Saturday 22 March 2014

မွေးကင်းစကလေးတိုင်း အသည်းရောင် အသားဝါဘီပိုး ကာကွယ်ဆေးထိုးမည်

မြန်မာနိုင်ငံတစ်ဝန်း မွေးကင်းစ ကလေးတိုင်းကို စက်မှုဝန်ကြီးဌာနက ထုတ်လုပ်သော အသည်းရောင် အသားဝါ ဘီပိုး ကာကွယ်ဆေးထိုးရန် စီစဉ်နေကြောင်း အသည်းရောင် အသားဝါ ဘီပိုး ကာကွယ်ရေးစက်ရုံ၏ စက်ရုံမှူး ဒေါက်တာခင်ခင်ထွေးက ပြောကြားသည်။
ကလေးသူငယ်များအတွက် ဘီပိုး ကာကွယ်ဆေး ထုတ်လုပ်ရန် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန (FDA) သို့ မှတ်ပုံတင်သွင်းထားပြီး ဖြစ်၍ ခွင့်ပြုချက်ရရှိပါက ချက်ချင်း စတင်မည် ဖြစ်ကြောင်း၊ မွေးကင်းစ အရွယ်တွင် ဘီပိုး ကာကွယ်ဆေးထိုးပြီး နှစ်လအကြာတွင် ငါးမျိုးစပ် ကာကွယ်ဆေး ထပ်မံထိုးပါက ပိုမိုထိရောက်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောဆို သည်။

အသည်းရောင် အသားဝါဘီပိုး ကာကွယ်ဆေး စက်ရုံသည် ၂၀၀၇ ခုနှစ် ကတည်းက တဆေးမှ ထုတ်သော လူကြီး ဘီပိုး ကာကွယ်ဆေးကိုသာ ထုတ်လုပ်ခဲ့ပြီး FDA ခွင့်ပြုချက် ရပါက ကလေး ဘီပိုးကာကွယ်ဆေးများ စတင်ထုတ်လုပ်သွားမည် ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောဆိုသည်။

“မွေးကင်းစကလေး နှစ်လအတွင်းကို အသည်းရောင် အသားဝါဘီပိုး ကူးနိုင်ခြေများတယ်” ဟု ဒေါက်တာ ခင်ခင်ထွေးက ပြောကြားသည်။

သို့သော် မြန်မာနိုင်ငံတွင် ဘီပိုး ကာကွယ်ဆေး ထုတ်ယူရာ၌ သွေးရည်ကြည်နှင့် တဆေး ဟူ၍ ကာကွယ်ဆေး နှစ်မျိုးရှိပြီး သွေးရည်ကြည်မှ ထုတ်ယူသော ဘီပိုး ကာကွယ်ဆေးသည် သွေးမှ တစ်ဆင့် ကူးစက်သော ရောဂါများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ စက်မှုဝန်ကြီးဌာနက ထုတ် လုပ်သော ဘီပိုး ကာကွယ်ဆေးများ၏ အရည်အသွေး အာမခံချက်အတွက် တာဝန်ရှိသူများကို အကြံပြုထားကြောင်း အသည်းအထူးကု ဆရာဝန်ကြီး ပါမောက္ခ ဦးခင်မောင်ဝင်းက ပြောကြား သည်။

စက်မှုဝန်ကြီးဌာနက ထုတ်လုပ်သော အသည်းရောင် အသားဝါဘီပိုး ကာကွယ်ဆေးကို ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO)က ယခုအချိန်ထိအသိအမှတ်ပြု လက်မှတ်ထုတ်ပေးခြင်း မရှိ သေးကြောင်း ကျန်းမာရေး အသိုင်းအဝိုင်းထံမှ သိရသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး အသည်းရောင် အသားဝါဘီပိုး ကူးစက်သော နိုင်ငံစာ ရင်းတွင်ပါဝင်ပြီး လူဦးရေ ခြောက်သန်းနီးပါး ရောဂါပိုးကူးစက်ခံနေကြောင်း၊ ကူးစက်နှုန်းမှာ လည်း လွန်ခဲ့သော နှစ် ၂၀ အတိုင်း ဆက်လက် မြင့်တက်နေကြောင်း ပါမောက္ခ ဦးခင်မောင်ဝင်း က ပြောကြားသည်။

ယင်းကြောင့် ကလေးငယ်များကို အသည်းရောင် အသားဝါဘီပိုး ကာကွယ်ဆေး ထိုးပေးခြ င်းဖြင့် အသည်းကင်ဆာ ရောဂါကို ကြိုတင် ကာကွယ်ပြီးသား ဖြစ်နိုင်ကြောင်း အသည်းအထူး ကု ဆရာ ဝန်များထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment