Wednesday 20 November 2013
မြန်မာငွေဗိုလ်ချုပ်အောင်ဆန်းအစရှိသော အမျိုးသားခေါင်းဆောင်ကြီးများ၏ ကျက်သရေဖြင့် တည်စေလိုသလားပြည်သူ့စကား
မြန်မာနိုင်ငံတွင် လက်ရှိသုံးစွဲနေသည့် ငွေစက္ကူများတွင် ရိုက်နှိပ်အသုံးပြုနေသော တိရစ္ဆာန်ပုံများနှင့် ပတ်သက်၍ ပြည်သူအများစု က ပြုပြင်ပြောင်းလဲ ရန်ဆန္ဒရှိနေကြ သည်မှာ ကြာခဲ့ပြီဖြစ်သည်။ သမိုင်းအစဉ်အဆက်အရ မြန်မာ ကျပ်ငွေများတွင်  ဗိုလ်ချုပ်အောင်ဆန်းပုံအပါအဝင် ဆရာစံ ၊ သခင်ဖိုးလှကြီးစသော ထင်ရှားသည့် လွတ် လပ်ရေးခေါင်း ဆောင်များနှင့် အမျိုးသားရေးခေါင်းဆောင် များ၏ ရုပပုံများကို ဂုဏ်ပြုရိုက်နှိပ်ခဲ့ဖူးသည်။
ထို့အတွက်လည်း ယနေ့ အချိန်ထိ ထိုအမျိုး သားခေါင်းေ ဆာင်ကြီး များ၏ ပုံရိပ်များပါဝင်သော ငွေစက္ကူများကို အမြတ်တနိုးစုဆောင်းသိမ်း ဆည်းထားကြ သူများက အများအပြားပင်ရှိသည်။ ယခင် တပ်မတော် အစိုးရလက် ထက်တွင် ထိုငွေစက္ကူများနိဂုံးချုပ် ခဲ့ရပြီး ခြင်္သေ့ပုံနှင့် အစားထိုးထုတ်ဝေခဲ့သည်သာမက ဗိုလ်ချုပ်အောင်ဆန်း၏ အမှတ်တရဓာတ်ပုံ၊ ပန်းချီနှင့် ပုံရိပ်များကို ချိတ်ဆွဲခွင့်၊  အများပြည် သူမြင်သာအောင် အသုံးပြုခွင့်များပါ ပိတ်ပင်ခံခဲ့ရသည်။ လက်ရှိတွင်လည်း တန်ဖိုးကြီးငွေစက္ကူများ ထပ်မံ တိုးမြှင့်ထုတ်ဝေသော်လည်း အသုံးပြုထားသည့်ပုံရိပ်မှာ ဆင်ြ ဖူတော်ဖြစ်သည်။ သို့ရာတွင် ၂ဝ၁၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်နေ့က သင်္ဃန်းကျွန်းပြည့်သူလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်က မြန်မာတစ်နိုင်ငံလုံးက ကြည် ညိုလေးစားပြီး  ကမ္ဘာကပါ လေးစားခံရသည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံ များဖြင့် ငွေစက္ကူများ၏  တန်ဖိုး အသီးသီးတွင်ယခင်ခေတ် အဆက် ဆက်ကအတိုင်း ပြန်လည်အစားထိုး ထုတ်ဝေပေးရန်အဆိုတင်သွင်းခဲ့ရာ ပြည်သူ အများ၏ မျှော်လင့်ချက်များပြန်လည်နိုးထလာခဲ့သည်။ သို့ရာတွင် ယင်းအဆိုနှင့် ပတ် သက်၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌဒေါ်ခင်စောဦး က ပြန်လည်ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေနဲ့ နောက် ထပ်ငွေစက္ကူများ  ထပ်မံ ထုတ်ဝေရန်ရှိသောအချိန်တွင် ထင်ရှားသောနိုင်ငံ့ခေါင်းဆောင်များ၊ နိုင်ငံ၏ ထင်ရှားသောအဆောက်အအုံ များ၊ ရှုခင်းများ၊ အထိမ်းအမှတ်ပုံများ စသည်တို့ကို အခြေအနေ အချိန်အခါနဲ့ လိုက်လျောညီထွေ ရှိမယ့်ပုံများကို အစိုးရအဖွဲ့၏  သဘောတူညီချက်ဖြင့် ထည့်သွင်းရိုက်နှိပ် ထုတ်ဝေသွားမည်ဖြစ်ပါကြောင်း တင်ပြခဲ့သည်။
ထိုကိစ္စနှင့်ပတ်သက်၍  တိကျ ပြတ်သားသော အခြေအနေတစ်ရပ်ဖြစ်မလာသေးသော်လည်း ထိုဖြေကြားချက်အရပင် မျှော်လင့်ချက်များ  အသစ်ဖြစ်လာ သည်ဖြစ် ရာ နောက်ပိုင်းထုတ်ဝေမည့်ငွေစက္ကူ များ၌ ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံသို့မဟုတ် မည်သို့ဖြစ်စေလိုပါသနည်းဟု နယ်ပယ်အသီးသီး မှ ပြည်သူများ၏ ဆန္ဒ အားေ မးမြန်း ခဲ့ခြင်းဖြစ်ပါသည်။
ဦးသိန်းညွန့်(လွှတ်တော်ကိုယ်စားလှယ်)
အဲဒါကလွှတ်တော်မှာ ရန်ကုန်တိုင်း မှာ မူလတုန်းက ဦးကျော်တင်တဲ့အခါ မှာတော့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းတစ်ဦးတည်း ပေါ့။ သို့သော် ကျွန်တော်ပြည်ထောင်စု လွှတ် တော်မှာတင်တော့ ဗိုလ်ချုပ်အောင်ဆန်း တစ်ဦးတည်းအပြင် အာဇာနည် ခေါင်း ဆောင်ကြီးများ၊ တစ်ချိန်တစ်ခါ တုန်းက တောင် သူလယ် သမား အရေးတော်ပုံ ခေါင်းဆောင်ကြီး ဆရာစံ၊ အလုပ်သမား ခေါင်းဆောင်ကြီးသခင်ဖိုးလှကြီး၊ ၁၃ဝဝ ပြည့်အရေးတော်ပုံမှာ ပါဝင်ခဲ့တဲ့ေ ခါင်း ဆောင်များပေါ့။ ကျယ်ပြန့် တဲ့ခေါင်းဆောင် များရဲ့ပုံနဲ့ ထုတ်သင့်တယ်ပေါ့။ဘာကြောင့်လဲဆိုတော့(၁) သမိုင်း အစဉ်အလာကိုတန်ဖိုးထားတဲ့ ယဉ် ကျေးမှုထွန်းကားလာအောင်၊ နောင်လူ ငယ်တွေကိုယ့်သမိုင်းမှာ အမျိုးသား ခေါင်းဆောင်တွေနဲ့ ပတ်သက်ပြီး ဂုဏ် ယူအောင်၊ အနိမ့်ဆုံးပြောရရင် ငွေကြေး ကိုင်တွယ်သုံးစွဲသူများအနေဖြင့် အမျိုး သားခေါင်းေ ဆာင်ကြီးပုံတွေ၊ နိုင်ငံ့ ခေါင်းဆောင်ပုံတွေ ပါတဲ့အတွက် ငွေ စက္ကူကို ရိုရိုသေသေကိုင်ကြမှာ ဖြစ်တဲ့ အတွက် ငွေစက္ကူဟောင်းနွမ်းမှုကိုလည်း ကာကွယ်နိုင်အောင်စတဲ့ ရည်ရွယ်ချက် အားလုံးကို လွှမ်းခြုံပြီးတော့ ဒီအဆိုကို ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းရ ခြင်းဖြစ်ပါတယ်။
ပြည်ထောင်စုမှာ ပြန်ဖြေခဲ့တာရှိ တယ်။ အရင်လည်းဆောင်ရွက်ခဲ့တာ ရှိတာပဲ။ အခု ၅၂ ခုနှစ်ကတည်းက ခြင်္သေ့ပုံကို သုံးခဲ့တယ်လို့ ပြည်ထောင်စု ဘဏ်က အချက်အ လက်ထောက်ပြ တယ်။ အဲဒီတော့ ကျွန်တော်တို့လိုချင် တာက အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံတွေပါဖို့ပဲ။ အရင် တုန်းကလည်း ဆင်ပုံတွေ၊ ရက်ကန်း ရက် တဲ့ပုံတွေ ဘုရားပုံတွေပါတာပဲ။ နိုင်ငံရဲ့ ထင်ရှားတဲ့အဆောက် အဦတွေ အဲဒီ ပုံတွေပါခြင်းအပေါ်မှာ ဒါကတစ်ပိုင်း။ အဓိက ငွေစက္ကူရဲ့မျက်နှာစာပေါ်မှာ အမျိုး သားခေါင်းဆောင်တွေရဲ့ ပုံတွေပါ ဖို့ပါပဲ။ အဲဒီတော့ ပြီးခဲ့တဲ့ ဗဟိုဘဏ်က ထုတ်ဝေခဲ့တဲ့ ငွေစက္ကူတွေနဲ့ ပတ်သက် တဲ့အခါမှာ ဗဟိုဘဏ်ရဲ့ ဆောင်ရွက်မှု များကို ကျွန်တော်တို့ အခု သူတို့တင် ပြချက်အရ ကျယ်ကျယ်ပြန့် ပြန့်သိရ တာပေါ့။ အရေးကြီးတာက ကျွန်တော် တို့က နောင်ထုတ် မယ့် ငွေစက္ကူတွေ မှာ နိုင်ငံ့ခေါင်းေ ဆာင်ကြီး ပုံ တွေပါလာ ဖို့ပါပဲ။ အဓိကက အဲဒါပါပဲ။
ပဒို မန်းငြိမ်းမောင်(ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင်)
နိုင်ငံတိုင်းက ငွေစက္ကူတွေပေါ်မှာ နိုင်ငံ့အပေါ်မှာ ကျေးဇူးပြုတဲ့ ခေါင်း ဆောင်ပုံတွေထည့်တယ်။ ကျွန်တော်တို့ ဆီမှာဆိုရင် ဗိုလ်ချုပ်ပုံထည့်ခဲ့တယ်။ ခေတ်အဆက်ဆက် ဒါတွေကို ဖျက်ဆီး ပြီး မဟုတ်တာတွေ ထည့်ခဲ့တယ်။ ကျွန် တော်တို့နိုင်ငံမှာလူပုံပြန်ထည့်မယ်ဆို ရင်တော့ ပထမ ဦးစားပေးအနေနဲ့ ဗိုလ် ချုပ်ပုံ ထည့်စေချင်တယ်။ ဒုတိယဦး စားပေးအနေနဲ့ ငြိမ်းချမ်းရေး အတွက် ကျေးဇူးပြုခဲ့တဲ့ ဆရာကြီးသခင်ကိုယ် တော်မှိုင်း ပုံထည့်စေချင်တယ်။ ဘာ လို့လဲဆိုတော့ ဗိုလ်ချုပ်ရဲ့ဂုဏ်ကျေး ဇူး တွေ က ပြောလို့မကုန်နိုင်ဘူး။ တိုင်းပြည် အတွက်လွတ် လပ်ရေးကိုအရယူပေးခဲ့ တယ်။ တိုင်းရင်းသားစည်း လုံးညီညွတ် ရေး ကို ဖော်ဆောင်ပေးခဲ့တယ်။ တ ကယ့်ကို ဥဒါန်း တွင်ရစ်တဲ့သူရဲကောင်းမို့ ဗိုလ်ချုပ်ပုံကိုပဲသုံးစေချင်တယ်။ နောက် က ရှုခင်းပုံဆိုရင် လွတ်လပ်ရေးကျောက် တိုင်ပုံပေါ့။ မြန်မာနိုင်ငံဟာ နယ်ချဲ့ လက်အောက်က လွတ်မြောက်ခဲ့တဲ့ သင်္ကေတလေ။ ဒုတိယဦးစားပေး အနေ နဲ့ဆို ရင်ပင်လုံကျောက်တိုင်ပေါ့။ တိုင်း ရင်းသားစည်းလုံးညီညွတ်ရေးကို ဖော် ဆောင်မှုရဲ့သင်္ကေတမို့ ရှုခင်းပုံကို အဲ လိုမျိုးထည့်စေချင်တယ်။ လက်ရှိ ငွေ စက္ကူတွေမှာ သတ္တဝါပုံတွေ ထည့်တာ မျိုးဆိုရင်တော့ မလုပ်သင့်ဘူး။ ဒါက နိုင်ငံ့ခေါင်းဆောင်ရဲ့ ကျေးဇူးတရားကို မျက်ကွယ်ပြုတာပဲ။
စံဇာဏီဘို
မြန်မာပြည်မှာ ငွေဆိုတာ ပေါ်တုန်းက သတ္တဝါရုပ်နဲ့ပဲပေါ်တယ်။ နိုင်ငံတကာအဆင့်မှာတော့ လူတွေနဲ့ထားတယ်။ မြန်မာနိုင်ငံမှာ ပျူခေတ်ကတည်း က ဒေါင်းဒင်္ဂါးပုံနဲ့ သုံးတယ်။ မြန်မာနိုင်ငံမှာ အင်္ဂလိပ်ခေတ်က ဂျော့ဘုရင်တို့ဘာတို့က လူပုံနဲ့ငွေကိုစသွင်းတဲ့အခါ လူပုံကိုမျောက်လို့ခေါ်ပြီး တစ်ဖက်က ဟာကို ပန်းလို့သုံးတယ်။ အဲ ဒါကြောင့် မျောက် ပန်းလှန်တယ်လို့ သုံးခဲ့ကြ တယ်။ မြန်မာနိုင်ငံရဲ့ အစဉ်အလာကတော့ ငွေစက္ကူကို သတ္တဝါပုံနဲ့ကိုထုတ်တဲ့ အလေ့အထ ရှိပါတယ်။ မြန်မာ့ရိုးရာ အယူ အဆက တော့ ဒေါင်းဒင်္ဂါးဆိုရင် မြန်မာတွေ အမြင့်အမြတ်ထားတဲ့ပုံမျိုးသုံးတာပေါ့။ အရှေ့တိုင်းတွေမှာလည်း သတ္တဝါပုံသုံးတဲ့ အလေ့အထရှိတယ်။ ကြွက်တို့၊ နွားတို့၊ ကျား တို့သုံးတယ်။ လူရုပ်နဲ့ သုံးတဲ့ ခေတ်ကတော့ ခေတ်မီပဲ၊ ရှေးခေတ်က ပိုက်ဆံကို သတ္တဝါရုပ်နဲ့ပဲထားတယ်။ နောက်ပိုင်းမှာတော့ ဗိုလ်ချုပ်ကို နှိမ်ချင်လို့လားမသိဘူး။ ဗိုလ်ချုပ် ပုံထားလာတယ်။ အဲဒါကိုကျတော့ မျောက်ပန်းလှန်တယ်လို့ မပြောကြတော့ဘူး။ ခေါင်းပန်းလှန်တယ်လို့ ပြောတယ်။ မြန်မာပြည်မှာ လူပုံကိုစသုံးတာ ဦးနေဝင်း လက်ထက်၊ စစ်တပ်ရဲ့ ပုံရိပ်နဲ့ ရဲဘော်သုံးကျိပ်ပုံရိပ်ကို ယူပြီးဗိုလ်ချုပ်ပုံသုံးတယ်။ ဦးနုလက်ထက် လုံးဝမသုံးခဲ့ဘူး။ ဦးနေဝင်းကစပြီးတော့ မှ လူရုပ်ကိုသုံးတာ။ ရှေ့မှာ ဗိုလ်တပ်ချင်လို့။ ဒါနိုင်ငံရေးရှုထောင့်မှာ စစ်ဗိုလ်တွေဘာတွေ နေရာမပေးဘူးလေ။ ငွေစက္ကူမှာ ပုံထည့်မယ်ဆိုရင် မြင့်မြတ်တဲ့သတ္တဝါပုံဖြစ်ရမယ်။ လူလည်းထည့်လို့ ရတယ်။ ကြိုက်တာထည့်လို့ရတယ်။ အဓိကက မြင့်မြတ်တဲ့ သတ္တဝါဖြစ်ရ မယ်။ မြန်မာပြည်ငွေစက္ကူမှာ ပုံထည့်မယ်ဆိုရင် ဘယ်သူ့ပုံထည့်မှာလဲ။ ဦးသိန်းစိန်ပုံထည့်မှာလား၊ ဦးသိန်းစိန် ပုံနဲ့ဆိုရင် ကန့်ကွက်တယ်။
လူပုံထည့်မယ်ဆိုရင် ဗိုလ်ချုပ်ပဲ၊ ဗိုလ်ချုပ်ပုံပဲထည့်ရမယ်။ အဓိက တိုင်းပြည်တစ်ခုမှာ ပုံတစ်ခုခုသုံးမယ် ဆိုရင်ဖြစ်စေ၊ တံဆိပ်ခေါင်းတစ်ခု ခု သုံးမယ်ဆိုရင် ရုပ်တုတစ်ခု မှာဖြစ်စေထည့်တဲ့အခါ နိုင်ငံတစ်ခုလုံးက တစ်ညီတစ်ညွတ်တည်း သူရဲကောင်းလို့ သတ်မှတ်ထားတဲ့သူ၊ မြင့်မြတ်တဲ့သူဖြစ်ရမယ်။ တိုင်းပြည်တစ်ခုရဲ့ icon ကို ရွေး ရမှာ ပေါ့။ ပုံထည့်မယ်ဆိုရင် အစိုးရကကြေညာ၊ ကျွန်တော်တို့က မဲပေးမယ်။လွတ်လပ်ရေး အတွက် တိုက်ပွဲဝင်ခဲ့တဲ့သူတွေ ကိုတန်းစီပြီးလုပ်ပေါ့။ ဒါရှင်းရှင်းလေးပဲ။
ဒေါက်တာမြတ်သစ်(မန္တလေး)
ငွေစက္ကူမှာ ထည့်တဲ့ပုံတွေက အတိတ်နိမိတ်နဲ့ဆိုင်တယ်။ အခုလက်ရှိ မှာ ဆင်ဖြူတော်ထည့်ထားတယ်။ အဲဒါ ကောင်းတယ်။ ဆင်ဟာ ရတနာထဲမှာ ပါတယ်။ ဒါဟာ တိုင်းပြည်ရဲ့အထွတ်အ မြတ် ရတနာထည့်တာပဲ။ ဆင်တင်မ ကဘူး။ မြင်းထည့်လည်းရတယ်။ ဆင် ရတနာ မြင်းရတနာဆိုတာ ရှိတယ်။ ပုဂ္ဂိုလ်ထူးလာတော့မယ်ဆိုရင် ဆင် ရတနာကိုပြတာလေ။ ဘာသာရေး ရှု ထောင့်ကကြည့်လည်း ဆင်ဟာ ရတနာ ပဲ။ ငွေစက္ကူမှာ လူပုံထည့်မယ်ဆိုရင် လူပုံထည့်လည်း ဘာမှမဖြစ်ပါဘူး။ ဒါပေမဲ့ အ ထွတ်အမြတ်ပေါ့။ အများ ကြည်ညိုလေးစားတာကို ထည့်ရင်ပို မြင့်မြတ်တယ်။ အဲဒါ အသက်အရွယ်နဲ့ မဆိုင်ဘူးနော်။ ဥပမာ ဗိုလ်ချုပ်အောင် ဆန်းဆိုရင် အသက် ၃ဝ ကျော်ပဲ။
ဒါ ပေမဲ့ ကိုယ့်တူကိုယ့်သားအရွယ်လေးကို တစ်နိုင်ငံလုံးက ဖူးဖူးမှုတ်ခေါင်း ပေါ် တင်ခဲ့တာ။ အဲဒါ သူ့ဘုန်းကံပဲ။ ဘုန်းကံ ကြီးမားတဲ့သူ၊ အများရဲ့လေးစား ချစ်ခင် မှုရတဲ့သူ ဆိုရင် တိုင်းပြည်အတွက် ဂုဏ် ရှိတယ်။ ကျက်သရေတင့်တယ်တယ်။ ဒါရှင်းရှင်းလေးပဲ။ တစ်နိုင်ငံလုံးရဲ့မေတ္တာ က သူ့အပေါ်မှာရှိရင် တိုင်းပြည်အေး ချမ်းတယ်။ ငွေစက္ကူ မှာထည့်တဲ့ပုံတစ်ပုံ က တိုင်းပြည်ရဲ့ ကံကြမ္မာကို ပြောင်းလဲ စေတယ်။ ဘုန်းတော့ကြီးပါရဲ့ အများရဲ့ မေတ္တာစူးရှတဲ့သူဆိုရင် တိုင်းပြည်အ တွက် မကောင်းဘူး။ တိုင်းပြည် မအေး ချမ်းဘူး။
ဒေါ်ခွန်ဂျာ(ကချင်ငြိမ်းချမ်းရေးကွန်ရက်)
ပိုက်ဆံမှာ ထားမယ်ဆိုရင်တော့ နံပါတ်တစ်ကတော့ နိုင်ငံတော်အတွက် အထင်ကရပေါ့။ ဥပမာဆိုရင် တခြား တိုင်းပြည်တွေမှာဆိုရင် လူများများရဲ့ပုံ ကိုမထားဘူး။ ဘုရင် တုန်းကဆိုရင်လည်း ဘုရင် အားလုံးရဲ့ ပုံကို မထည့်ဘူး။ အထင်ကရဘုရင်ရဲ့ပုံကိုပဲ ထည့်လေ့ရှိ တယ်။ အိန္ဒိယမှာဆိုရင်လည်း ဂန္ဓီရဲ့ပုံ တွေချည်းပဲပေါ့။ ထိုင်းမှာ ဆိုရင် လည်း အခုထိ ဒီဘုရင်ရဲ့ပုံပဲရှိသေးတယ်ပေါ့။ သတ်သတ် မှတ်မှတ်ဆိုရင်တော့ မြန်မာ နိုင်ငံမှာဆိုရင်တော့ အထင်ကရပုဂ္ဂိုလ် ဆိုရင် ဗိုလ်ချုပ်အောင် ဆန်းပုံကလွဲရင် တခြားဘာမှမထည့်သင့်ဘူးလို့ ယူဆပါ တယ်။ ပြီးရင် လောလောဆယ်အချိန်မှာ ဆိုရင်တော့ ဒီမိုကရေစီအစိုးရဖြစ်သွား တဲ့အတွက်ကြောင့်မို့လို့ ပုံကိုထည့်တဲ့ အခါမှာ စစ်ဝတ်စုံပုံမျိုးကို မထည့်ဘဲနဲ့ ပေါ့။ ဒီမြန်မာဆန်ဆန်နဲ့ပုံမျိုးပေါ့။ အရင်တုန်းက ခေါင်းဆောင်ဖြစ်ခဲ့တဲ့ ပုံ မျိုးကိုထည့်သင့်တယ်လို့ ယူဆပါတယ်။
အဲဒီတော့ ဒီဆင်ပုံ၊ ခြင်္သေ့ပုံပေါ့။ အခုကျွန်မတို့နိုင်ငံမှာ ဘယ်နိုင်ငံနဲ့မှမတူ တဲ့ပုံတွေထွက်ထွက်နေတယ်။  တချို့ကိစ္စ ဆိုရင်တော့ ပြည်သူ့အသံနဲ့ လုပ်တာ အဆင်ပြေ တယ်။ အဲဒီလိုလုပ် ပြီးတော့မှ ရွေးချယ်ပြီးသုံးပေးရင်ကောင်းပါတယ်။လောလောဆယ်အနေနဲ့တော့ မြန်မာနိုင်ငံရဲ့ ကိုယ်စားပြု အနေနဲ့ဆိုရင် နံပါတ်(၁)ဆိုရင်တော့ ပိုက် ဆံမှာ ဦး သိန်းစိန်လို ပုံမျိုးနဲ့တော့ လုံးဝမထွက် တော့ဘူးပေါ့။ ဘာလို့ဆိုတော့ ဒီခေတ် သမ္မတရဲ့ပုံတွေနဲ့ တက်လာမယ်ဆိုရင် တော့ ဒါ ကျွန်မတို့အ တွက် တော်ေ တာ် လေးဆိုးတယ်ပေါ့။အရင်တုန်းကလိုမျိုး ဒီ ၇၅ ကျပ် ကို ပြန်သိမ်းဆည်းသလို ပုံစံမျိုး ပြန်မ လုပ်သင့်ဘူးပေါ့။ ဒီပိုက်ဆံတွေကို လုပ် လိုက်ခြင်းဟာ ကျွန်မ တို့မြန်မာနို င်ငံ ကို တော်တော် ကမောက် ကမဖြစ်စေတယ် ပေါ့။ ကျွန်မအမြဲတမ်းစဉ်းစားတယ်။ ဒီ ၈၇ခုနှစ်မှာကျွန်မကိုယ်တိုင် ရန်ကုန်မှာ ကျောင်း တက်နေချိန်မှာ ဒီ ၇၅ကျပ်တန် အရေး အခင်းဖြစ်သွားတယ်ပေါ့။ တ ကယ်လို့သာ ဒီ ၇၅ ကျပ်တန်အရေးအ ခင်းမဖြစ်ခဲ့ဘူးဆိုရင် ၈၈၊ ဒီတစ်နိုင်ငံ လုံး ပြန်လည် တွန်းလှန်ရတဲ့ဟာမျိုး ဖြစ်မတုန်း။
အဲဒါ အမြဲတမ်းအလုပ်တစ်ခုလုပ် တဲ့အခါမှာ စနစ်တကျလုပ်သင့် တယ် ပေါ့။ ပြီးရင်ပိုက်ဆံကို တိုးလိုက်ချုံ့လိုက်၊ ပြီးရင် ပိုက်ဆံကို အစိုးရကထိန်းချုပ်တဲ့ အတွက်ငွေကြေး တန်ဖိုးကို အခြားသော နိုင်ငံခြားငွေနဲ့လဲတဲ့အခါ မှာ အရမ်းကျွိုအေန ကများတဲ့အခါကျရင် ဒီတိုင်းပြည် ရဲ့စီးပွားရေးစနစ်ကို ထိန်းကျောင်းဖို့က မလွယ်ဘူးဖြစ်နေတယ်။ အဲဒီတော့ ငွေ ကြေးလုပ်တဲ့အခါမှာ အကုန်လုံးကို အစ စအရာရာ ထည့်သွင်းစဉ်းစားပြီးမှ လုပ် ဖို့လိုမယ် ထင်တယ်။ အရုပ်တင်သာ မကဘဲ Financial Policy  ကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုမယ်။
မတင်ဇာနည်ဇော်(ကုမ္ပဏီဝန်ထမ်း)
ပိုက်ဆံပေါ်ကပုံကတော့ ဗိုလ်ချုပ် ဆောင်ဆန်းပုံပဲ ၁ဝဝ ရာခိုင်နှုန်းအသေ အချာ လိုချင်တယ်။ ဖြစ်လည်းဖြစ်စေချင် တယ်။ ဘာလို့လဲဆိုတော့ အားကျလို့။ စကားပြော တာ ပြတ်သားလို့ အသက် ပေးပြီးတော့ ပြည်သူကိုချစ်သွားလို့ ၃၃ နှစ်နဲ့သေသွားတာ ဝမ်းနည်းလို့ ပိုက်ဆံ ပေါ်ကပုံကိုမြင်တိုင်း အမှတ်တရဖြစ်စေ ချင်လို့ ဗိုလ်ချုပ်အောင် ဆန်းအကြောင်း ဆိုရင်ပြောလို့တောင် ဆုံးမှာမဟုတ်ဘူး။ ပြည်သူတစ်ယောက် အနွေးထည်မဝတ် ထားတာကို သူက သူ့ကုတ်အ င်္ကျီ ချွတ် ပေးပြီး ပြည် သူချမ်း တာ သူချမ်းတာနဲ့ အတူတူပဲဆိုပြီးပြောခဲ့တဲ့စကားကို အ ကြိုက်ဆုံးပဲ။ ကိုယ့်အထက်က မကောင်း ရင် ငြိမ်ခံမနေရဘူး သူ့ရဲ့အထက်ကို တင်ပြေ ပးရမယ်။ အဲစကား ကို လည်း ကြိုက်တယ်။ ခြင်္သေ့ပုံကတော့ ကြွာကြွားဝါဝါရှိတာပေါ့။ အမှားကြီးတော့ မဟုတ်ဘူး။ ဒီပုံတွေကလည်း စိတ်ဓာတ် တက်ကြွအောင် လုပ် တဲ့ မြန် မာ့ေ သွး မြန်မာ့မာန်ပေါ့။ ဒါပေမဲ့ နိုင်ငံခြားသား တစ်ယောက်ကကြည့်ရင်တော့ ရယ်ချင် စရာဖြစ်မယ်ထင်တယ်။ ကိုယ့်နိုင်ငံ သမိုင်းမှာထင်ရှားတဲ့ လူတောင် မရှိဘူး လား။
ကိုဖြိုးဝေကျော်(စက်ပြင်အလုပ်သမား)
ပိုက်ဆံမှာ ဘယ်လိုပုံထည့်သင့် သလဲဆိုတော့ ငါတို့အမျိုးသားခေါင်း ဆောင် ဗိုလ်ချုပ်အောင်ဆန်းပုံကို ထည့် စေချင်တာပေါ့။ ဘာလို့လဲဆိုတော့ ငါတို့ နိုင်ငံ့ေ ခါင်းေ ဆာင် ကြီး ကိုလည်း ဂုဏ်ပြုတဲ့အနေနဲ့ပြီးတော့ ဘယ်နိုင်ငံ ပဲကြည့်ကြည့် သူများနိုင်ငံတွေမှာ သူတို့ နိုင်ငံရဲ့ခေါင်းဆောင်တွေ၊ အထင်ကရ ပုဂ္ဂိုလ်ပုံတွေ ကို သုံးကြ တယ်ေ လ။ ငါ တို့ ဆီမှာပဲ ခြင်္သေ့တွေဘာတွေဆိုတော့ တစ်မျိုးပေါ့ကွာ။ အောက်တာပေါ့။ ပိုက်ဆံပေါ်ကပုံတွေနဲ့ ပတ်သက် ပြီး လက်ရှိသုံးနေရတာတော့ ကြာလာ တော့ ခံစားချက် ဒီေ လာက်ကြီး မရှိတော့ ဘူး။ ဖြစ်ချင်တာတော့ ဆန္ဒကတော့ ပိုက်ဆံပေါ်က ပုံတွေကတော့ တစ်စိတ် တစ်ဒေသအနေနဲ့ အရေးကြီးတယ်ထင် တယ်။ ပိုက်ဆံမှာ ခြင်္သေ့ပုံ၊ ဆင် ပုံတွေ့ တာနဲ့ ဗိုလ်ချုပ်ပုံတွေ့ရင် ခါးကြားမှာ တောင်မှ လိမ်ချင်မှလည်း လိမ်မယ်။ ပိုက်ဆံမှာ ဗိုလ်ချုပ်ပုံ ထည့်မယ်ဆိုရင်တော့ ဝမ်းသာတာပေါ့။
ပေါ်ပြူလာနယူးစ်အဖွဲ့
No comments:
Post a Comment