Thursday 3 April 2014

ပြည်သူ့ဆန္ဒဖြင့် အတည်ပြုထားသည့် ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေ

မိမိနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း နိုင်ငံသားတစ်ဦးအနေဖြင့် မဖြစ်မနေလေ့လာသင့်ပါသည်။ ၁၉၄၇ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့တွင် မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို တိုင်းပြည်ပြု လွှတ်တော်က အတည်ပြုပြဌာန်းပေးခဲ့သည်…..ထိုအချိန်တွင် လွတ်လပ်ရေးမရှိသေးသော်လည်း ယင်း အခြေခံ ဥပဒေနှင့်အညီ ၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်နေ့ လွတ်လပ်ရေးရရှိချိန်တွင် လွတ်လပ်၍ အချုပ်အခြာအာဏာပိုင်သော နိုင်ငံအဖြစ် ကမ္ဘာအလယ်တွင်ရပ်တည်နိုင်ခဲ့သည်…..
ခေတ်အဆက်ဆက်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ ခေတ်နှင့်အညီ ပြင်ဆင်ရေးဆွဲဆောင်ရွက်ခဲ့ရာ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ကို အတည်ပြုပေးနိုင်ခဲ့သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ သည် ဒီမိုကရေစီအစိုးရသစ်ကို ဖော်ဆောင်ပေးသည့် ဒီမိုကရေစီစနစ်အတွက် ပထမဆုံးပေါ်ပေါက်လာ သည့် ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေဟု ခေါ်ဆိုနိုင်ပေသည်…..

ဒီမိုကရေစီစနစ်ပေါ်ထွန်းမှုကို ပြည်သူအများက အားရ၀မ်းသာကြိုဆိုခဲ့သည်။ ကျွန်တော်ကိုယ်တိုင် လည်း ထောက်ခံမဲပေးခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ကို ဆန္ဒမဲပေးသူ (၂၆.၇)သန်းကျော် ရှိပြီး ထောက်ခံ မဲ ပေးသူ(၂၄.၇)သန်း၊ ကန့်ကွက် မဲပေးသူ(၁.၆)သန်းရှိကြောင်း သိရသည်။ ဒီမိုကရေစီ အစိုးရသစ်လက်ထက်တွင် တပ်မတော်အစိုးရ၏ အားနည်းချက် များကို ပြင်ဆင်ဆောင်ရွက်နိုင်မည်ဟု ကျွန်တော်တို့ ယုံကြည်ခဲ့သည်…..

ခေတ်အဆက်ဆက် “အခြေခံဥပဒေကို လွယ်လွယ်ရေးဆွဲ၍ လွတ်လပ်ရေးကို ခပ်ပေါ့ပေါ့နှင့်ရခဲ့သည်ကား” မဟုတ်ပေ။ အခြေခံဥပဒေကို ရေးဆွဲပြဌာန်းရာတွင် နိုင်ငံသူ၊ နိုင်ငံသားတို့၏ မျှော်လင့်တောင့်တချက်၊ ကတိ၊ သန္ဒိဌာန်၊ ကျင့်ဝတ်နှင့် စည်းကမ်းများပါဝင်ပေသည်။ ပြည်သူလူထု တင်မြှောက်သော အစိုးရအဖွဲ့က အဆိုပါကတိ၊ အကျင့်သီလမြဲမြန်၍၊ ဇွဲသန်သန်လုပ်ကိုင်ကြိုးပမ်းသည်နှင့်အမျှ အခြေခံဥပဒေသည် ခိုင်ခံ့ရှင်သန်နေမည်ဖြစ်သည်။ အခြေခံဥပဒေတွင် လိုအပ်ချက်များကို ပြန်လည်လေ့လာ သုံးသပ်ပြီး ခေတ်နှ င့် အညီပြုပြင်နိုင်ရန် ပြဌာန်းပေးထားပြီး လည်းဖြစ်သည်…..

၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုလေ့လာကြည့်ပါက ခွဲခြားကြည့်ပါကနှစ်မျိုးနှစ်စားတွေ့နိုင်ပေသည်။ တစ်မျိုးမှာ အစိုးရအဖွဲ့မှလိုက်နာရန်ပါရှိပြီး အခြားတစ်မျိုးမှာ ပြည်သူလူထုက လိုက်နာရန် အစိုးရ က ရေး ဆွဲပြဌာန်း သော အုပ်ချုပ်ရေးဥပဒေပင်ဖြစ်သည်…..

အုပ်ချုပ်ရေးဥပဒေတွင် ထုံးတမ်းအစဉ်အလာများ၊ စီရင်ချက်များ၊ ဥပဒေပြုအဖွဲ့မှ ပြဌာန်းသည့်ဥပဒေများ၊ ကြားဖြတ်အတည်ပြုထုတ်ပြန်သည့် ဥပဒေနှင့် အမိန့်ပြန်တမ်းများပါဝင်သည်။ နိုင်ငံတစ်နိုင်ငံတွင် အခြေခံ ဥပဒေသည် အရေးကြီးဆုံးဖြစ်ပါသည်…..ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အစိုးရက လိုက်နာရန် ပြဌာန်း ချက် ပင်ဖြစ်ပါ သည်။ ဆိုလိုသည် မှာ အစိုးရနှင့် ပြည်သူလူထု သဘောတူချုပ်ဆိုထားသော စာချုပ်တစ်ခုဟူ၍ မှတ်ယူနိုင်ပေသည်…..

ပြည်သူအတွက် ပြည်သူကတာဝန်ယူဆောင်ရွက်သော ပြည်သူ့အစိုးရစနစ်ဟူသော ဒီမိုကရေစီစနစ်သည် သဘောသဘာဝ အားဖြင့် ကောင်းမွန်ပါသည်။ သို့သော် ဒီမိုကရေစီစနစ်သည် လက်တွေ့လုပ်ဆောင် ရာတွင် အလွန်သိမ်မွေ့နက်နဲ၍ ပြည်သူနှင့် အဆင့်ဆင့်တာဝန်ယူကြသော ပြည်သူ့ကိုယ်စားလှယ်များ၊ အမြဲမပြတ် ကျင့်ဝတ် သီလစောင့်ထိန်းမှု၊ တရားမျှတမှု၊ ကိုယ်ချင်းစာနာမှု၊ တာဝန်ကျေမှု၊ ကျွမ်းကျင်လိမ္မာမှု စသည့်အပေါ်တွင် များစွာ မူတည်နေပါသည်…..

ဆိုလိုသည်မှာ ပြည်သူ၏သဘောဆန္ဒဖြင့် အတည်ပြုပြဌာန်း ၍ ပြည်သူတို့ကအပ်နှင်းထားသော အခြေခံ ဥပဒေဖြစ် ပါသည်။ အခြေခံဥပဒေသည် ပြည်သူမှရေးဆွဲထားသဖြင့် တန်ဖိုးထားရမည်။ ပြည်သူမှ အတည်ပြုပြဌာန်းပေးထား သဖြင့် လေးစားရမည်။ ပြည်သူကလည်းလေးစားရမည်။ ပါတီ ကလည်းလေး စား ရမည်။ အစိုးရကလည်းလေးစားလိုက်နာရမည်။ တပ်မတော်ကလည်းလေးစားရမည်။ လူတစ်စု၊ လူအဖွဲ့ အစည်းတစ်ခု အတွက် ကောင်းကျိုးဆောင်ရွက်ပေးရန်ရေးဆွဲထားခြင်းမဟုတ်ပေ…..

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူကအတည်ပြုပြဌာန်းပေးခဲ့သဖြင့် ပါတီဖွဲ့စည်းခွင့်၊ ရွေးကောက်ပွဲ ကျင်းပခွင့်များရရှိခဲ့ပြီး ပြည်သူ့ကိုယ်စားလှယ် များ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နှ င့် ပြည်ထောင် စု လွှတ်တော်ဟု ပေါ်ပေါက်လာခြင်းပင်ဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့် လွှတ်တော် ကိုယ်စားလှယ် အဖြစ်ရပ် တည်ခွင့်ရရှိခြင်းကြောင့်ပင်ဖြစ်သည်…..

ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် ပေါ်ပေါက်လာသောလွှတ်တော်များတွင် ဒီမိုကရေစီစနစ်နှင့်အညီ လွတ်လပ် စွာ တင်ပြခွင့်၊ ဆွေးနွေးခွင့်၊ ကန့်ကွက်ခွင့်များရရှိခြင်းကြောင့် အုပ်ချုပ်သည့်အစိုးရနှင့် တရားစီရင်ရေး အကြား ထိန်းကြောင်းပေးနိုင်သည့် ဥပဒေပြုမှုများကို အတည်ပြုပြဌာန်းပေးလျက် ရှိပေ သည်…..

ယနေ့အချိန်တွင် တိုင်းပြည်တိုးတက်အောင်ဆောင်ရွက်ရမည့်အစား ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အတွက် ပြည်သူလူထုထောက်ခံမှုရရှိအောင် ဆောင်ရွက်နေမှုများ၊ စည်းရုံးလှုံ့ဆော် မှုမျာ ပြုလုပ်နေသည် ကို တွေ့မြင်ရသည်။ တန်ဖိုးရှိသောအချိန်ကို သူတို့ဖြုန်းနေသည်။ အခြေခံဥပဒေပါ အချက်များစတင်ကျင့်သုံး သည်မှာ ၃နှစ်သာရှိသေးသည်။ အခြေခံဥပဒေပါအချက်များအတိုင်း အားလုံးလက်တွေ့ဆောင် ရွက်ပြီးပြီ လား.. စမ်းသပ်ပြီး ပြီလား….ကျင့်သုံးပြီးပြီလား…..ဟုကျွန်တော်မေးလိုသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ အစိုးရသစ်ကဆောင်ရွက် နေမှုများသည် မမျှတတာရှိပါသလား…..အနိုင်ကျင့်တာရှိပါ သလား….မည် သူ အတွက် ထိခိုက်မှု ရှိနေပါသလဲ….. ကျွန်တော်မေးလိုပါသည်။

နိုင်ငံကိုအုပ်ချုပ်တဲ့ သမ္မတဖြစ်လိုသည်ဟု အရှက်မရှိထုတ်ဖော်ပြော ဆိုခဲ့သည့် ဒေါ်စုကြည် တိုင်းပြည် အတွက် အကျိုးပြုတဲ့လုပ်ငန်း ဘာများလုပ်ဖူးပါသလဲ…..တိုင်းပြည်ကိုစီးပွားရေးပိတ်ဆို့အောင် လုပ်သည်….. အမိန့်အာဏာဟူ သမျှဖီဆန်သည်…..ထောင်ထဲအကြိမ်ကြိမ်ဝင်သည်…..ပြည်ပမှ တရားမ၀င်ထောက်ပံ့ မှုများကို အရှက်မရှိစားသည်….. ပြည်ပကထောက်ပံ့မှုကိုယူသည်….. သူတို့ကိုချစ်လို့မဟုတ်….. အနာဂတ် ကာလ တွင် ကျွန်တော်တို့တိုင်းပြည်ကိုသူတို့ ချယ်လှယ်ချင်သလို ချယ်လှယ်လို့ရသည့် အစိုးရဖြစ်စေရန် ရည်ရွယ်ထောက်ပံ့နေခြင်းဖြစ်သည်။

အကျိုးမရှိတဲ့အလုပ်ကို လုပ်လိမ့်မည်ဟု အစကကျွန်တော်မထင်ခဲ့သဖြင့် သူတို့လှုပ်ရှားမှုကို ထောက်ခံ အားပေးခဲ့သည်….သို့သော် ဤကဲ့သို့ အကျိုးမရှိသော အလုပ်ကိုလုပ်လိမ့်မည်ဟု ကျွန်တော် မထင်ပေ….. ဒေါ်စုကြည် ပညာတတ်သည်ဟုပြောသည်… ပြည်ပမှာနေပြီး ပြည်ပရှိ နိုင်ငံခြားသား တစ် ဦးနှင့် အိမ်ထောင်ကျပြီး ပြည်ပတွင် ဘွဲ့ရတာမထူးဆန်းတော့…..အစိုးရသစ်လက်ထက်တွင် အသက် ငယ်ငယ်ဖြင့် ပြည်ပမှပါရဂူဘွဲ့များ၊ မဟာဘွဲ့များ ရတဲ့သူ ကျွန်တော်တို့နိုင်ငံမှာရာချီပြီးရှိနေပြီဖြစ်သည်။

သူဘွဲ့ထူးဂုဏ်ထူးတွေရသည်ဟုပြောသည်…..အနောက်အင်အားကြီး နိုင်ငံများဟာ သူတို့လိုရင်တစ်မျိုး မလိုရင်တစ်မျိုးလုပ်တတ်သည်….. ထူးချွန်လို့ဘွဲ့ထူးဂုဏ်ထူးကိုပေးခြင်းမဟုတ်…..မိမိနိုင်ငံကို ၎င်းတို့ အလို ကျ ချယ်လှယ်ခွင့်ရရှိလေခြင်းကြောင့် သူတို့ရဲ့လုပ်ရိုးလုပ်စဉ်အတိုင်း အစိုးရဆန့်ကျင်သူကို ပေးလေ့ ရှိခြင်းဖြစ်သည်…. key player ကို ရှာဖွေပြီး ထောက်ပံ့ပေးခြင်းဖြစ်သည်…..ဒေါ်စု ဘယ်လို အတတ် ပညာမျိုးတတ်သည်ကို ကျွန်တော် မပြောတတ်ပါ…..သို့သော် သူကိုကျွန်တော်အထင်ကြီးလေးစား မိတာ ကိုနှမြောမိသည်…..

ဒေါ်စုကြည် မေ့နေသည့်အချက်တစ်ချက်မှာ သူ့ကိုယ်သူ ပြည်သူတစ်ယောက်အဖြစ်ခံယူရန် မေ့နေခြင်း ပင် ဖြစ်သည်…..သူ့အသက်အရွယ်ကြည့်တော့ လူလောကအတွက် အရွယ်အိုပြီးအချိန်မရှိတော့ပေ….. သို့သော် ဗုဒ္ဓဘာသာကို ဟန်ပြသာကိုးကွယ်ခဲ့သည်။ အဲရစ်စုကြည်ခေါ် ဒေါ်စုကြည်မှာ ယနေ့ထိ အသိတရား လဲမရ။ တိုင်းပြည် အတွက်လည်းအကျိုးရှိအောင် မလုပ်နိုင်….. သူကိုကြည့်ပြီး သနားမိ သည်….. သူ့မှာ ဗုဒ္ဓဘာသာကို သတ်ဝင်ယုံကြည်မှု အမှန်ပင်မရှိတော့ပြီ…..အနောက်တိုင်းယဉ်ကျေးမှုနှင့် ဓလေ့စရိုက်တွေလွှမ်းမိုးထားမှုကြောင့် သူ၏အကျင့်စရိုက်များ ပေါ်လာသည်…..

နေပြည်တော်ကဟိုတယ်တစ်ခုတွင် မနှစ်ကသူနဲ့ဆုံခဲ့ဖူးသည်….ဟိုတယ်မှာ နံနက်စာသုံးဆောင်ချိန်တွင် သူကြိုက်နှစ်သက်သည့် အနောက်တိုင်း ဗိုလ်စာရှိ၊ မရှိမေးသည်….မရှိပါဟု ဟိုတယ်ဝန်ထမ်း ကပြန်ပြောတော့…. ဟိုတယ်ကဘာအဆင့်ရှိလို့လဲဟု ၀န်ထမ်းများကို မာမာထန်ထန်ပြောသည်…..သူ့မှာ စာနာစိတ်၊ ကိုယ်ချင်းစာစိတ် မရှိ တော့…..ဗိုလ်ချုပ်အောင်ဆန်းကို ကျွန်တော်တို့မမြင်ဘူးသော်လည်း သူ့ရဲ့သွေးပါလားဆိုတဲ့ သံယောဇဉ်နဲ့ သူ့ကို ယုံကြည်ခဲ့မိသည်…..သို့သော် ဒေါ်စုကြည်တွင် မြန်မာ ဓလေ့စရိုက်မရှိတော့ပေ…..

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရန်လိုသည်ဟု သူဟစ်ကြွေးသည်….. ကျွန်တော်ရှေ့နေဟောင်းတစ်ဦးအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာကြည့်ပါသည်။ နိုင်ငံသားတစ်ဦး တစ်ယောက်အတွက် ဘာအတားအဆီးမှ မရှိသည့် ဥပဒေဖြစ်ပါသည်….NLD ကဲ့သို့ တိုင်းပြည်ပျက်စီးရာပျက်စီးကြောင်း လုပ်လိုသူ…..ပါတီသမိုင်းမကောင်းတဲ့ သူ…..နိုင်ငံတော်ရဲ့ ဥပဒေများကိုအကြိမ်ကြိမ် ဖောက်ဖျက် ကျူးလွန်ပြီး အရေးယူခံရသူအဖို့ သူ့ပါတီအတွက်ပြင်ဆင် လိုခြင်းဖြစ်သည်…..ပြည်သူလူထုထောက်ခံ မဲ(၂၄.၇)သန်း ကျော်ရဲ့မျက်နှာကို ကြည့်ရမည်ဖြစ်သည်…..ဖွဲ့စည်းပုံ အခြေခံဥပဒေကို မထောက်ခံသည့်(၁.၆)သန်း၏ မျက်နှာကို မကြည့်နိုင်ပါ…..

တရားဥပဒေကို မလိုက်နာတဲ့သူ၊ အစိုးရကိုဆန့်ကျင်လိုစိတ်ရှိသူ၊ မြန်မာလူမျိုး တို့၏ ဓလေ့စရိုက်ကို နား မလည် သူသည် ဥပဒေမကောင်းကြောင်းသာပြောနေပေတော့ မည်။ ဥပဒေ၏အနှစ်သာရကိုလည်း သိရှိမည်မထင်ပါ…..ဥပဒေ အတိုင်း စိတ်ရှည်စွာလိုက်နာကျင့်သုံးမှုတော့ မရှိနိုင်တော့ပါ…..

အဘယ်ကြောင့်ဆိုသော် သူတို့၏မူလစိတ်မှာ နိုင်ငံတော်နှင့် ဆန့်ကျင်ဘက်သာရပ်တည်နေရသည်။ ဥပဒေကို ဆန့်ကျင်ပြီးပြောဆိုနေရသည်ကို ကျေနပ်နေသူများဖြစ်သည်။ ထိုကဲ့သို့သောသူများ နိုင်ငံတော်ကို အုပ်ချုပ်ဖို့ ကြိုးစား ကြသည်။ ဥပဒေကို မလိုက်နာသောသူ၊ အစိုးရကိုဆန့်ကျင်လိုစိတ်ရှိသူ၊ မြန်မာလူမျိုးတို့၏ ဓလေ့စရိုက်ကို အကောင်းမမြင်သူ၊ အမျိုးဂုဏ်ဇာတိဂုဏ် ထိန်းသိမ်းနိုင်စွမ်းမရှိသူ၊ ပြည်ပနိုင်ငံကြီး များကိုသာ အထင်ကြီးလေးစားအားကိုးတတ်သူတို့ကို ကျွန်တော်တို့အထင်မကြီးတော့ပေ။ တိုင်းပြည်ကို ချစ်သောသူ၊ လုပ်ကျွေး ပြုလိုသောသူ၊ တရားဥပဒေကို လေးစာလိုက်နာသူများကိုသာ ကျွန်တော် တို့တွေက လေးစားသည်…..

ကျွန်တော်တို့မှာ သူတို့လောက်ရာထူးဂုဏ်မမြင့်မားသော်လည်း၊ သူတို့လောက်ဘွဲ့ထူး၊ ဂုဏ်ထူးတွေ မရရှိ သော်လည်း၊ သူတို့လောက်ပညာမတတ်သော်လည်း….နိုင်ငံအပေါ်သစ္စာရှိမှု၊ တရားဥပဒေကို လိုက်နာမှု၊ အမျိုးကိုချစ် တဲ့ မျိုးချစ်စိတ်ရှိမှုတို့မှာ သူတို့ထက်သာပါသည်….တရားဥပဒေကို လေးစားမှု၊ လိုက်နာမှုမှာ သူတို့ထက်သာပါသည်။

ပည်သူများအား အသိတစ်ခုပေးလိုပါသည်…. တရားဥပဒေကို ဆန့်ကျင်သောသူ၊ အစိုးရကို ဥပဒေမဲ့ ဆန့်ကျင် သောသူ၊ နိုင်ငံတော်၏ အကျိုးကိုပျက်ဆီးအောင် လုပ်တတ်သောသူကို လူကောင်းတစ်ယေက် ဟု ခေါ်ဆိုနိုင်ပါ သလား….နိုင်ငံခြားသားကို လက်ထက်ပေါင်းပြီး ပြည်ပမှထောက်ပံ့ငွေတွေကို လက်ခံရယူခဲ့သောသူ…..မွေးထားတဲ့ သားသမီးကလည်း ကပြားဖြစ်ပြီး ပြည်ပနိုင်ငံသားအဖြစ် ခံယူထားတဲ့ သူ…..ဗုဒ္ဓဘာသာရဲ့ အယူဝါဒကို ဆန့်ကျင်နေတဲ့ သူကို နိုင်ငံခေါင်းဆောင်အဖြစ် သင်လက်ခံနိုင်ပါမည် လားဟု ကျွန်တော်မေးလိုပါသည်…..

ကျွန်တော်မေးသည့်အဖြေ မှန်ကန်ပါက တိုင်းပြည်ဖွံ့ဖြိုးတိုးတတ်ပြီး အေးချမ်းသာယာမှုများရရှိနိုင်မည်မှာ မလွဲဧကန်ပင်ဖြစ်သည်….တိုင်းရင်းသားအားလုံး လိုလားသည့် တည်ငြိမ်အေးချမ်းမှု၊ လူမှုဘ၀ဖွံ့ဖြိုးတိုးတက် မှုများ ကို ဖော်ဆောင်ပေးသည့် အခြေခံဥပဒေကို ပြည်သူများကသာပြင်ဆင်ရန် အတည်ပြုနိုင်ပါလိမ့်မည်….
ကျွန်တော်မေးသည့်မေးခွန်းများ၏ မှန်ကန်မှုကို သမိုင်းကသက်သေတည်ပါလိမ့်မည်…..
တိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှုဖြင့် ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မည်ဆိုပါလျှင်…..

ပြည်သူများ၏ မှန်ကန်သည့် ရွေးချယ်မှုဖြင့် အရည်အချင်းပြည့်ဝသည့် အနာဂတ်ခေါင်းဆောင် သစ်များ ရွေး ချယ်ပေးနိုင်မည်ဆိုပါလျှင်…..
မိမိနိုင်ငံကြီးမလွဲမသွေ ဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်ပါကြောင်း…..

ရှေ့နေဟောင်းတစ်ဦး
Credit to : https://www.facebook.com/sai.opa

No comments:

Post a Comment