Monday 17 February 2014

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် အဆင့်မြင့် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့လာအို အမျိုးသား ကာကွယ်ရေး တက္ကသိုလ်သို့ သွားရောက်လေ့လာ

Photo: တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် အဆင့်မြင့် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့လာအို အမျိုးသား ကာကွယ်ရေး တက္ကသိုလ်သို့ သွားရောက်လေ့လာ
Monday, February 17, 2014

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် အဆင့်မြင့် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ဖေဖော်ဝါရီ ၁၄ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီတွင် ခိုင်ဆုန်ဖူဝီဟန် လာအို အမျိုးသား ကာကွယ်ရေး တက္ကသိုလ်သို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ခိုင်ဆုန်ဖူဝီဟန် လာအို အမျိုးသား ကာကွယ်ရေး တက္ကသိုလ် ဧည့်ခန်းမသို့ ရောက်ရှိရာ တာဝန်ရှိသူများက တက္ကသိုလ် သမိုင်းကြောင်းနှင့် လုပ်ငန်းတာဝန် များအား ရှင်းလင်း တင်ပြကြသည်။ ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ခိုင်ဆုန်ဖူဝီဟန် လာအိုအမျိုးသား ကာကွယ်ရေး တက္ကသိုလ် ကျောင်း အုပ်ကြီး Brigadier General Thongloi SILIVONG တို့သည် အထိမ်းအမှတ် တံဆိပ်များ အပြန်အလှန် ပေးအပ်ကြပြီး စာသင်ကြားနေမှုများအား လှည့်လည် ကြည့်ရှုသည်။ ဆက်လက်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် အဆင့်မြင့် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့နှင့် ခိုင်ဆုန်ဖူဝီဟန် လာအိုအမျိုးသား ကာကွယ်ရေး တက္ကသိုလ် ကျောင်းအုပ်ကြီး Brigadier General Thongloi SILIVONG ဦးဆောင်သော အဖွဲ့တို့သည် ခိုင်ဆုန်ဖူဝီဟန် လာအို အမျိုးသား ကာကွယ်ရေး တက္ကသိုလ်ရှေ့၌ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့ကြ ကြောင်း သတင်းရရှိသည်။

မြ၀တီ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် အဆင့်မြင့် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ဖေဖော်ဝါရီ ၁၄ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ တွင် ခိုင်ဆုန်ဖူဝီဟန် လာအိုအမျိုးသားကာကွယ်ရေးတက္ကသိုလ်သို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။


ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ခိုင်ဆုန်ဖူဝီဟန် လာအို အမျိုးသား ကာကွယ်ရေး တက္ကသိုလ် ဧည့်ခန်းမသို့ ရောက်ရှိရာ တာဝန်ရှိသူများက တက္ကသိုလ် သမိုင်းကြောင်းနှင့် လုပ်ငန်းတာဝန် များအား ရှင်းလင်း တင်ပြကြသည်။ ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ခိုင်ဆုန်ဖူဝီဟန် လာအိုအမျိုးသား ကာကွယ်ရေး တက္ကသိုလ် ကျောင်း အုပ်ကြီး Brigadier General Thongloi SILIVONG တို့သည် အထိမ်းအမှတ် တံဆိပ်များ အပြန်အလှန် ပေးအပ်ကြပြီး စာသင်ကြားနေမှု များအား လှည့်လည် ကြည့်ရှုသည်။ ဆက်လက်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် အဆင့်မြင့် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့နှင့် ခိုင်ဆုန်ဖူဝီဟန် လာအိုအမျိုးသား ကာကွယ်ရေး တက္ကသိုလ် ကျောင်းအုပ်ကြီး Brigadier General Thongloi SILIVONG ဦးဆောင်သော အဖွဲ့တို့သည် ခိုင်ဆုန်ဖူဝီဟန် လာအို အမျိုးသား ကာကွယ်ရေး တက္ကသိုလ်ရှေ့၌ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့ကြ ကြောင်း သတင်းရရှိသည်။

မြ၀တီ

No comments:

Post a Comment