Wednesday 20 November 2013

စစ်အာဏာရှင်ဟောင်းဟု မြန်မာ့နိုင်ငံရေးသမိုင်းတွင် အဆိုး အကောင်း များစွာဖြင့် တစ်ခေတ်ဖြစ်ခဲ့သူ ဦးနေဝင်း ၄င်း၏ ဂုဏ်ပုဒ် အဆင့် အတန်းနှင့်ဆန့်ကျင်လျက် သူ၏ဈာပနအတွက် အလွန်ရိုးစင်းသို သိပ်စွာ ပြုလုပ်ရန် မှာတမ်းခြွေခဲ့



မြန်မာ့နိုင်ငံရေးသမိုင်းတွင် အဆိုး အကောင်းများစွာဖြင့် တစ်ခေတ်ဖြစ်ခဲ့ ပြီး စစ်အာဏာရှင်ဟောင်းဟု အများစု က ဘွဲ့တပ်ခေါ်ဝေါ်ကြသော ဗိုလ်ချုပ် ကြီး(ဟောင်း) ဦးနေဝင်းအနေဖြင့် ၄င်း ၏ နောက်ဆုံးခရီးကို ရဲဘော် သုံးကျိပ်ဝင်၊ သမ္မတ ဟောင်းဟူသော ဂုဏ်ပုဒ်များနှင့် ဆန့်ကျင်စွာပင် အလွန်ရိုးစင်းသော ဈာပနအဖြစ် သိုသိပ် စွာပြုလုပ်ရန် သေ တမ်းစာ အမှာထားခဲ့သည့်အတိုင်း ဆောင် ရွက်ပေးခဲ့ရခြင်းဖြစ်သည်ဟု ၄င်း၏မြေး တစ်ဦးဖြစ်သူ ကိုအေးနေဝင်းက ထုတ် ဖော်ပြောဆိုလိုက်သည်။

ဦးနေဝင်းအနေ ဖြင့်နိုင်ငံရေးမှအနားယူပြီးနောက် လယ်တီ ဆရာတော်ကြီး ၏နည်းအတိုင်း ဝိပဿနာ တရားကို ပြင်းပြင်းထန်ထန် အားထုတ်ခဲ့ သည်ဟု မကြာမီက လွတ်မြောက်လာခဲ့ သော မြေးများဖြစ်ကြသည့် ကိုအေးနေ ဝင်း၊ ကိုကျော်နေဝင်းနှင့် သူတို့နှစ်ဦး ထက် စောစွာလွတ်မြောက်ခဲ့သူ ကိုဇွဲနေ ဝင်းတို့ကိုအင်တာဗျူးပြုလုပ်စဉ် အကြီးဆုံး ဖြစ်သူ ကိုအေးနေဝင်း က ပြောသည်။

”အဘိုးနဲ့ပတ်သက်ပြီးအထိမ်းအမှတ်ဆိုတာက အဘိုးက နိုင်ငံရေးကနေ အနားယူပြီး နောက် လယ်တီဆရာတော် ဘုရားရဲ့ ဝိပဿနာတရားကို ပြင်းပြင်း ထန်ထန် အား ထုတ်ခဲ့ပါတယ်။ အဲဒီ နောက်ပိုင်း သူနဲ့အင်မတန်ရင်းနှီးတဲ့ အမေရိကန်နိုင်ငံသားမစ္စတာဒန့်ရိုစေ ဆုံးပါးသွားခဲ့ပါတယ်။ သူမဆုံးခင်မှာ တစ်နှစ်ကို အဘိုးနဲ့လေး၊ ငါး ကြိမ်လောက် တွေ့ဖြစ်ကြတယ်။ အန်ကယ်ဒန့်က အစား အသောက်ကအစ အရမ်းဆင်ခြင်တယ်။ ဒါပေမဲ့ အစောကြီး ဆုံးပါးသွားခဲ့တယ်။ အဲဒီအချိန်မှာ အဘိုးက ကျွန်တော်တို့ မိသားစုတွေကိုခေါ်ပြီး သူ့ရဲ့ ဆန္ဒအဖြစ် စာတစ်စောင်ရေးပြီး လက်မှတ်ထိုးခဲ့ပါ တယ်။ စာမှာ ဘာပါလဲဆိုရင် သူသေ သွားရင်ရုပ်ကလာပ်ကို နာရီ(၃ဝ) ထက်ပို မထားရဘူး။ အဲဒီအချိန် အတွင်းမှာ မီးသင်္ဂြိုဟ်ရမယ်။ အဲဒီပြာကို ရန်ကုန် မြစ်ဝမှာ ရေချဖို့ ပြောခဲ့ပါတယ်။”

ယင်းသို့မှာကြားခဲ့ခြင်းမှာ ထိုကာလ က မိသားစုထဲတွင် နိုင်ငံရပ်ခြား၌ အလုပ်လုပ်နေသူများရှိနေကြောင်း၊ ယင်း အချိန်ထက်ပိုထားခဲ့ပါက နိုင်ငံခြားရောက် နေသူများ ကသီလင်တဖြင့် ဈာပနသို့ ပြန်လာလိုကြမည်ဖြစ်ရာ အလုပ်အကိုင် ပျက်ကြမည်စိုးရိမ်၍ မည်သူမျှမသိခင် နာရီ(၃ဝ)အတွင်း မီးသင်္ဂြိုဟ်ရန် မှာကြားခဲ့ ခြင်းဟု ၄င်းက   ပြောသည်။ ဦးနေဝင်း အနေဖြင့် မြန်မာ့တပ်မတော်သမိုင်း၏ အဦးအစဟုဆိုရမည့် ရဲဘော်သုံးကျိပ်ဝင် တစ်ဦး ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းတို့နှင့် အတူ လွတ်လပ်ရေးကြိုး ပမ်းမှု သမိုင်း တွင် ပါဝင်ခဲ့သူဖြစ်သည်။ ၁၉၄၉ ခုနှစ် မှ ၁၉၇၂ ခုနှစ်အထိတပ်မတော်၏ ကာ ကွယ်ရေးဦးစီးချုပ်အဖြစ်ဆောင်ရွက်ကာ တော်လှန်ရေးကောင်စီ အမည် တွင်သော ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်သော မြန်မာ့ တပ်မတော်အစိုးရသည် ဝန်ကြီးချုပ်ဦးနု ဦးဆောင်သော ဖဆပလ အစိုးရထံမှ ၁၉၆၂ ခုနှစ်၊ မတ်လ (၂) ၇က်နေ့ မှာ အာဏာသိမ်းခဲ့သည်။

ထို့ကြောင့် ၁၉၆၂ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ တော်လှန်ရေး ကောင်စီ၏ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ၁၉၇၄ ခုနှစ်မှ ၁၉၈၁ ခုနှစ် အထိ ဆို ရှယ်လစ်နို င်ငံသမ္မတအဖြစ်လည်းကောင်း၊ ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ ဥက္ကဋ္ဌအဖြစ် လည်းကောင်း ဆောင်ရွက် ခဲ့သူဖြစ်သည်။ ၂ဝဝ၂ ခုနှစ်၊ ဒီဇင်ဘာ လ ၅ ရက်နေ့ နံနက် ၇ နာရီခွဲ ခန့် အချိန်တွင် ဗိုလ်ချုပ်ကြီးနေဝင်း (ငြိမ်း) ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက်(၉၃)နှစ် ဖြစ်သည်။ ထိုစဉ်က နိုင်ငံတော်   အေးချမ်း သာယာရေးနှင့် ဖွံ့ ဖြိုးရေးကောင်စီ အစိုးရသည် ဗိုလ်ချုပ် ကြီးနေဝင်း(ငြိမ်း)၏ ဈာပနကို သမီးဖြစ် သူ ဒေါ်စန္ဒာဝင်းနှင့် လူ (၂၅) ယောက် ခန့်သာ လိုက်ပါပို့ေ ဆာင်ခွင့်ပေးခဲ့သည် ဟုပင်သမိုင်းမှတ်တမ်း များအရ သိရကာ မီးသဂြုင်္ိဟ်ပြီးနောက် ကြွင်းကျန်သော အရိုးပြာကို ရန်ကုန်မြစ်အတွင်း မျှောခဲ့ ခြင်း ကိုတော့ မြေးဖြစ်သူ ကိုအေးနေဝင်း က အတည်ပြုပြောကြားပါသည်။

                                  

”အဘိုးဆုံးပါးသွားချိန်မှာ ကျွန် တော်တို့က ထောင်ထဲမှာပဲ ရှိနေပါသေး တယ်။အပြင်မှာအမေပဲရှိတယ်။ အမေနဲ့ အဲဒီအချိန်က အုပ်ချုပ်နေတဲ့ အစိုးရပူး ပေါင်းပြီး အဘိုး ဆန္ဒအတိုင်း အကောင် အထည်ဖော်ပေးခဲ့ပါတယ်”

