Wednesday 20 November 2013
ကိုယ်ကာယလေ့ကျင့်ခန်း ပြုလုပ်ပြီးတိုင်း စားသင့်တဲ့အစားအစာများ
မနက်ပိုင်းမှာ ပြုလုပ်တဲ့ ကိုယ်ကာယအားကစားလေ့ကျင့်ခန်းက ခန္ဓာကိုယ်ထဲမှာရှိတဲ့ ပရိုတင်းဓာတ်၊ အရည်ဓာတ်နဲ့  ကာဗွန်ဟိုက်ဒရိတ်တွေကို လျော့နည်းစေတဲ့အတွက် ခန္ဓာကိုယ်ထဲမှာရှိတဲ့ အစာ အာဟာရတွေ လျော့နည်းဆုံးရှုံးလာပြီး လူကို တစ်နေလုံးပင်ပန်နွမ်းလျစေပါတယ်။
ကိုယ်ကာယ လေ့ကျင့်ခန်းပြုလုပ်ပြီး မိနစ်၃၀အတွင်း စားသောက်မှသာကိုယ်ကာယလေ့ကျင့်ခန်းပြု လုပ်စဉ်က ဆုံးရှုံးသွားတဲ့ အာဟာရဓာတ်တွေကို ခန္ဓာကိုယ်က ပြန်လည်စုပ်ယူနိုင်မှာဖြစ်ပါတယ်။ အစားအသောက်တိုင်းက ဆုံးရှုံးသွားတဲ့ အာဟာရဓာတ်ကို ပြန်အစားထိုးပေးနိုင်မှာ မဟုတ်ပါဘူး။ ဆုံးရှုံးသွားတဲ့ အာဟာရဓာတ်တွေရရှိဖို့ အတွက် အကောင်းဆုံးအစားအစာတွေကတော့
၁) ကြက်ဥမွှေကြော်
ကြွက်သားတောင့်တင်းကြီးထွားဖို့ ကိုယ်ကာယလေ့ကျင်းခန်းတွေ ပြုလုပ်ပြီးတဲ့အချိန်မှာ ခန္ဓာကိုယ်အတွက် ပရိုတင်းဓာတ်တွေ ပြန်ဖြည့်ဖို့ လိုနေပါပြီ။ ကြက်ဥကတော့ အားကစားပြုလုပ်သူတွေအတွက် အကောင်းဆုံး အစားအစာပါပဲ။ ကြက်ဥမှာ ပရိုတင်းအတော်အတန်ပါဝင်ပြီးအမိုင်နိုအက်ဆစ်နဲ့ ဗီတာမင်ဓာတ်မျိုးစုံလည်း ပါဝင်ပါတယ်။  အမိုင်နိုအက်ဆစ်ကကိုယ်ကာယလေ့ကျင့်ခန်းပြုလုပ်ခြင်းကြောင့် ပျက်စီးသွားတဲ့ တစ်ရှူးတွေကို ပြန်လည်တစ်ရှူးအစားထိုး တည်ဆောက်ပေးနိုင်ပါတယ်။
၂) ထောပတ်သီး
ထောပတ်သီးမှာ ဖောလစ်အက်ဆစ်၊ ဗီတာမင် K ၊ ဗီတာမင် C ၊ ဗီတာမင် E နဲ့  ပန်တိုတန်းနစ် အက်ဆစ်တို့ ပါဝင်နေပါတယ်။ ထောပတ်သီးထဲမှာပါဝင်တဲ့ ပိုတက်ဆီယံဒြပ်စင်ကသွေးပေါင်ချိန်ကို ထိန်းပေးနိုင်ပြီး တစ်နေကုန် ပေါ့ပါးသွက်လက် လန်းဆန်းစေနိုင်ပါတယ်။
၃) ဆော်လမွန်ငါး
ဆော်လမွန်ငါးမှာ ပရိုတင်းဓာတ်တွေနဲ့  အားအင်ဖြစ်စေတဲ့ omega-3 fatty acids၊ ဗီတာမင် D ၊ ဗီတာမင် B6 နဲ့ ဗီတာမင် B12  တို့ ပါဝင်ပါတယ်။ သကြားဓာတ်သွေးထဲဝင်မှုကို ထိန်းပေးတဲ့ဒြပ်လည်းပါဝင်ပါသေးတယ်။
၎) ဆီရီရယ်
မနက်စာကို ဆီရီရယ်နဲ့ နွားနို့ တစ်ပန်းကန်စားသုံးခြင်းက ကြွက်သားအတွက် အားအင်တွေဖြစ်စေနိုင်ပါတယ်။ ဆီရီရယ်မှာ ပရိုတင်းနဲ့  Carbohydratesတွေပါဝင်တာကြောင့်မလို့  တစ်နေ့ လုံး အားအင်အပြည့်အဝ ရရှိစေနိုင်ပါတယ်။
၅) ကန်စွန်းဥ
ကိုယ်ကာယလေ့ကျင်းခန်းဆော့ကစားပြီးချိန်တိုင်း ခန္ဓာကိုယ်က glycogen level က ကျဆင်း သွားတတ်ပါတယ်။ ကန်စွန်းဥမှာဗီတာမင် C ၊ complex carbohydrates, dietary fiver, beta-carotene တွေ ပါဝင်လို့  Glycogen level ပြန်မြှင့်တင်ဖို့ ဆိုရင် ကန်စွန်းဥစားပေးပါ။
၆) ထမင်းဖြူ
ဝိတ်ချလိုသူတွေအတွက် Brown rice (ဆန်ညို) က ရွေးချယ်သင့်တဲ့ ထမင်းဖြစ်ပေမယ့် ကိုယ် ကာယ လေ့ကျင့်ခန်းအားကစားလိုက်စားသူတွေအတွက်ကတော့ ထမင်းဖြူကပိုသင့်တော်ပါတယ်။ ထမင်းဖြူမှာ Glycogen level မြှင့်တင်ပေးနိုင်တဲ့ Glycemic Index(GI) အမြောက်အများ ပါဝင်နေ လို့ ပဲဖြစ်ပါတယ်။
၇) သစ်သီးခြောက်
မြေပဲနဲ့ စပျစ်ခြောက် (သစ်သီးခြောက်) တွေမှာပရိုတင်းဓာတ်၊ ဗီတာမင် A ၊ ဗီတာမင် K ၊ ကယ်စီယံဓာတ်နဲ့  carbohydrate ပါဝင်နေလို့  Glycogen level ကိုအမြန်ဆုံးမြှင့်တင်ပေးနိုင်ရုံသာမက ခန္ဓာကိုယ်မှာလိုအပ်တဲ့ အားအင်တွေကိုလည်း ဖြည့်ဆည်းပေးနိုင်ပါတယ်။
၈) ကြက်သား
၉) သစ်သီးဝလံ
သစ်သီးတွေမှာဗီတာမင် C ၊ အမျှင်ဓာတ်၊ Carbohydrates နဲ့ အရည်ဓာတ်တွေ အပြည့်အဝပါဝင်ပါတယ်။ ကိုယ်ကာယလေ့ကျင့်ခန်းပြုလုပ်ပြီးရင် သစ်သီးဖျော်ရည် တစ်ခုခုဖျော်သောက်ခြင်းကလည်း ပင်ပန်းနွမ်းနယ်နေတဲ့ ကြွက်သားတွေအတွက် အထောက်အကူဖြစ်စေနိုင်ပါတယ်။
Ref: mensxp
Trend Myanmar
No comments:
Post a Comment