Tuesday 22 July 2014

ဝက်စ်ဟမ်းအသင်း မြန်မာနိုင်ငံ လာတော့မည် မဟုတ်

ဝက်စ်ဟမ်း ယူနိုက်တက်အသင်း၏ ရာသီကြို ခြေစမ်းခရီးစဉ်တွင် မြန်မာနိုင်ငံသို့ လာရောက်ကစားရန် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ကြိုးပမ်းခဲ့သော်လည်း ယခုအခါ ပျက်ပြယ်ခဲ့ပြီ ဖြစ်သည်။ ပရီးမီးယားလိဂ်ကလပ် ၀က်စ်ဟမ်းအသင်းအနေဖြင့် ယခုနှစ် ပရီးမီးယားလိဂ် မတိုင်မီတွင် အာဆီယံ နိုင်ငံများဖြစ်သည့် ထိုင်း၊ မလေးရှား၊ မြန်မာနိုင်ငံများသို့ လာရောက်ရန် စီစဉ်ထားသော်လည်း ယခုအခါ ယင်း ခရီးစဉ် အားလုံးကို ဖျက်သိမ်းခဲ့သည်။“၀က်စ်ဟမ်းအသင်း မြန်မာနိုင်ငံကို လာတော့မှာ မဟုတ်ပါဘူး။ သူတို့အသင်းမှာ ကစားသမား စာချုပ်ကိစ္စနဲ့ ပတ်သက်ပြီး ဖြေရှင်းစရာလေးတွေ ရှိနေတဲ့အတွက် အာရှခရီး စဉ်အားလုံးကို ဖျက်သိမ်းခဲ့တာပါ။ ကျွန်တော်တို့အနေနဲ့တော့ နောက်နှစ်တွေမှာ ပရီးမီးယား လိဂ်အသင်း တွေ မြန်မာနိုင်ငံ လာကစားဖို့ ထပ်ကြိုးစားဦးမှာပါ” ဟု မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကျင်းပရေး တာဝန်ခံ ဦးရဲမျိုးဟိန်းက ပြောသည်။ဝက်စ်ဟမ်းအသင်းအနေဖြင့် အာရှခရီးစဉ် ဖျက်သိမ်းပြီးနောက် ဥရောပကလပ် အသင်းများဖြစ်သော ရှော်လ်ကေး၊ မာလာဂါ၊ ဆမ်ဒိုးရီးယား၊ အသင်းများနှင့် ခြေစမ်းရန် စီစဉ်ထားသည်။
mizzima

No comments:

Post a Comment