Tuesday 22 July 2014

အင်တာနက် ဆက်ကြောင်းတစ်နေရာ မြေတူးစက်ဖြင့် ထိုးမိသဖြင့် ပြတ်တောက်

မြန်မာနိုင်ငံ၏ အဓိက အင်တာနက်ဆက်ကြောင်းတစ်ခု ဖြစ်ပြီး ထိုင်းနိုင်ငံ မြ၀တီနယ်စပ်မှ သွယ်တန်းထား သည့်ဘန်ဝှစ်ဆက်ကြောင်းတစ်နေရာတွင်မြေတူးစက်ဖြင့်တူးမိသဖြင့်လိုင်းပြတ်တောက်မှုဖြစ်ပွား ခဲ့ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။ပဲခူးဘုရားကြီးနှင့် ဝေါမြို့ ကြားရှိဆက်ကြောင်းတစ်နေရာ ကို မြေတူးစက်ဖြင့်တူးမိသဖြင့် လိုင်းပြတ်သွားခြင်းဖြစ်ပြီး ပြန်လည်ပြင်ဆင်ရန်လုပ်ဆောင် နေကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း Internet Service Provider ဌာနမှ အင်ဂျင်နီယာချုပ်ဦးမျိုးဆွေက ပြော သည်။ အဆိုပါဆက်ကြောင်းမှာ တစ်နိုင်ငံလုံးအသုံးပြုလျက်ရှိသော ဘန်ဝှစ်ပမာဏ၏ သုံးပုံနှစ်ပုံခန့်ကို ချိတ် ဆက် အသုံးပြုနေသောကြောင့် ယခုရက်ပိုင်းအတွင်း အင်တာနက်လိုင်းများ ကောင်းစွာ အသုံးပြုနိုင်ဦးမည် မဟုတ်ကြောင်း ဦးမျိုးဆွေက ဆက်လက်ပြော ကြားသည်။


‘‘ဖြစ်သွားတဲ့နေရာက ကုန်းတွင်းပိုင်းဖြစ်တဲ့အတွက် ပြန်ပြင်ရတာတော့လွယ်ပါတယ်။ မနက်ဖြန်လောက်မှာ ပြန်ပြီးသုံးနိုင်ဖို့ တော့လုပ်နေပါတယ်’’ဟု ဦးမျိုးဆွေက ပြောသည်။ နိုင်ငံတစ်ဝန်းဖိုက်ဘာဆက်ကြောင်း များဖြင့် ချိတ်ဆက်ထားသည့် ဘန်ဝှစ်မာဏမှာ 27GB ရှိပြီး ယခုပြတ်သွားသည့်ဆက် ကြောင်းသည် 18GB ခန့်ကို ချိတ် ဆက်ထားသည့်အတွက် လက်ရှိ တွင် လိုင်းပြန်မကောင်းချိန်ထိ ကျန်သော 9GB ကိုသာမျှ၍ အ သုံးပြုနိုင်ဦးမည်ဖြစ်ကြောင်း သိရ သည်။
7Day Daily

No comments:

Post a Comment