Saturday 10 May 2014

ဒေါ်အောင်ဆန်းစုကြည်ဟောပြောပွဲနေ့တွင် ကြံ့ခိုင်ရေးအမတ်ရှင်ပြုအလှူပွဲလုပ်

မအူပင်၊ မဇ္ဈိမ။ ။ မအူပင်မြို့တွင် ၂၀၀၈ဖွဲ့စည်းပုံအခြေခံပြင်ဆင်ရေး အတွက် ဒေါ်အောင်ဆန်း စုကြည် ဟောပြောပွဲလုပ်မည့် မေလ ၁၀ရက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တိုင်း လွှတ်တော် ကိုယ်စားလှယ် ဦးရန်ဝင်းက ရှင်အပါး ၃၀၀ ရှင်ပြုအလှူ ပြုလုပ်ခဲ့သည်။

ရှင်ပြုအလှူပွဲကို မအူပင်မြို့ ရွှေဘုန်းမြတ်စေတီတွင် ပြုလုပ်ခဲ့ပြီး ရှင်ပြုပွဲသို့ မအူပင်မြို့နှင့် အနီးရှိ ကျေးရွာ များမှ ဒေသခံများက မေလ ၆ရက် နံနက်အရောက် ရွှေဘုန်းပွင့်စေတီသို့ လာရန် မေလ၃ရက်က ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လိုက်လံ ဆော်သြထား သည်ဟု ဒေသခံ များက ပြောသည်။ယင်းနေ့ နံနက် ၉နာရီ ၁၀မိနစ် ခန့်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး ဟောပြောရန်
မအူပင်မြို့သို့ ရောက်ရှိခဲ့သည်။ သူမ အလာကို ဧရာဝတီတိုင်း အတွင်းရှိ မြို့နယ်များမှ လူ အင်အား တစ်သိန်း ခန့်က နံနက်အစောပိုင်းမှ စတင်၍ လာရောက် စောင့်ဆိုင်းခဲ့သည်။ ယမန်နေ့ (မေလ ၉ရက်)ကလည်း မအူပင်မြို့တွင် မိုးရွာသဖြင့် ဒေသခံ များက ဟောပြောပွဲပြုလုပ်ချိန်တွင် မိုးရွာပါက ပွဲပျက်မည်ကို စိုးရိမ်သဖြင့် မိုးတားဆုတောင်းခြင်းများ ပြု လုပ်ခဲ့ကြသေးသည်။

ဟောပြောပွဲကို နံနက် ၉နာရီခွဲခန့်တွင် ၁၀နာရီ ၄၀ခန့်တွင် ပြီးစီးသွားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်သည် မအူပင်မြို့ရှိ ရပ်မိရပ်ဖများနှင့် တွေ့ဆုံဦးမည်ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment