Thursday 3 April 2014

DKBA နောက်လိုက်ခဲ့သော သမီးကလေး ဒေသခံများ ဒုံသမိတံတားတွင် တားဆီးခံရ

Photo: DKBA နောက်လိုက်ခဲ့သော သမီးကလေး ဒေသခံများ ဒုံသမိတံတားတွင် တားဆီးခံရ 
Wednesday, April 2, 2014

DKBA ထိန်းချုပ်နယ်မြေသို့ ပြောင်းရွှေ့လာသော သမီးကလေး ကျေးရွာနှင့် အခြားရွာနေသူ ၃၀၀ ခန့်ကို ကရင်ပြည်နယ်အတွင်း မဝင်ရောက်ရန် ဒူးရင်းဆိပ် ကျေးရွာအနီး မွန်ပြည်နယ်အဆုံး ကရင်ပြည်နယ်အစ ဒုံသမိတံတားတွင် ဧပြီလ ၂ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်က တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင် အင်အား ၁၅၀၀ ခန့်က ပိတ်ဆို့တားဆီးခဲ့ကြောင်း ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA) မှ ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က The Voice သို့ ပြောကြားသည်။

ပဲခူးတိုင်းဒေသကြီး အလိုင်နီကျေးရွာရှိ အောင်သိဒ္ဓိကျောင်းတိုက်မှ ဧပြီလ ၂ ရက်နေ့ နံနက် ၄ နာရီခန့်က ၁၂ ဘီးယာဉ် လေးစီးဖြင့် သမီးကလေးကျေးရွာ အပါအဝင် ဒေါ်ကာလီ၊ အင်းပတီးရွာတို့မှ လူဦးရေ ၂၉၅ ဦးရှိ အိမ်ထောင်စု ၈၀ ကို DKBA ထိန်းချုပ်နယ်မြေ မြဝတီမြို့အနီး ကျောက်ခတ်ကျေးရွာတွင် နေရာချပေးရန် ခေါ်ဆောင်လာစဉ် မွန်ပြည်နယ်အဆုံး ကရင်ပြည်နယ်အစ ခရိုင်ချင်း ဆက်သွယ်ထားသည့် ဒုံသမိတံတား၌ တပ်နှင့် ရဲတပ်ဖွဲ့ လက်နက်အင်အား အပြည့်အစုံဖြင့် ကရင်ပြည်နယ်အတွင်း မဝင်စေရန် ပိတ်ဆို့တားဆီးခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ 

မြန်မာနိုင်ငံ နယ်စပ်ဒေသတွင် ဒုက္ခသည်များ သိန်းချီ ရှိနေသောကြောင့် DKBA ထိန်းချုပ်နယ်မြေသို့ ပြောင်းရွှေ့လာသော လှည်းကူးမြို့နယ်ရှိ ကျေးရွာ ဖယ်ရှားခံရသူများကို ကရင်ပြည်နယ်အတွင်း နေထိုင်ခွင့် မပြုနိုင်ဟုဆိုကာ ကရင်ပြည်နယ် အာဏာပိုင် အဖွဲ့အစည်း၏ တားဆီးခြင်း ခံရပြီး ယင်းနေ့ည ၇ နာရီခန့်တွင် ပြည်နယ်ဝန်ကြီးချုပ် ခွင့်ပြုချက်ဖြင့် ဝင်ခွင့်ပြုခဲ့သည်။ 

အဆိုပါ ဝင်ခွင့်ပြုသော ခရီးစဉ်မှာ ကရင်ပြည်နယ် ဘားအံမြို့အနီး မြို့ရှောင်လမ်းမှ တစ်ဆင့် ဇာသပြင်ဘက်၊ ယင်းမှတစ်ဆင့် မွန်ပြည်နယ် မုဒုံမြို့မှ ဘုရားများ ဖူးရန်သာ ဝင်ခွင့်ပြုခဲ့ပြီး လတ်တလောတွင် DKBA ထိန်းချုပ်နယ်မြေ မြဝတီဘက်သို့ သွားခွင့်မပြုဘဲ လမ်းများကို ပိတ်ဆို့ထားကြောင်း အောင်သိဒ္ဓိကျောင်းတိုက် ဆရာတော် အရှင်အဂ္ဂဓမ္မက မိန့်ကြားသည်။

“ကရင်ပြည်နယ် ဝန်ကြီးချုပ်က နယ်စပ်မှာ ဒုစရိုက်မှုနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေ ရှုပ်ထွေးနေလို့ ခေါ်လာတဲ့ သူတွေကို ကရင်ပြည်နယ်စပ် တံတားမှာ ထားခဲ့ဖို့ ပြောပေမယ့် ပစ်ချခဲ့ရလောက်အောင် ဒီလူတွေက အမှိုက်မှ မဟုတ်တာ” ဟု DKBA မှ ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က ရှင်းပြသည်။

ပြောင်းရွှေ့လာသူ ၃၀၀ ခန့်မှာ ပူပြင်းလှသော နေအရှိန်ကြောင့် ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများမှာ ခရီးပန်းသည့်ဒဏ် ခံစားရသူများနှင့် ကျန်းမာရေး မကောင်းသူများပင် ရှိကြောင်း သမီးကလေး ကျေးရွာနေသူ အသက် ၄၅ နှစ်အရွယ် အမျိုးသားကြီး တစ်ဦးက ပြောကြားသည်။

ကရင်ပြည်နယ်ရှိ ဘုရားများဖူးရန် လေးရက်ခန့် မြဝတီမြို့သို့ ခေါ်ဆောင်ရန် DKBA မှ ဗျူဟာမှူးက ပြည်နယ်ဝန်ကြီးထံ တောင်းဆိုခဲ့သော်လည်း ကရင်ပြည်နယ် ဝန်ကြီးချုပ်က မွန်ပြည်နယ်ရှိ ဘုရားများဖူးရန်သာ ယာယီခွင့်ပြုထားကြောင်း၊ DKBA ထိန်းချုပ်နယ်မြေတွင် နေထိုင်ခွင့်ရရန် ဝန်ကြီးချုပ်ဖြင့် ဆက်လက် ညှိနှိုင်းသွားမည် ဖြစ်ကြောင်း ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA) မှ ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်ကပြောကြားသည်။

“မှတ်ပုံတင် ကိုင်ထားတဲ့ မြန်မာနိုင်ငံသား တစ်ယောက်ကို ဟိုမဝင်ရ ဒီမဝင်ရ အပိတ်ခံရတာ နားမလည်နိုင်ဘူး။ သမ္မာအာဇီဝကျကျ ရှာဖွေစားဖို့ နေစရာပေးပြီး အလုပ်အကိုင် အခွင့်အလမ်းရှိမယ့် DKBA နောက် လိုက်လာတာ ကရင်ပြည်နယ်ထဲ ပေးမဝင်ဘူး။ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းကလည်း နှင်ထုတ်ခံရတယ်။ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့ လုပ်နေပုံက ကျွန်တော်တို့ ရွာသားတွေ ရာဇဝတ်မှု ကျူးလွန်ထားလို့ လက်သင့်မခံနိုင်တဲ့ ပုံစံမျိုး ဆက်ဆံနေသလို ခံစားရတယ်” ဟု သမီးကလေး ကျေးရွာသား အသက် ၄၀ ဝန်းကျင်ရှိ အမျိုးသားတစ်ဦးက ပြောကြားသည်။ 

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် ကြားရှိ ဒူးရင်းဆိပ်ကျေးရွာအနီး ဒုံသမိတံတားတွင် ပြောင်းရွှေ့လာသူများမှာ ပိတ်ပင်ခံထားရသောကြောင့် ပဲခူးတိုင်းဒေသကြီး အလိုင်နီကျေးရွာရှိ အောင်သိဒ္ဓိကျောင်းတိုက်သို့ မပြန်လိုဟု ပြောဆိုကြကြောင်း လိုက်လံပို့ဆောင်ပေးသော လှည်းကူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အတွင်းရေးမှူး ကိုသက်ခိုင်က ပြောကြားသည်။

The Voice Weekly
DKBA ထိန်းချုပ်နယ်မြေသို့ ပြောင်းရွှေ့လာသော သမီးကလေး ကျေးရွာနှင့် အခြားရွာနေသူ ၃၀၀ ခန့်ကို ကရင်ပြည်နယ်အတွင်း မဝင်ရောက်ရန် ဒူးရင်းဆိပ် ကျေးရွာအနီး မွန်ပြည်နယ်အဆုံး ကရင်ပြည်နယ်အစ ဒုံသမိတံတားတွင် ဧပြီလ ၂ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်က တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင် အင်အား ၁၅၀၀ ခန့်က ပိတ်ဆို့တားဆီးခဲ့ကြောင်း ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA) မှ ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က The Voice သို့ ပြောကြားသည်။
ပဲခူးတိုင်းဒေသကြီး အလိုင်နီကျေးရွာရှိ အောင်သိဒ္ဓိကျောင်းတိုက်မှ ဧပြီလ ၂ ရက်နေ့ နံနက် ၄ နာရီခန့်က ၁၂ ဘီးယာဉ် လေးစီးဖြင့် သမီးကလေးကျေးရွာ အပါအဝင် ဒေါ်ကာလီ၊ အင်းပတီးရွာတို့မှ လူဦးရေ ၂၉၅ ဦးရှိ အိမ်ထောင်စု ၈၀ ကို DKBA ထိန်းချုပ်နယ်မြေ မြဝတီမြို့ အနီး ကျောက်ခတ်ကျေးရွာ တွင် နေရာ ချပေးရန် ခေါ်ဆောင်လာစဉ် မွန်ပြည်နယ်အဆုံး ကရင်ပြည်နယ်အစ ခရိုင်ချင်း ဆက်သွယ်ထားသည့် ဒုံသမိတံတား၌ တပ်နှင့် ရဲတပ်ဖွဲ့ လက်နက်အင်အား အပြည့်အစုံဖြင့် ကရင်ပြည်နယ်အတွင်း မဝင်စေရန် ပိတ်ဆို့တားဆီးခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံ နယ်စပ်ဒေသတွင် ဒုက္ခသည်များ သိန်းချီ ရှိနေသောကြောင့် DKBA ထိန်းချုပ်နယ်မြေ သို့ ပြောင်းရွှေ့လာသော လှည်းကူးမြို့နယ်ရှိ ကျေးရွာ ဖယ်ရှားခံရသူများကို ကရင်ပြည်နယ် အတွင်း နေ ထိုင်ခွင့် မပြုနိုင်ဟုဆိုကာ ကရင်ပြည်နယ် အာဏာပိုင် အဖွဲ့အစည်း၏ တားဆီးခြင်း ခံရပြီး ယင်းနေ့ည ၇ နာရီခန့်တွင် ပြည်နယ်ဝန်ကြီးချုပ် ခွင့်ပြုချက်ဖြင့် ဝင်ခွင့်ပြုခဲ့သည်။

အဆိုပါ ဝင်ခွင့်ပြုသော ခရီးစဉ်မှာ ကရင်ပြည်နယ် ဘားအံမြို့အနီး မြို့ရှောင်လမ်းမှ တစ်ဆင့် ဇာသပြင် ဘက်၊ ယင်းမှတစ်ဆင့် မွန်ပြည်နယ် မုဒုံမြို့မှ ဘုရားများ ဖူးရန်သာ ဝင်ခွင့်ပြုခဲ့ပြီး လတ်တလောတွင် DKBA ထိန်းချုပ်နယ်မြေ မြဝတီဘက်သို့ သွားခွင့်မပြုဘဲ လမ်းများကို ပိတ်ဆို့ထားကြောင်း အောင်သိဒ္ဓိကျောင်းတိုက် ဆရာတော် အရှင်အဂ္ဂဓမ္မက မိန့်ကြားသည်။

“ကရင်ပြည်နယ် ဝန်ကြီးချုပ်က နယ်စပ်မှာ ဒုစရိုက်မှုနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေ ရှုပ်ထွေးနေ လို့ ခေါ်လာတဲ့ သူတွေကို ကရင်ပြည်နယ်စပ် တံတားမှာ ထားခဲ့ဖို့ ပြောပေမယ့် ပစ်ချခဲ့ရလောက်အောင် ဒီလူတွေက အမှိုက်မှ မဟုတ်တာ” ဟု DKBA မှ ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က ရှင်းပြသည်။

ပြောင်းရွှေ့လာသူ ၃၀၀ ခန့်မှာ ပူပြင်းလှသော နေအရှိန်ကြောင့် ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများမှာ ခရီးပန်းသည့်ဒဏ် ခံစားရသူများနှင့် ကျန်းမာရေး မကောင်းသူများပင် ရှိကြောင်း သမီးကလေး ကျေးရွာနေ သူ အသက် ၄၅ နှစ်အရွယ် အမျိုးသားကြီး တစ်ဦးက ပြောကြားသည်။

ကရင်ပြည်နယ်ရှိ ဘုရားများဖူးရန် လေးရက်ခန့် မြဝတီမြို့သို့ ခေါ်ဆောင်ရန် DKBA မှ ဗျူဟာမှူး က ပြည်နယ် ဝန်ကြီးထံ တောင်းဆိုခဲ့သော်လည်း ကရင်ပြည်နယ် ဝန်ကြီးချုပ်က မွန်ပြည်နယ်ရှိ ဘုရားများ ဖူးရန်သာ ယာယီခွင့်ပြုထားကြောင်း၊ DKBA ထိန်းချုပ်နယ်မြေတွင် နေထိုင်ခွင့်ရရန် ဝန်ကြီးချုပ်ဖြင့် ဆက်လက် ညှိနှိုင်းသွားမည် ဖြစ်ကြောင်း ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA) မှ ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်ကပြောကြားသည်။

“မှတ်ပုံတင် ကိုင်ထားတဲ့ မြန်မာနိုင်ငံသား တစ်ယောက်ကို ဟိုမဝင်ရ ဒီမဝင်ရ အပိတ်ခံရတာ နား မလည်နိုင်ဘူး။ သမ္မာအာဇီဝကျကျ ရှာဖွေစားဖို့ နေစရာပေးပြီး အလုပ်အကိုင် အခွင့်အလမ်းရှိမယ့် DKBA နောက် လိုက်လာတာ ကရင်ပြည်နယ်ထဲ ပေးမဝင်ဘူး။ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းက လည်း နှင်ထုတ်ခံရတယ်။ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့ လုပ်နေပုံက ကျွန်တော်တို့ ရွာသားတွေ ရာဇဝတ်မှု ကျူးလွန်ထားလို့ လက်သင့်မခံနိုင်တဲ့ ပုံစံမျိုး ဆက်ဆံနေသလို ခံစားရတယ်” ဟု သမီး ကလေး ကျေးရွာသား အသက် ၄၀ ဝန်းကျင်ရှိ အမျိုးသားတစ်ဦးက ပြောကြားသည်။

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် ကြားရှိ ဒူးရင်းဆိပ်ကျေးရွာအနီး ဒုံသမိတံတား တွင် ပြောင်းရွှေ့ လာသူများမှာ ပိတ်ပင်ခံထားရသောကြောင့် ပဲခူးတိုင်းဒေသကြီး အလိုင်နီကျေးရွာရှိ အောင်သိဒ္ဓိကျောင်း တိုက်သို့ မပြန်လိုဟု ပြောဆိုကြကြောင်း လိုက်လံပို့ဆောင်ပေးသော လှည်းကူးမြို့နယ် အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်မှ အတွင်းရေးမှူး ကိုသက်ခိုင်က ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment