Saturday 10 May 2014

ဆုပန်ထွာက ကြေးမုံသတင်းစာကနေ သတိပေးပြီ ဂုဏ်သိက္ခာကျဆင်းအောင် ပြောဆို ရေးသားမှုတွေကို အရေးယူဆောင်ရွက်မည်

Photo: ဆုပန်ထွာက ကြေးမုံသတင်းစာကနေ သတိပေးပြီ ဂုဏ်သိက္ခာကျဆင်းအောင် ပြောဆို ရေးသားမှုတွေကို အရေးယူဆောင်ရွက်မည်
Saturday, May 10, 2014

သရုပ်ဆောင် ဆုပန်ထွာက မေလ ၈ ရက်နေ့ထုတ် အစိုးရ သတင်းစာ တစောင်ဖြစ်တဲ့ ကြေးမုံသတင်းစာမှာ အများသိ စေရန် သတိပေးကြေ ညာချက် တစောင် ထုတ်ပြန်ပါပြီ။ 

ပထမ တခါလည်း ဆုပန်ထွာက သူ့ဖေ့စ်ဘုတ်ကနေ တုံ့ပြန်ခဲ့ပါသေးတယ်။

ဆုပန်ထွာနဲ့ ကိုဥက္ကာကျော်တို့ရဲ့ ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့က စေ့စပ်ကြောင်း လမ်းတာကို လူသိရှင်ကြား လုပ်ဆောင်ခဲ့ အပြီး ဆက်တိုက်ဆိုသလို အပြန်အလှန် ကြေညာချက်တွေထုတ်နေတဲ့ အထဲက အခုနေဆုံး ဆုပန်ထွာကလည်း အများသိစေဖို့ သတိပေးစာကို ရှေ့နေ ဦးချစ်ကိုကိုနဲ့ ဦးသန်းဋ္ဌေး တို့ကို ညွှန်ကြားချက်
ပေး ပြီး ထုတ်ပြန်လာတာဖြစ်ပါတယ်။

ဆုပန်ထွာရဲ့ ကြေးမုံသတင်းစာပါ အများသိစေရန် သတိပေးချက်မှာတော့ ဆုပန်ထွာဟာ အနုပညာ လုပ်ငန်းတွေကို ကောင်းမွန်တဲ့ ဂုဏ်သတင်းနဲ့ သက်တမ်းတလျှောက် လုပ်ကိုင်နေတဲ့ မိကောင်းဖခင် ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီး တဦးဖြစ်တဲ့အကြောင်း ပထမ အချက်မှာ ဖော်ပြထားပါတယ်။

ဆုပန်ထွာနဲ့ ကိုဥက္ကာကျော်တို့ဟာ တဦးနဲ့ တဦး မေတ္တာ သက်ဝင်ချစ်ခင်စုံမက်တဲ့ အတွက် ရာသက်ပန် အရိုးမြေကျ ပေါင်းသင်းဖို့ ရည်ရွက်ချက်နဲ့ ယခင် အိမ်ထောင်နဲ့ တရားဝင်ကွာရှင်းထားကြောင်း မိခင်နဲ့အမတွေ ကို အထောက် အထား စာရွက် စာတမ်း ပြသပြီး မိခင်နဲ့အမတွေကို ကျေနပ်လက်ခံတဲ့အတွက် ကိုဥက္ကာကျော်ဟာ လူကြီးစုံရာနဲ့ ဧပြီ လ ၉ ရက်နေ့က ဆုပန်ထွာနဲ့ စေ့စပ်ကြောင်းလမ်းခဲ့ တာဖြစ်တယ် လို့ ဖော်ပြထားပါတယ်။

ဒါကြောင့် ဆုပန်ထွာရဲ့ ဂုဏ်သိက္ခာညှိုးနွမ်းစေတဲ့ အပြုအမူ၊ အပြောအဆိုတွေ မလုပ်ဖို့ သတိပေး တားမြစ် တာလို့ ဖော်ပြပြီး သတင်းစာ၊ ဂျာနယ်။ ၀က်ဆိုက်တွေက ဆုပန်ထွာရဲ့ ဂုဏ်သိက္ခာ ကျဆင်းအောင် ပြော ဆို ရေးသားမှုတွေကို စုံစမ်းသိရှိပါက ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူဆောင်ရွက် သွားမှာဖြစ်တယ် လို့ အများသိစေ ဖို့ သတိပေး တားမြစ်ကြေညာအပ်ပါတယ်လို့ ဆုပန်ထွာရဲ့ ရှေ့နေ ၂ ဦး လက်မှတ်နဲ့
ကြေညာချက်မှာ ဖော်ပြပါတယ်။

ကိုဥက္ကာကျော်ရဲ့ တရားဝင်ကွာရှင်းမပြီးသေးဘူး ဆိုတဲ့ ဒေါ်မဉ္စူအောင် ကလည်း မကြာသေးခင်တုန်းက ဆုပန်ထွာနဲ့ ကိုဥက္ကာကျော်တို့ရဲ့ စေ့စပ်ပွဲကို ကန့်ကွက်ကြောင်း ကြေးမုံသတင်းစာမှာ ကြေညာခဲ့ပါသေး တယ်။

အဲဒီနောက် ကိုဥက္ကာကျော်ကလည်း သူ့ဖေ့စ်ဘုတ်ကလည်း ရှင်းလင်းချက် ထုတ်ပြန်ခဲ့သလို ကြေးမုံ သတင်းစာမှာ ရှင်းလင်းချက်နဲ့ အများ သိစေရန် ကြေညာ ခဲ့ပါသေးတယ်။

ရွှေမြန်မာ 
သရုပ်ဆောင် ဆုပန်ထွာက မေလ ၈ ရက်နေ့ထုတ် အစိုးရ သတင်းစာ တစောင်ဖြစ်တဲ့ ကြေးမုံ သတင်းစာမှာ အများသိ စေရန် သတိပေးကြေ ညာချက် တစောင် ထုတ်ပြန်ပါပြီ။

ပထမ တခါလည်း ဆုပန်ထွာက သူ့ဖေ့စ်ဘုတ်ကနေ တုံ့ပြန်ခဲ့ပါသေးတယ်။

ဆုပန်ထွာနဲ့ ကိုဥက္ကာကျော်တို့ရဲ့ ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့က စေ့စပ်ကြောင်း လမ်းတာကို လူသိရှင်ကြား လုပ်ဆောင်ခဲ့ အပြီး ဆက်တိုက်ဆိုသလို အပြန်အလှန် ကြေညာချက်တွေထုတ်နေတဲ့ အထဲက အခုနေဆုံး
ဆုပန်ထွာကလည်း အများသိစေဖို့ သတိပေးစာကို ရှေ့နေ ဦးချစ်ကိုကိုနဲ့ ဦးသန်းဋ္ဌေး တို့ကို ညွှန်ကြားချက်
ပေး ပြီး ထုတ်ပြန်လာတာဖြစ်ပါတယ်။

ဆုပန်ထွာရဲ့ ကြေးမုံသတင်းစာပါ အများသိစေရန် သတိပေးချက်မှာတော့ ဆုပန်ထွာဟာ အနုပညာ လုပ်ငန်းတွေကို ကောင်းမွန်တဲ့ ဂုဏ်သတင်းနဲ့ သက်တမ်းတလျှောက် လုပ်ကိုင်နေတဲ့ မိကောင်းဖခင် ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီး တဦးဖြစ်တဲ့အကြောင်း ပထမ အချက်မှာ ဖော်ပြထားပါတယ်။

ဆုပန်ထွာနဲ့ ကိုဥက္ကာကျော်တို့ဟာ တဦးနဲ့ တဦး မေတ္တာ သက်ဝင်ချစ်ခင်စုံမက်တဲ့ အတွက် ရာသက်ပန် အရိုးမြေကျ ပေါင်းသင်းဖို့ ရည်ရွက်ချက်နဲ့ ယခင် အိမ်ထောင်နဲ့ တရားဝင်ကွာရှင်းထားကြောင်း မိခင်နဲ့အမတွေ ကို အထောက် အထား စာရွက် စာတမ်း ပြသပြီး မိခင်နဲ့အမတွေကို ကျေနပ်လက်ခံတဲ့ အတွက် ကိုဥက္ကာကျော်ဟာ လူကြီးစုံရာနဲ့ ဧပြီ လ ၉ ရက်နေ့က ဆုပန်ထွာနဲ့ စေ့စပ်ကြောင်းလမ်းခဲ့ တာဖြစ်တယ် လို့ ဖော်ပြထားပါတယ်။

ဒါကြောင့် ဆုပန်ထွာရဲ့ ဂုဏ်သိက္ခာညှိုးနွမ်းစေတဲ့ အပြုအမူ၊ အပြောအဆိုတွေ မလုပ်ဖို့ သတိပေး တားမြစ် တာလို့ ဖော်ပြပြီး သတင်းစာ၊ ဂျာနယ်။ ၀က်ဆိုက်တွေက ဆုပန်ထွာရဲ့ ဂုဏ်သိက္ခာ ကျဆင်းအောင် ပြော ဆို ရေးသားမှုတွေကို စုံစမ်းသိရှိပါက ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူဆောင်ရွက် သွားမှာဖြစ်တယ် လို့ အများသိစေ ဖို့ သတိပေး တားမြစ်ကြေညာအပ်ပါတယ်လို့ ဆုပန်ထွာရဲ့ ရှေ့နေ ၂ ဦး လက်မှတ်နဲ့
ကြေညာချက်မှာ ဖော်ပြပါတယ်။

ကိုဥက္ကာကျော်ရဲ့ တရားဝင်ကွာရှင်းမပြီးသေးဘူး ဆိုတဲ့ ဒေါ်မဉ္စူအောင် ကလည်း မကြာသေးခင်တုန်းက ဆုပန်ထွာနဲ့ ကိုဥက္ကာကျော်တို့ရဲ့ စေ့စပ်ပွဲကို ကန့်ကွက်ကြောင်း ကြေးမုံသတင်းစာမှာ ကြေညာခဲ့ပါသေး တယ်။

အဲဒီနောက် ကိုဥက္ကာကျော်ကလည်း သူ့ဖေ့စ်ဘုတ်ကလည်း ရှင်းလင်းချက် ထုတ်ပြန်ခဲ့သလို ကြေးမုံ သတင်းစာမှာ ရှင်းလင်းချက်နဲ့ အများ သိစေရန် ကြေညာ ခဲ့ပါသေးတယ်။

ရွှေမြန်မာ

No comments:

Post a Comment