကြောင်း ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ဆူးလေ ရှန်ဂရီလာဟိုတယ်၌ ကျင်းပသည့် မီဒီယာတွေ့ဆုံပွဲမှ သိရသည်။

အော်ရီဒူးက ဇူလိုင် ၃ဝ ရက်မှ စပြီးမန္တလေး၊ နေပြည်တော်နှင့် ရန်ကုန်မြို့တို့ရှိ အော်ရီဒူးသီးသန့် ဆိုင်များနှင့် ကိုယ်စားလှယ်ဆိုင်ပေါင်း ၆၅ဝဝ တို့တွင် နိုင်ငံသားမှတ်ပုံတင် (သို့မဟုတ်) ယာဉ်မောင်းလိုင်စင် တို့ဖြင့် လိုသလောက်ဝယ်ယူနိုင်မည် ဖြစ်သည်။ 

''သြဂုတ် ၁၄ ရက်နေ့အထိ ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် အော်ရီဒူးဖုန်း အချင်းချင်းမိနစ် ၉ဝဝ ဖုန်းပြောနိုင် မယ်၊ စာတို ၉ဝဝ ပေးပို့နိုင်မယ်၊ အခြားကွန်ရက်များသို့ မိနစ်၉ဝ၊ စာတို ၉ဝ နဲ့ ဖေ့စ်ဘုတ်အခမဲ့၊ အင်တာနက် ၂ဝ MB အခမဲ့ လက်ဆောင်ပေးသွားမှာဖြစ်ပါတယ်'' ဟုအဆိုပါ စာနယ်ဇင်းရှင်းလင်းပွဲ တွင် အော်ရီဒူးမှ အလုပ်အမှုဆောင် အရာရှိချုပ် ရော့စ်ကော်မက (Ross Cormack)က ပြောသည်။ 

ယခု စတင်ရောင်းချနေသည့် အော်ရီဒူးဆင်းကတ်များနှင့် သုံးစွဲရန် ဟန်းဆက်နှင့် ပတ်သက်သည့် ပြောဆိုမှုများရှိနေရာ အသစ်ဝယ်စရာမလိုဘဲ Apple၊ HTC၊ LG၊ Nokia၊ Sony၊ Samsung စသဖြင့် UMTS 900 ရှိသည့် မည်သည့်ဖုန်းနှင့်မဆိုသုံးနိုင် ကြောင်း၊ အခက်အခဲရှိပါကသီးသန့် ဝန်ဆောင်မှုစင်တာ ဖွင့်လှစ်ထားကြောင်း၊ သုံးစွဲသူများသိလိုသည်များ ကို၂၄ နာရီ ပိတ်ရက်မရှိ ဖုန်း-ဝ၉-၉၇ဝဝဝ၂၃၄၊ ဝက်ဘ်ဆိုက် www. Ooredoo.com နှင့် အော်ရီဒူး အရောင်းကိုယ်စားလှယ်ဆိုင်များတွင် စုံစမ်းနိုင်ကြောင်းလည်း သိရသည်။ 

ဖုန်းခေါ်ဆိုခများမှာ အော်ရီဒူး ဖုန်းအချင်းချင်းဖြစ်ပါက တစ်မိနစ် ၂၅ ကျပ်၊ စာတို sms တစ်စောင် ၂၅ ကျပ်၊ အင်တာနက် 1 MB 25 ကျပ်၊ အခြားကွန်ရက်မှ ဖုန်းများသို့ တစ်မိနစ် ၃၅ ကျပ် ပေးဆောင်ရမည် ဖြစ်သည်။ ငွေဖြည့်ကတ်များကိုငွေ ကျပ်တစ်ထောင်၊ သုံးထောင်၊ ငါးထောင်၊ တစ်သောင်း၊ နှစ်သောင်း စသည်ဖြင့် ရောင်းချပေးမည်ဖြစ်ပြီး သြဂုတ် ၁၅ ရက်မှ စတင်ကာ ငွေဖြည့်သွင်းနိုင်မည်ဖြစ်သည်။ 

ဆင်းကတ် ဝယ်ယူခအဖြစ်ပေးသွင်း ခဲ့ရသည့် ငွေကျပ် ၁၅ဝဝ အား ပြန်လည်အကျိုးခံစားရမည်ဖြစ် ကြောင်းကို ''လက်ဆောင်ကာလ ပြီးဆုံးရင် သုံးစွဲသူတွေရဲ့ စာရင်းထဲကိုလစဉ် ကျပ် ၅ဝဝ ထည့်ပေါင်းပြီး သုံးကြိမ် ပြန်ထည့်ပေးသွားမှာဖြစ် ပါတယ်'' ဟု တက်ရောက်လာသည့် စာနယ်ဇင်းသမားများနှင့် သီးသန့် တွေ့ဆုံစဉ် အလုပ်အမှုဆောင် အရာရှိချုပ်က ဆိုသည်။

မြန်မာ့ဆက်သွယ်ရေးမှ ၂ဝ၁၃ ခုနစ် ဧပြီလတွင် ဆင်းကတ်တစ်ကတ် လျှင် ကျပ် ၁၅ဝဝ နှုန်း မဲစနစ်ဖြင့် ရောင်းချပေးခဲ့သော်လည်း လိုချင်သလောက် မရခဲ့သဖြင့် ပြည်သူတို့မှာ မျှော်တလင့်လင့်ရှိနေခဲ့ကြရသည်။

အော်ရီဒူးကုမ္ပဏီက ၎င်းနှင့် စာချုပ် ချုပ်ဆိုထားသော ကိုယ်စားလှယ် ဖုန်းအရောင်းဆိုင်များအားရွှေ၊ ငွေ၊ ကြေးဟူ၍ အဆင့်သုံးဆင့်သတ်မှတ် ထားပြီး လိုသလောက်ရောင်းချပေး သွားမည်ဟုလည်း သိရသည်။

''ဇူလိုင် ၃၁ ရက်မှာ အော်ရီဒူး ဖုန်းဆင်းကတ် တစ်ခုကို ကျပ် ၁၅ဝဝ နဲ့ စတင်ရောင်းချပေးပါတယ်။ ဘာမှ မလိုပါဘူး။ မှတ်ပုံတင်ပါရင် ရပြီ။ ကိုယ်ရေးအချက်အလက်တော့ ဖြည့်ပေးရပါမယ်။ အော်ရီဒူးကချပေးမယ့် ကတ်တွေပေါ် မူတည်ပြီး ရောင်းပေး သွားမှာပါ။ 3G ရှိတဲ့ ဘယ်ဟန်းဆက် နဲ့မဆိုသုံးလို့ရပါတယ်'' ဟုလည်း မဟာဗန္ဓုလလမ်းရှိအောင် မိုဘိုင်း အရောင်းဆိုင်မှ ကိုသန်းထိုက်က ပြောသည်။

အော်ရီဒူးဆက်သွယ်ရေး ကုမ္ပဏီ က ယခုစမ်းသပ်ကာလတွင် မန္တလေး၊ နေပြည်တော်၊ ရန်ကုန်မြို့နှင့်အနီး ဝန်းကျင်တို့တွင်သာ သုံးစွဲနိုင်သေး မည်ဖြစ်ပြီး သြဂုတ် ၁၅ ရက်မှ စတင်ကာ ယင်းမြို့ကြီးများအပါအဝင် ပြည်၊ မကွေး၊ မိတ္ထီလာစသည့် မြို့ကြီး ၆၈ မြို့တို့တွင် ကွန်ရက်ချဲ့ထွင် သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေးမှ နော်ဝေ အခြေစိုက်တယ်လီနောနှင့် ကာတာအခြေစိုက် အော်ရီဒူးတို့ကိုလုပ်ငန်းလုပ်ကိုင်ခွင့်ပေးခဲ့ရာ ပွဲဦးထွက်အနေဖြင့် အော်ရီဒူးဆက်သွယ်ရေး ကုမ္ပဏီက ဆင်းကတ်များကို ဇူလိုင် ၂၉ ရက်တွင် နေပြည်တော်နှင့် မန္တလေးရှိအရောင်းဆိုင်အချို့က စတင် ရောင်းချပေးခဲ့သလို ရန်ကုန်မြို့ရှိ မိုဘိုင်းဖုန်းအရောင်းဆိုင်များတွင်လည်း ဇူလိုင် ၃ဝ ရက်မှ စတင်၍ ရောင်းချပေးခဲ့သည်။ ဖုန်းကတ် ဝယ်ယူသူများသောကြောင့် ငွေကျပ်ငါးထောင်၊ ခြောက်ထောင်အထိပေးကာ ဝယ်ယူခဲ့ရသူများရှိသလို အင်တာနက်အသုံးပြုခမှာဈေးနှုန်း မြင့်နေသည်ဟု ဝေဖန်မှုများလည်း ပြည်သူများအကြားတွင် ပျံ့နှံ့လျက် ရှိသည်။ 

(ဝင်းဝင်း)
The Mirror Daily
တစ်ချိန်က လူနေမှုအဆင့်အတန်း ကို ပြသရာ ဇိမ်ခံပစ္စည်းတစ်ခု အဖြစ်ရှိခဲ့သည့် မိုဘိုင်းဖုန်းများသည် ယခုအချိန်မှာတော့ အော်ရီဒူးမြန်မာမှ ငွေကျပ် ၁၅ဝဝ ဖြင့် ဖုန်းဆင်းကတ် များကိုလူထုလိုသလောက် ဝယ်ယူ သုံးစွဲနိုင်တော့မည်ဖြစ်ကြောင်း ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ဆူးလေ ရှန်ဂရီလာဟိုတယ်၌ ကျင်းပ သည့် မီဒီယာတွေ့ဆုံပွဲမှ သိရသည်။

အော်ရီဒူးက ဇူလိုင် ၃ဝ ရက်မှ စပြီးမန္တလေး၊ နေပြည်တော်နှင့် ရန်ကုန်မြို့တို့ရှိ အော်ရီဒူးသီးသန့် ဆိုင်များနှင့် ကိုယ်စားလှယ်ဆိုင်ပေါင်း ၆၅ဝဝ တို့တွင် နိုင်ငံသားမှတ်ပုံတင် (သို့မဟုတ်) ယာဉ်မောင်းလိုင်စင် တို့ဖြင့် လိုသလောက်ဝယ်ယူနိုင်မည် ဖြစ်သည်။ 

''သြဂုတ် ၁၄ ရက်နေ့အထိ ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် အော်ရီဒူးဖုန်း အချင်းချင်းမိနစ် ၉ဝဝ ဖုန်းပြောနိုင် မယ်၊ စာတို ၉ဝဝ ပေးပို့နိုင်မယ်၊ အခြားကွန်ရက်များသို့ မိနစ်၉ဝ၊ စာတို ၉ဝ နဲ့ ဖေ့စ်ဘုတ်အခမဲ့၊ အင်တာနက် ၂ဝ MB အခမဲ့ လက်ဆောင်ပေးသွားမှာဖြစ်ပါတယ်'' ဟုအဆိုပါ စာနယ်ဇင်းရှင်းလင်းပွဲ တွင် အော်ရီဒူးမှ အလုပ်အမှုဆောင် အရာရှိချုပ် ရော့စ်ကော်မက (Ross Cormack)က ပြောသည်။ 

ယခု စတင်ရောင်းချနေသည့် အော်ရီဒူးဆင်းကတ်များနှင့် သုံးစွဲရန် ဟန်းဆက်နှင့် ပတ်သက်သည့် ပြောဆိုမှုများရှိနေရာ အသစ်ဝယ်စရာမလိုဘဲ Apple၊ HTC၊ LG၊ Nokia၊ Sony၊ Samsung စသဖြင့် UMTS 900 ရှိသည့် မည်သည့်ဖုန်းနှင့်မဆိုသုံးနိုင် ကြောင်း၊ အခက်အခဲရှိပါကသီးသန့် ဝန်ဆောင်မှုစင်တာ ဖွင့်လှစ်ထားကြောင်း၊ သုံးစွဲသူများသိလိုသည်များ ကို၂၄ နာရီ ပိတ်ရက်မရှိ ဖုန်း-ဝ၉-၉၇ဝဝဝ၂၃၄၊ ဝက်ဘ် ဆိုက် www. Ooredoo.com နှင့် အော်ရီဒူး အရောင်းကိုယ်စားလှယ်ဆိုင်များတွင် စုံစမ်းနိုင်ကြောင်းလည်း သိရသည်။ 

ဖုန်းခေါ်ဆိုခများမှာ အော်ရီဒူး ဖုန်းအချင်းချင်းဖြစ်ပါက တစ်မိနစ် ၂၅ ကျပ်၊ စာတို sms တစ်စောင် ၂၅ ကျပ်၊ အင်တာနက် 1 MB 25 ကျပ်၊ အခြားကွန်ရက်မှ ဖုန်းများသို့ တစ်မိနစ် ၃၅ ကျပ် ပေးဆောင်ရမည် ဖြစ်သည်။ ငွေဖြည့်ကတ်များကိုငွေ ကျပ်တစ်ထောင်၊ သုံးထောင်၊ ငါးထောင်၊ တစ်သောင်း၊ နှစ်သောင်း စသည်ဖြင့် ရောင်းချပေးမည်ဖြစ်ပြီး သြဂုတ် ၁၅ ရက်မှ စတင်ကာ ငွေဖြည့်သွင်းနိုင်မည်ဖြစ်သည်။ 

