Monday 17 February 2014

နယ်စည်းမထား ဆရာဝန်များအဖွဲ့ ထွက်ခွာသွားရန် သမ္မတထံတင်ပြ

ရခိုင်တိုင်းရင်းသားများ၏ ကန့်ကွက်ဆန္ဒထုတ်ဖော်မှုများကို ရင်ဆိုင်နေ ရသော နယ်စည်းမထားဆရာဝန် များအဖွဲ့ MSF ကို ပြည်နယ်အတွင်းမှ ၁၅ ရက်အတွင်း အပြီးတိုင်ထွက်ခွာပေးရန် ဒေသခံရခိုင်လူမှုအဖွဲ့ အစည်း ၃၀ ကျော်က သမ္မတထံ ဖေဖော်ဝါရီ ၁၅ ရက်တွင် စာရေးသား တောင်းဆိုလိုက်သည်ဟု ရခိုင် အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက ဖေဖော်ဝါရီ ၁၅ တွင် မဇ္ဈိမကို ပြောသည်။


နယ်စည်းမထား ဆရာဝန်များအဖွဲ့သည် ခွဲခြားဆက်ဆံ၍ ကူညီထောက်ပံ့မှုများ ပေးနေသည်ဟု ရခိုင် တိုင်းရင်းသားများက စွပ်စွဲကာ ပြည်တွင်းပြည်ပမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများကို ခုနစ်ရက်အ တွင်း ထွက်ခွာကြရန် ရခိုင်ပြည်နယ်အတွင်း မြို့ကြီးများမှ ဒေသခံတို့က ဖေဖော်ဝါရီ ၃ ရက်ကစတင်ကာ ဆန္ဒပြတောင်းဆိုခဲ့သော်လည်း ထွက်ခွာသွားခြင်းမရှိသည့်အတွက် ယခုကဲ့သို့ တောင်းဆိုခြင်းဖြစ်သည် ဟု ဆိုသည်။

“MSF က ဒုချီးရားတန်းဖြစ်စဉ်မှာ ရခိုင်တွေနဲ့ ပဋိပက္ခဖြစ်ပြီး ဒဏ်ရာရတဲ့လူ ၂၂ ယောက်ကို ဆေးကုသ ရပါတယ်ဆိုပြီး မဟုတ်မမှန်ပြောထားတယ်။ ဒါဟာ ပြဿနာ မဖြစ်ဖြစ်အောင် လုပ်ကြံဖန်တီးတဲ့ သတင်း ဖြစ်တယ်။ သူတို့က ကူညီချင်တာမဟုတ်ဘဲ တခြားရည်ရွယ်ချက်ရှိတယ်ဆိုတာ ထင်ရှားလို့ သမ္မတကို စာတင်တာပါ”ဟု ပြောသည်။

သို့သော် MSF ၏ ပြန်ကြားရေးနှင့် ဆက်သွယ်ရေး အရာရှိ ဒေါ်အေးပြည့်စုံ ကမူ ဒဏ်ရာရခဲ့သူ ၂၂ ဦးကို ရွာအနီးတွင်ပင် ဆေးကုသမှု ပေးခဲ့ရပြီး ရခိုင်ပြည်နယ်တွင်း ဆေးဝါး ကုသမှုများ ထောက်ပံ့မှုများပေးနေ ခြင်းအပေါ် ဒေသခံတို့၏ အမြင်မကြည်လင်မှုများ ကြုံတွေ့ရသည့်အတွက် အထူးစိတ် မကောင်းဖြစ် ရ သည်ဟု ဆိုသည်။

“MSF အနေနဲ့ သတင်းမီဒီယာတွေကို သတင်းအမှားတွေ ထုတ်ပြန်ခဲ့တာမရှိဘူး။ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တိုင်းကို မီဒီယာတွေကိုပေးခဲ့ သလို ပြည်နယ်ကျန်းမာရေးဝန်ကြီး ဌာနကို ပေးခဲ့တယ်။ MSF က နိုင်ငံရေးမှာကော ကမ္ဘာပေါ်က ဘယ်ပဋိပက္ခမှာမှ ဘက်လိုက်တာမရှိဘူး။ ဘက်မလိုက်ခဲ့လို့ ကမ္ဘာပေါ်က အခက်ခဲဆုံးနေရာတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေကို နှစ် ၄၀ ကြာ လုပ်နိုင်နေခဲ့တာပါ”ဟု ဒေါ်အေးပြည့်စုံက ပြောသည်။

MSF အနေဖြင့် ရခိုင်ပြည်နယ်အတွင်း အကူအညီပေးရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်သက်တမ်းကုန်နေပြီ ဖြစ်သည်ဟုလည်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးဦးဝင်းမြိုင်က မဇ္ဈိမကို ပြောသည်။

“ကျွန်တော်တို့သိရသလောက်က MSF ရဲ့MOU (နားလည်မှုစာချွန်လွှာ) သက်တမ်းက ကုန်နေပြီ။ ကျန်း မာရေးဝန်ကြီးဌာနကလည်း သက်တမ်းကုန်မကုန် ပြန်စစ်ဖို့ စီစဉ်နေပါတယ်”ဟု ပြောသည်။

MOU သက်တမ်းတိုးမြှင့်ရန်ကိုမူ ကျန်းမာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ထားဆဲဖြစ်ပြီး ပြည် ထောင်စုအစိုးရအဆင့် တာဝန်ရှိ သူများနှင့်လည်း ဆွေးနွေးတိုင်ပင်နေသည်ဟု MSF က မဇ္ဈိမကို ပြော သည်။ ထို့အပြင် MSF အနေဖြင့် သက်ဆိုင်ရာဒေသများရှိေ

ဘးဒဏ်သင့်သူများထံသို့ အကူညီပေးဝန် ထမ်းများ သွားရောက်ခွင့်ပြုရန်နှင့် အကူညီလိုအပ်နေသော အရပ် သားများကို အပြည့်အ၀ ကာကွယ်ပေး ရန်လိုအပ်သည်ဟုလည်း အစိုးရထံ တောင်းဆိုထားသည်။

MSF အဖွဲ့သည် ၁၉၉၂ ခုနှစ်မှစတင်၍ မြန်မာနိုင်ငံသို့ ၀င်ရောက်လာခဲ့ပြီး ရခိုင်၊ ကချင်၊ ရှမ်းပြည်နယ် များနှင့် တနင်္သာရီတိုင်း၊ ရန်ကုန်တိုင်းဒေသကြီးတို့တွင် ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးနေသည်။

၂၀၁၂ ခုနှစ်၊ ဇွန်လတွင် ရခိုင်ပြည်နယ်မှ လူမျိုးစုနှစ်စု ပဋိပက္ခများဖြစ်ပေါ်ခဲ့ပြီးနောက်တွင် စစ်တွေ၊ မောင်တော၊ ဘူးသီးတောင်၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ရသေ့တောင်၊ မြေပုံနှင့် ပေါက်တော မြို့နယ်များရှိ နှစ်ဖက်ဒုက္ခသည် စခန်းများနှင့် သီးခြားကျေးရွာများတွင် ဆေးပေးခန်းများ တိုးချဲ့ဖွင့်လှစ်ခဲ့ သည်။

Mizzima - News in Burmese

No comments:

Post a Comment