Saturday 22 March 2014

အဓိကရုဏ်း နှိမ်နင်းရေးယာဉ်များ ၀ယ်ယူရန် အပါအ၀င် စီမံကိန်း လုပ်ငန်းများအတွက် ပြည်ပမှ ချေးငွေ၊ ထောက်ပံ့ငွေ ဒေါ်လာ သန်း ၁၇၀၀ ကျော် ရယူသုံးစွဲနေ

Photo: အဓိကရုဏ်း နှိမ်နင်းရေးယာဉ်များ ၀ယ်ယူရန် အပါအ၀င် စီမံကိန်း လုပ်ငန်းများအတွက် ပြည်ပမှ ချေးငွေ၊ ထောက်ပံ့ငွေ ဒေါ်လာ သန်း ၁၇၀၀ ကျော် ရယူသုံးစွဲနေ
Saturday, March 22, 2014

လာမည့်ဘဏ္ဍာနှစ်တွင် စီမံကိန်းလုပ်ငန်းများအတွက် ပြည်ပမှချေးငွေ အမေရိကန်ဒေါ်လာ ၁၅၃၃ ဒသမ ၆၉၂ သန်းနှင့် ပြည်ပမှ အကူအညီရငွေ အမေရိကန်ဒေါ်လာ ၂၁၈ ဒသမ ၉၈၇ သန်း ရယူသုံးစွဲမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ချေးငွေ၊ အကူအညီငွေ ရယူသုံးစွဲမှု ကိစ္စရပ်များ ပါဝင်သော ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ အရအသုံးဆိုင် ရာဥပဒေကြမ်းအား မတ် ၂၁ ရက်က ပြုလုပ် သော ပြည်ထောင်စုလွှတ်တော် အစည်း အဝေးတွင် ပြည်ထောင်အစိုးရအဖွဲ့ ကိုယ်စား ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က လာရောက်တင်သွင်းခဲ့သည်။                                                                                                                          ထိုကဲ့သို့ ပြည်ပချေးငွေ၊ အကူအညီ ငွေများဖြင့် ဆောက်ရွက်မည့် စီမံကိန်းလုပ်ငန်းများမှာ အဓိကရုဏ်း နှိမ်နှင်းရေးယာဉ်များ ၀ယ်ယူခြင်း၊ ကွန်ပျူတာနည်းပညာ တိုးတက်ရေးစီမံကိန်း၊ ဖိုင်ဘာဆက်ကြောင်းနှင့် မိုက္ကရိုဝေ့ ဆက်ကြောင်းများ တိုးချဲ့တပ်ဆင်ခြင်း စီမံကိန်း၊ ရန်ကုန်ဆိပ်ကမ်းနယ်မြေ အတွင်း (VTMS) Station   များတည်ဆောက်ရေး စီမံကိန်း၊ မန္တလေး ခေတ်မီဆိပ်ကမ်း တည်ဆောက်ရေးစီမံကိန်း၊ ရေနံဓာတုဗေဒ စက်ရုံစု (မန်း)၌ အဆင့်မြင့်လုပ်ငန်း လုပ်ဆောင်ရန်အတွက် စက်ပစ္စည်းများ ၀ယ်ယူခြင်း စသည်တို့တွင် အသုံးပြုရန် လျာထားကြောင်း သိရသည်။

ထို့ပြင် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးအတွက် Ferry Boat သုံးစီးဝယ်ယူခြင်း၊ ဒလသင်္ဘောကျင်း အဆင့်မြှင့်တင်ခြင်း၊ ရေယာဉ်သစ်များ ၀ယ်ယူခြင်းနှင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ဆောင်ရွက်မည့် သီလ၀ါဆိပ်ကမ်း ထွက်ကုန်သေတ္တာ၊ အထွေထွေ ကုန်စည်ဆိပ်ကမ်း တည်ဆောက်ရေး စီမံကိန်းနှင့် မြန်မာ့လေကြောင်းမှ သယ်ယူပို့ဆောင်ရေးယာဉ် (ATR 72(600)၊ Cessna 208 B၊ Air Bus A32O) တို့ ၀ယ်ယူရေးအတွက်လည်း ယင်းချေးငွေ၊ အကူအညီရ ငွေများဖြင့် ဆောင်ရွက်ရန် စီစဉ်ထားကြောင်း သိရသည်။

ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သော ချင်းဒေသ၊ နာဂဒေသ၊ ရခိုင်ဒေသများတွင် ပညာရေး ကျန်းမာရေးဆိုင်ရာ အဆောက်အအုံ ဆောက်လုပ်ရေး စီမံကိန်းများ၊ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် လမ်းတံတားများ တည်ဆောက်ခြင်းကိုလည်း ပြည်ပအကူအညီငွေဖြင့် ဆောက်ရွက်ရန် လျာထားကြောင်း သိရသည်။

အလားတူ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၏ ရေအားလျှပ်စစ် စီမံကိန်းများအတွက် ပစ္စည်းများဝယ်ယူခြင်း၊ လူဝင်မှု ကြီးကြပ်ရေးနှင့် မှတ်ပုံတင်ရေး ဦးစီးဌာန၏ နယ်စပ်ဝင်ပေါက်များ၊ တိုင်းဒေသကြီး ပြည်နယ်ရုံးများ၊ ခရိုင်ရုံးများတွင် ခေတ်မီကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၊ နည်းပညာများ တပ်ဆင်ရေး လုပ်ငန်းများအား ဆောက်ရွက်ရေးတို့လည်း အဆိုပါချေးငွေ၊ အကူအညီငွေဖြင့် ဆောင်ရွက်ရန် စီစဉ်ထားကြောင်း သိရသည်။ 

ယင်းကဲ့သို့ ပြည်ပအကူအညီ ရငွေများဖြင့် ဆောင်းဒါးရက်ကန်းကျောင်းနှင့် သက်မွေးသိပ္ပံ အဆင့်မြှင့်တင်ခြင်း၊ Vocational Centre များတည်ထောင်ခြင်းနှင့် နည်းပညာ သင်တန်းများပို့ချခြင်း၊ ယွန်းပညာကောလိပ် အဆင့်မြှင့်တင်ခြင်း၊ One Village One Product သင်တန်းများ ဖွင့်လှစ်ခြင်းတို့အတွက် အထောက်အကူပေးခြင်း လုပ်ငန်းများ၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု လျော့နည်းစေ၍ သီးနှံအထွက်နှုန်း မြင့်မားစေနိုင်သည့် စိုက်စနစ်များ ဖော်ထုတ်ခြင်း လုပ်ငန်းများ၊ စပါးစိုက် တောင်သူများတွင် မြေဆီလွှာ အာဟာရဓာတ် ထည့်သွင်းခြင်းတွင် Nutrient Manager for Rice ကိုအသုံးပြုသည့်စနစ်ဖြင့် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများအတွက် ဆောင်ရွက်ရန် လာမည့်ဘဏ္ဍာနှစ် ဘတ်ဂျက်တွင် ထည့်သွင်းရေးဆွဲ လျာထားကြောင်း သိရသည်။

Eleven Media Group

၂၀၁၃ ခုနှစ် နိုဝင်ဘာလအတွင်းက အမှတ် (၈) ရဲတပ်ရင်းအတွင်း EU က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များကို လေ့ကျင့်သင်ကြားပေးနေစဉ် (ဓာတ်ပုံ- ၀င်းမြင့်ကျော်)
၂၀၁၃ ခုနှစ် နိုဝင်ဘာလအတွင်းက အမှတ် (၈) ရဲတပ်ရင်းအတွင်း EU က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များကို လေ့ကျင့်သင်ကြားပေးနေစဉ်

လာမည့်ဘဏ္ဍာနှစ်တွင် စီမံကိန်းလုပ်ငန်းများအတွက် ပြည်ပမှချေးငွေ အမေရိကန်ဒေါ်လာ ၁၅၃၃ ဒသမ ၆၉၂ သန်းနှင့် ပြည်ပမှ အကူအညီရငွေ အမေရိကန်ဒေါ်လာ ၂၁၈ ဒသမ ၉၈၇ သန်း ရယူသုံးစွဲမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ချေးငွေ၊ အကူအညီငွေ ရယူသုံးစွဲမှု ကိစ္စရပ်များ ပါဝင်သော ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ အရအသုံးဆိုင် ရာဥပဒေကြမ်းအား မတ် ၂၁ ရက်က ပြုလုပ် သော ပြည်ထောင်စု လွှတ်တော် အစည်း အဝေးတွင် ပြည်ထောင်အစိုးရအဖွဲ့ ကိုယ်စား ဘဏ္ဍာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က လာရောက်တင်သွင်းခဲ့သည်။        

ထိုကဲ့သို့ ပြည်ပချေးငွေ၊ အကူအညီ ငွေများဖြင့် ဆောက်ရွက် မည့် စီမံကိန်းလုပ်ငန်းများမှာ အဓိကရုဏ်း နှိမ်နှင်းရေးယာဉ်များ ၀ယ်ယူခြင်း၊ ကွန်ပျူတာနည်းပညာ တိုးတက်ရေးစီမံကိန်း၊ ဖိုင်ဘာဆက်ကြောင်းနှင့် မိုက္ကရိုဝေ့ ဆက်ကြောင်းများ တိုးချဲ့တပ်ဆင်ခြင်း စီမံကိန်း၊ ရန်ကုန်ဆိပ်ကမ်းနယ်မြေအတွင်း (VTMS) Station   များတည်ဆောက်ရေး စီမံကိန်း၊ မန္တလေး ခေတ်မီ ဆိပ်ကမ်းတည်ဆောက်ရေးစီမံကိန်း၊ ရေနံဓာတုဗေဒ စက်ရုံစု (မန်း)၌ အဆင့်မြင့် လုပ်ငန်း လုပ်ဆောင်ရန်အတွက် စက်ပစ္စည်းများ ၀ယ်ယူခြင်း စသည်တို့တွင် အသုံးပြုရန် လျာ ထားကြောင်း သိရသည်။

ထို့ပြင် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးအတွက် Ferry Boat သုံးစီးဝယ်ယူခြင်း၊ ဒလ သင်္ဘောကျင်း အဆင့်မြှင့်တင်ခြင်း၊ ရေယာဉ်သစ်များ ၀ယ်ယူခြင်းနှင့် မြန်မာ့ဆိပ်ကမ်း အာဏာ ပိုင်မှ ဆောင်ရွက်မည့် သီလ၀ါဆိပ်ကမ်း ထွက်ကုန်သေတ္တာ၊ အထွေထွေ ကုန်စည်ဆိပ်ကမ်း တည်ဆောက်ရေး စီမံကိန်းနှင့် မြန်မာ့လေကြောင်းမှ သယ်ယူပို့ဆောင်ရေးယာဉ် (ATR 72(600)၊ Cessna 208 B၊ Air Bus A32O) တို့ ၀ယ်ယူရေးအတွက်လည်း ယင်းချေးငွေ၊ အကူအညီရ ငွေများဖြင့် ဆောင်ရွက်ရန် စီစဉ်ထားကြောင်း သိရသည်။

ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သော ချင်းဒေသ၊ နာဂဒေသ၊ ရခိုင်ဒေသများတွင် ပညာရေး ကျန်းမာရေးဆိုင်ရာ အဆောက်အအုံ ဆောက်လုပ်ရေး စီမံကိန်းများ၊ တိုင်းဒေသကြီး၊ ပြည်နယ် များတွင် လမ်းတံတားများ တည်ဆောက်ခြင်းကိုလည်း ပြည်ပအကူအညီငွေဖြင့် ဆောက်ရွက် ရန် လျာထားကြောင်း သိရသည်။

အလားတူ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၏ ရေအားလျှပ်စစ် စီမံကိန်းများအတွက် ပစ္စည်းများ ၀ယ် ယူခြင်း၊ လူဝင်မှု ကြီးကြပ်ရေးနှင့် မှတ်ပုံတင်ရေး ဦးစီးဌာန၏ နယ်စပ်ဝင်ပေါက်များ၊ တိုင်းဒေသကြီး ပြည်နယ်ရုံးများ၊ ခရိုင်ရုံးများတွင် ခေတ်မီကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၊ နည်းပညာများ တပ်ဆင်ရေး လုပ်ငန်းများအား ဆောက်ရွက်ရေးတို့လည်း အဆိုပါချေးငွေ၊ အကူအညီငွေဖြင့် ဆောင်ရွက်ရန် စီစဉ်ထားကြောင်း သိရသည်။ 

ယင်းကဲ့သို့ ပြည်ပအကူအညီ ရငွေများဖြင့် ဆောင်းဒါးရက်ကန်းကျောင်းနှင့် သက်မွေးသိပ္ပံ အဆင့်မြှင့်တင်ခြင်း၊ Vocational Centre များတည်ထောင်ခြင်းနှင့် နည်းပညာ သင်တန်းများ ပို့ချခြင်း၊ ယွန်းပညာကောလိပ် အဆင့်မြှင့်တင်ခြင်း၊ One Village One Product သင်တန်းများ ဖွင့်လှစ်ခြင်းတို့အတွက် အထောက်အကူပေးခြင်း လုပ်ငန်းများ၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု လျော့ နည်းစေ၍ သီးနှံအထွက်နှုန်း မြင့်မားစေနိုင်သည့် စိုက်စနစ်များ ဖော်ထုတ်ခြင်း လုပ်ငန်းများ၊ စပါးစိုက် တောင်သူများတွင် မြေဆီလွှာ အာဟာရဓာတ် ထည့်သွင်းခြင်းတွင် Nutrient Manager for Rice ကိုအသုံးပြုသည့်စနစ်ဖြင့် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများအတွက် ဆောင်ရွက်ရန် လာမည့်ဘဏ္ဍာနှစ် ဘတ်ဂျက်တွင် ထည့်သွင်းရေးဆွဲ လျာထားကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment