Wednesday 20 November 2013

မိုးထဲ ရေထဲ ချင်းမိုင် လွိုင်ကထုံပွဲ

နှစ်စဉ်နှစ်တိုင်း ကြက်ပျံ မကျ စည်းကားစွာ ကျင်းပလေ့ ရှိတဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့က ထိုင်းရိုးရာ ပွဲတော် တခုဖြစ်တဲ့ လွိုင်ကထုံ ခေါ် မီးမျှောပွဲဟာ ဒီနှစ် ၂၀၁၃ မှာတော့ မိုးသည်းထန် ရွာသွန်း လိုက်တာကြောင့် ပွဲပျက်သွားခဲ့ရပါတယ်။ 


 
ချင်းမိုင်မြို့သူ မြို့သားတွေ ၃ ရက်ကြာ ကျင်းပတဲ့ လွိုင်ကထုံ မီးမျှောပွဲမှာ မီးရှူးမီးပန်းတွေ ဗျောက်အိုးတွေ တဒိုင်းဒိုင်းဖောက်ပြီး နောက်ဆုံးနေ့မှာတော့ တမြို့လုံးက အလှပြယာဉ်တွေနဲ့ လှည့်လည်ပြသခဲ့ကြတာပါ။ 
ဒီနှစ်မှာတော့ အချိန်အခါမဟုတ် မိုးရွာလိုက်တာကြောင့် မဲ့ပင်းမြစ်ပေါ် မီးမျှောသူတွေ မီးပုံပျံလွှတ်သူတွေ မရှိသလောက်ဖြစ်နေပြီး လှည့်လည်ပြသနေတဲ့ အလှပြယာဉ်တွေလည်း မိုးထဲ ရေထဲ ရုပ်ပျက်ဆင်းပျက် 
ဖြစ်ခဲ့ကြပါတယ်။ 

အမှတ်ပေး ဒိုင်တွေလည်း မိုးကိုတိမ်းရှောင်ခဲ့ကြသလို အလှပြယာဉ် ပထမဆုအတွက် ဘယ်လိုရွှေးချယ် မလဲဆိုတာ အခုထိ မသိရသေးပါဘူး။ 

လွန်ခဲ့တဲ့ အချို့နှစ်တွေက ပွဲတော်ကျင်းပချိန် ခေတ္တခဏတာ မိုးဖွဲဖွဲကျပြီး ပွဲပြီးတဲ့အထိ ကျင်းပနိုင်ခဲ့ပါတယ်။ ဒီနှစ် ပွဲတော်အစည်းကားဆုံးနေ့ အစောပိုင်မှာဘဲ မိုးပြင်းပြင်းထန်ထန် ရွာသွန်းလိုက်တာကြောင့် ပွဲပျက်ခဲ့ ပါတယ်။ 

အခုနှစ် ချင်းမိုင်လွိုင်ကထုံ မီးမျှောပွဲမှာ အာဆီယံနိုင်ငံတွေ ပါဝင်ဆင်နွဲ့ခဲ့တဲ့ ပထမဆုံးနှစ်လည်း ဖြစ်ပါ တယ်။ 


 ချင်းမိုင်ရောက် ရှမ်းလူ့အဖွဲ့အစည်းလည်း လွိုင်ကထုံပွဲမှာ အခုလို အကအဖွဲ့တွေနဲ့ ပါဝင်ကြတယ်


 မိုးထဲရေထဲ အလှတွေပျက်ကုန်ကြတဲ့ မောင်၊ မယ်တွေ



ငြိမ်းဇော်။ 
ဧရာဝတီblog

No comments:

Post a Comment