ဆိုင်ကယ်စီးလာသူတစ်ဦး၏ မျက်နှာကို လက်နှိပ်ဓာတ်မီးဖြင့်ထိုးကာ လူသုံးဦးက ၀ိုင်းဝန်းရိုက်နှက်ပြီး ဆိုင် ကယ်သမားထံမှ ငွေကျပ် သိန်း ၄၀ ကို လုယူထွက်ပြေးသွားသည့် အမှုတစ်ခု မတ်လ ၃၁ ရက် ညဦးပိုင်း က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် တွင် ဖြစ်ပွားခဲ့ သည်ဟု အဆိုပါမြို့နယ်၊ မလယ် နယ်မြေရဲစခန်း ရဲတပ် ဖွဲ့ဝင်တစ်ဦးက ပြောသည်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ၊ ကျားဘိုကျွန်းတောတိုက်အနီး၌ ပဇီကြီးကျေးရွာနေ မောင်မျိုး အသက် (၂၃)နှစ်ဆိုသူ သည် မတ်လ ၃၀ ရက် ည ၇ နာရီခွဲက ဆိုင်ကယ်စီးလာစဉ် အမည်မသိ လူသုံးဦးက ဆိုင်ကယ်စီးလာသူ၏ မျက်နှာကို လက်နှိပ်ဓာတ်မီးဖြင့်ထိုးကာ တားဆီးရိုက်နှက်ပြီး ငွေများကို လုယက်ခံရခြင်းဖြစ်ကြောင်း မလယ်ရဲစခန်း၏ မှတ်တမ်း တွင် ဖော်ပြ ထားသည်။ရိုက်နှက်ခံရသူသည် စဉ့်ကူမြို့နယ်၊ ငါးတွင်းကြီးကျေးရွာမှ ကျားဘိုကျွန်းတော တိုက်တွင် နေထိုင်သူ ဦးခိုင်စိုးနှင့် ဦးမောင်အေး ဆိုသူတို့ထံ အကြွေးပေးရန်သွားစဉ် ထိုတောတိုက်သို့ ဖြတ်သန်းရောက်ခဲ့ခြင်း ဖြစ်သည်။
ရိုက်နှက်လုယက်ခံရသူကိုမောင်မျိ
အဆိုပါ ရိုက်နှက်လုယက်မှုနှင့် ပတ်သက်ပြီး ကန့်ဘလူမြို့နယ်၊ မလယ်နယ်မြေ ရဲစခန်းက ပြစ်မှုကြီးဖြစ် စဉ်အမှတ် ၃/ ၂၀၁၄ (ပ) ၂၄/၂၀၁၄ ပုဒ်မ၃၉၄ အရ အမှုဖွင့်ဆောင်ရွက်နေသည်။
မလယ်ရဲစခန်းနယ်မြေသည် တစ်လလျှင် အမှုကြီးဖြစ်စဉ်တစ်ခုနှုန်း ဖြစ်ပွား ပေါ်ပေါက်လျက်ရှိသည့် အတွက် မှုခင်းကျဆင်းရေး ပညာပေးဟောပြောပွဲများ ပြု လုပ်ပေးရန်လိုအပ်လျက်ရှိကြောင်း
Mizzima - News in Burmese
No comments:
Post a Comment