Saturday 10 May 2014

ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဟောပြောမည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လူထုဆန္ဒ သဘောထားရယူပွဲ မအူပင်မြို့၌ ယနေ့ ပြုလုပ်မည်

Photo: ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဟောပြောမည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လူထုဆန္ဒ သဘောထားရယူပွဲ မအူပင်မြို့၌ ယနေ့ ပြုလုပ်မည်
Saturday, May 10, 2014

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဟောပြောမည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လူထုဆန္ဒသဘောထား ရယူပွဲကို ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့၌ ယနေ့ (မေ ၁၀ ရက်) တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ သိရသည်။

ထို့ပြင် အဆိုပါဟောပြောပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်နှင့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်တို့ကလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်ပေါ်လာပုံ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ သိကောင်းစရာများ၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ရှေ့နောက်မညီညွတ်သော ဥပဒေအချက်အလက်များအား ရှင်းလင်းပြောကြား သွားမည်ဖြစ်ကြောင်း သိရသည်။

"ဥက္ကဋ္ဌ ပါမယ်၊ ကျွန်တော် ပါမယ်။ ဦးအောင်ကြည်ညွန့်ပါမယ်။ လုံခြုံရေးကတော့ ဦးဝင်းထိန်ကြီးကြပ်ပြီးတော့ အဖွဲ့ချုပ် လူငယ်လုံခြုံရေးနဲ့ သွားမှာပေါ့" ဟု အဆိုပါ ဟောပြောပွဲသို့ လိုက်ပါမည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မအူပင်မြို့ လူထုတွေ့ဆုံပွဲ ခရီးစဉ် လုံခြုံရေးဆောင်ရွက်ရန် ဧရာဝတီတိုင်း ဒေသကြီးမှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်အင်အား ၃၀၀ သာမက မအူပင်မြို့နယ် ရဲတပ်ဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက် ထားသည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ မအူပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်းက ပြောကြားသည်။

"၁၀ ရက်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မအူပင်ကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ လူထုဆန္ဒသဘောထား ရယူပွဲအခမ်းအနားမှာ လာရောက်ပြီးတော့ တက်ရောက်ဟောပြောမှာ ဖြစ်ပါတယ်။ ဟောပြောပွဲက ၉ နာရီ ကနေ ၁၂ နာရီအထိပါ။ လုပ်မယ့်နေရာကတော့ မအူပင်-ဖျာပုံ ကားလမ်းမကြီးဘေးမှာ။ အဲဒီဟောပြောမှာကို တက်ရောက်မယ့် ပရိသတ်အားက ၅၀၀၀၀ ကျော်လောက် မှန်းထားပါတယ်။ မြို့မိမြို့ဖတွေက အရမ်းလာစေချင်တာ" ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်းက ပြောကြားသည်။

ဟောပြောပွဲအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင်များသည် မအူပင်မြို့နယ်ရှိ မြို့မိမြို့ဖများနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တိုင်း/ခရိုင် အလုပ်အမှုဆောင် အဖွဲ့ဝင်များအား သီးခြားစီတွေ့ဆုံသွားရန် စီစဉ်ထားကြောင်းလည်း သိရသည်။

ယခုပြုလုပ်သည့် မအူပင်မြို့နယ် လူထုဟောပြောပွဲတွင်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်ရန်နှင့် အသစ်ရေးဆွဲရန်တို့အတွက် သဘောထားကောက်ခံမှု ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ယခင်ပြုလုပ်ခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ဟောပြောပွဲများတွင် တက်ရောက်လာသည့် ပြည်သူများအများစုက လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်ရန် သဘောထား ပေးခဲ့ကြသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်နိုင်ရေးအတွက် ခက်ခဲတင်းကျပ် လွန်းနေသည့် ဖွဲ့စည်းပုံ အခြေခံဥပေဒပါ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ အခန်း ၁၂၊ ပုဒ်မ ၄၃၆ အား ပြုပြင်ပြောင်းလဲ နိုင်ရေးအတွက် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းနှင့် ပူးပေါင်းကာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဟောပြောပွဲများကို မေ ၁၇ ရက်တွင် ရန်ကုန်မြို့၌ လည်းကောင်း၊ မေ ၁၈ ရက်တွင် မန္တလေးမြို့၌လည်းကောင်း ပြုလုပ်မည်ဖြစ်သည်။

၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ မတ် ၃ ရက် မဲဆွယ်စည်းရုံးစဉ် ဒေါ်အောင်ဆန်းစုကြည်အား မန္တလေးမြို့ဒေသခံ တစ်သိန်းခန့်က ကြိုဆိုခဲ့ကြစဉ်
Eleven Media Group 
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဟောပြောမည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လူထုဆန္ဒသဘောထား ရယူပွဲကို ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့၌ ယနေ့ (မေ ၁၀ ရက်) တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ သိရသည်။

ထို့ပြင် အဆိုပါဟောပြောပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်နှင့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်တို့ကလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်ပေါ်လာပုံ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ သိကောင်းစရာများ၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ
ဥပဒေ၏ ရှေ့နောက်မညီညွတ်သော ဥပဒေအချက်အလက်များအား ရှင်းလင်းပြောကြား သွားမည်ဖြစ်ကြောင်း သိရသည်။

"ဥက္ကဋ္ဌ ပါမယ်၊ ကျွန်တော် ပါမယ်။ ဦးအောင်ကြည်ညွန့်ပါမယ်။ လုံခြုံရေးကတော့ ဦးဝင်းထိန် ကြီးကြပ်ပြီးတော့ အဖွဲ့ချုပ် လူငယ်လုံခြုံရေးနဲ့ သွားမှာပေါ့" ဟု အဆိုပါ ဟောပြောပွဲသို့ လိုက်ပါမည့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မအူပင်မြို့ လူထုတွေ့ဆုံပွဲ ခရီးစဉ် လုံခြုံရေးဆောင်ရွက်ရန် ဧရာဝတီ တိုင်း ဒေသကြီးမှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်အင်အား ၃၀၀ သာမက မအူပင်မြို့နယ် ရဲတပ်ဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက် ထားသည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ မအူပင်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်းက ပြောကြားသည်။

"၁၀ ရက်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မအူပင်ကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ လူထုဆန္ဒသဘောထား ရယူပွဲအခမ်းအနားမှာ လာရောက်ပြီးတော့ တက်ရောက်ဟောပြောမှာ ဖြစ်ပါတယ်။ ဟောပြောပွဲက ၉ နာရီ ကနေ ၁၂ နာရီအထိပါ။ လုပ်မယ့်နေရာ ကတော့ မအူပင်-ဖျာပုံ ကားလမ်းမကြီးဘေးမှာ။ အဲဒီဟောပြောမှာကို တက်ရောက်မယ့် ပရိသတ်အားက ၅၀၀၀၀ ကျော်လောက် မှန်းထားပါတယ်။ မြို့မိမြို့ဖတွေက အရမ်းလာစေချင်တာ" ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်းက ပြောကြားသည်။

ဟောပြောပွဲအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင်များသည် မအူပင်မြို့နယ်ရှိ မြို့မိမြို့ဖများနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တိုင်း/ခရိုင် အလုပ်အမှုဆောင် အဖွဲ့ဝင်များအား သီးခြားစီတွေ့ဆုံသွားရန် စီစဉ်ထားကြောင်းလည်း သိရသည်။

ယခုပြုလုပ်သည့် မအူပင်မြို့နယ် လူထုဟောပြောပွဲတွင်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား ပြင် ဆင်ရန်နှင့် အသစ်ရေးဆွဲရန်တို့အတွက် သဘောထားကောက်ခံမှု ပြုလုပ် သွားမည်ဖြစ်ကြောင်းနှင့် ယခင်ပြုလုပ်ခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ဟောပြောပွဲများတွင် တက်ရောက် လာသည့် ပြည်သူများအများစုက လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်ရန် သဘောထား ပေးခဲ့ ကြသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်နိုင်ရေးအတွက် ခက်ခဲတင်းကျပ် လွန်းနေသည့် ဖွဲ့စည်းပုံ အခြေခံဥပေဒပါ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ အခန်း ၁၂၊ ပုဒ်မ ၄၃၆ အား ပြုပြင်ပြောင်းလဲ နိုင်ရေးအတွက် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းနှင့် ပူးပေါင်းကာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဟောပြောပွဲ များကို မေ ၁၇ ရက်တွင် ရန်ကုန်မြို့၌ လည်းကောင်း၊ မေ ၁၈ ရက်တွင် မန္တလေးမြို့၌လည်းကောင်း ပြုလုပ် မည်ဖြစ်သည်။

၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ မတ် ၃ ရက် မဲဆွယ်စည်းရုံးစဉ် ဒေါ်အောင်ဆန်းစုကြည်အား မန္တလေးမြို့ဒေသခံ တစ်သိန်းခန့်က ကြိုဆိုခဲ့ကြစဉ်
Eleven Media Group

No comments:

Post a Comment