ဆင်းကတ် ဝယ်ယူခအဖြစ်ပေးသွင်း ခဲ့ရသည့် ငွေကျပ် ၁၅ဝဝ အား ပြန်လည်အကျိုးခံစားရမည်ဖြစ် ကြောင်းကို ''လက်ဆောင်ကာလ ပြီးဆုံးရင် သုံးစွဲသူတွေရဲ့ စာရင်းထဲကိုလစဉ် ကျပ် ၅ဝဝ ထည့်ပေါင်းပြီး သုံးကြိမ် ပြန်ထည့်ပေးသွားမှာဖြစ် ပါတယ်'' ဟု တက်ရောက်လာသည့် စာနယ်ဇင်းသမားများနှင့် သီးသန့် တွေ့ဆုံစဉ် အလုပ်အမှုဆောင် အရာရှိချုပ်က ဆိုသည်။

မြန်မာ့ဆက်သွယ်ရေးမှ ၂ဝ၁၃ ခုနစ် ဧပြီလတွင် ဆင်းကတ်တစ်ကတ် လျှင် ကျပ် ၁၅ဝဝ နှုန်း မဲစနစ်ဖြင့် ရောင်းချပေးခဲ့သော်လည်း လိုချင်သလောက် မရခဲ့သဖြင့် ပြည်သူတို့မှာ မျှော်တလင့်လင့်ရှိနေခဲ့ကြရသည်။

အော်ရီဒူးကုမ္ပဏီက ၎င်းနှင့် စာချုပ် ချုပ်ဆိုထားသော ကိုယ်စားလှယ် ဖုန်းအရောင်းဆိုင်များအားရွှေ၊ ငွေ၊ ကြေးဟူ၍ အဆင့်သုံးဆင့်သတ်မှတ် ထားပြီး လိုသလောက်ရောင်းချပေး သွားမည်ဟုလည်း သိရသည်။

''ဇူလိုင် ၃၁ ရက်မှာ အော်ရီဒူး ဖုန်းဆင်းကတ် တစ်ခုကို ကျပ် ၁၅ဝဝ နဲ့ စတင်ရောင်းချပေးပါတယ်။ ဘာမှ မလိုပါဘူး။ မှတ်ပုံတင်ပါရင် ရပြီ။ ကိုယ်ရေးအချက်အလက်တော့ ဖြည့်ပေးရပါမယ်။ အော်ရီဒူးကချပေးမယ့် ကတ်တွေပေါ် မူတည်ပြီး ရောင်းပေး သွားမှာပါ။ 3G ရှိတဲ့ ဘယ်ဟန်းဆက် နဲ့မဆိုသုံးလို့ရပါတယ်'' ဟုလည်း မဟာဗန္ဓုလလမ်းရှိအောင် မိုဘိုင်း အရောင်းဆိုင်မှ ကိုသန်းထိုက်က ပြောသည်။

အော်ရီဒူးဆက်သွယ်ရေး ကုမ္ပဏီ က ယခုစမ်းသပ်ကာလတွင် မန္တလေး၊ နေပြည်တော်၊ ရန်ကုန်မြို့နှင့်အနီး ဝန်းကျင်တို့တွင်သာ သုံးစွဲနိုင်သေး မည်ဖြစ်ပြီး သြဂုတ် ၁၅ ရက်မှ စတင်ကာ ယင်းမြို့ကြီးများအပါအဝင် ပြည်၊ မကွေး၊ မိတ္ထီလာစသည့် မြို့ကြီး ၆၈ မြို့တို့တွင် ကွန်ရက်ချဲ့ထွင် သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေးမှ နော်ဝေ အခြေစိုက်တယ်လီနောနှင့် ကာတာအခြေစိုက် အော်ရီဒူးတို့ကို လုပ်ငန်း လုပ်ကိုင်ခွင့်ပေးခဲ့ရာ ပွဲဦးထွက်အနေဖြင့် အော်ရီဒူးဆက်သွယ်ရေး ကုမ္ပဏီက ဆင်းကတ်များကို ဇူလိုင် ၂၉ ရက် တွင် နေပြည်တော်နှင့် မန္တလေးရှိအရောင်းဆိုင်အချို့က စတင် ရောင်းချပေးခဲ့သလို ရန်ကုန်မြို့ရှိ မိုဘိုင်းဖုန်း အရောင်းဆိုင်များတွင်လည်း ဇူလိုင် ၃ဝ ရက်မှ စတင်၍ ရောင်းချပေးခဲ့သည်။ ဖုန်းကတ် ဝယ်ယူ သူများသောကြောင့် ငွေကျပ်ငါးထောင်၊ ခြောက်ထောင်အထိပေးကာ ဝယ်ယူခဲ့ရသူများရှိသလို အင်တာနက် အသုံးပြုခမှာဈေးနှုန်း မြင့်နေသည်ဟု ဝေဖန်မှုများလည်း ပြည်သူများအကြားတွင် ပျံ့နှံ့လျက် ရှိသည်။ 

(ဝင်းဝင်း)
The Mirror Daily 

No comments:

Post a Comment