ထို့အပြင် ၄င်းတို့၏ အဘိုးဖြစ်သူ ဦးနေဝင်း အနေဖြင့်၎င်းတာဝန် ယူခဲ့ သော သမိုင်းတစ်လျှောက် နိုင်ငံရေး အရိပ်မည်းများရှိခဲ့သော်လည်း ရဲဘော် သုံးကျိပ်ဝင် ဟူသော နိုင်ငံရေးသမိုင်းနှင့် ¤င်းဖြတ်သန်းခဲ့သောဂုဏ်ဒြပ်အရ ၄င်း နှင့်ပတ်သက်သည့် ဂူဗိမာန်တစ် စုံတစ် ရာဆောင်ရွက်ရန်ရှိမရှိ ကျန်ရစ်သူမြေး များအား မေးမြန်းရာမှ အဆိုပါမှာတမ်း နှင့်ပတ်သက်၍ ပြောဆိုခဲ့ခြင်းဖြစ်သည်။ အထိမ်းအမှတ်ပြုလုပ် ရန်နှင့်ပတ်သက် ၍မူ ၄င်းက အဘိုးဖြစ်သူ၏စကားကို လေးစားလိုက်နာမှုအနေဖြင့် ၄င်းတို့ မိသားစုက အထိမ်းအမှတ်ဘာမှလုပ်ရန် မရှိကြောင်းကို ”တိုင်းပြည်နဲ့လူမျိုး အတွက် စွမ်းစွမ်းတမံ လုပ်ဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် အထိမ်းအမှတ် တစ်ခုထားသင့် သလားဆိုရင် လူမှုရေး အရ၊ နိုင်ငံရေးအရ ထားသင့်တာ ဟုတ် ကောင်းဟုတ်ပါလိမ့်မယ်။ တရားတော် တွေကိုကျင့်ကြံပြီး လေးလေးနက်နက် မှာခဲ့တဲ့ အဘိုးရဲ့စကား ကို လေးစားတဲ့ အနေနဲ့ ကျွန်တော်တို့မိသားစုက အ ထိမ်းအမှတ်အနေနဲ့ ဘာမှ လုပ်ဖို့မရှိပါ ဘူး။ ဒါနဲ့ပတ်သက်ပြီး ရှေးဟောင်းဂရိ ပညာရှင် ကေတိုက ပြောခဲ့ဖူးတာက သူ သေသွားလို့ရှိရင် သူ့ပုံရုပ်တုဗိမာန်ထားလိုက်လို့ နောင်လာနောက်သား တွေကတွေ့ရင် ဒီရုပ်တုက ဘယ်သူ့ရုပ် တုလဲ၊ ဘယ်လို ပုဂ္ဂိုလ်မျိုးမို့ ဒီလိုရုပ်တု ထုထားတာလဲ လို့ မေးမှာကို မခံချင်ဘူး။ ကေတိုဆိုတဲ့ နာမည်ကို လူတိုင်းက မှတ်မိပြီးသိနေ လျက်သားနဲ့ ဘာလို့ ဒီကေတိုလို လူမျိုး ဗိမာန်ဘာလို့မထား တာလဲဆိုတဲ့ မေးခွန်းထုတ် တာမျိုးပဲ ခံ ချင်ပါတယ်ဆိုတဲ့ စကားကို အမှတ်ရ မိတယ်။ ကျွန်တော့် အဘိုးဆုံးပါးသွားတဲ့ အချိန်မှာ ထောင်ထဲမှာရောက်ရှိနေတဲ့ ကျွန်တော်တို့ရဲ့ အထူးဆောင်မှာနေရတဲ့ ဒုတိယဗိုလ်မှူးကြီး ကျော်ဆန်းက NLD  ပါတီရဲ့ စစ်ကိုင်းတိုင်းဥက္ကဋ္ဌပါ။ ကျွန် တော်တို့  က ထောင်ဝင်စာတွေ့ခွင့် မရှိ ပါဘူး။ သူက ထောင်ဝင်စာတွေ့လို့ရတဲ့ အတွက် အဘိုးဆုံးတဲ့ သတင်းကြားလာပြီး စိတ် မကောင်းဖြစ်လာပါတယ်။ အဲဒါနဲ့ အကျဉ်းထောင်ဝန်ထမ်းတွေက ကျွန် တော်တို့ကိုမပြောဖို့ တောင်းပန်ထား တယ်။ ဒါပေမဲ့ သူက
ပြန်ပြောပြခဲ့ပါ တယ်။ ဒီလိုပုဂ္ဂိုလ်မျိုးဆုံးတာကို သူရဲ ကောင်းစစ်သည်ဗိမာန်မှာ တခမ်းတနား မလုပ်ဖူးလား။ ဘယ်လို အသုဘချမလဲ ဆိုပြီးမေးတဲ့အခါ ကျွန်တော်က ပြန်   ဖြေရှင်းပေးခဲ့ရတယ်။ အဘိုးမဆုံးခင်က သူဆုံးပါးသွားရင်ဘယ်လို လုပ်ရမယ်ဆို ပြီး အစီအမံတွေထားခဲ့တဲ့အတွက် အဲ ဒီလိုပဲလုပ်မယ်လို့ထင်တယ်လို့ ရှင်းပြခဲ့ ရတယ်” ဟု ၄င်းက ပြောသည်။

ဦးနေဝင်းအနေဖြင့် မြန်မာ့တပ် မတော်နှင့်ပတ်သက်၍ကျေးဇူးရှိခဲ့သည် ဟူသော ရည်ညွန်းစကားကိုမူ ၄င်း က ”မြန်မာ့တပ်မတော်မှာ ကျေးဇူးရှိ တယ်ဆိုတဲ့စကားက အင်မတန်ရင့်သီး မောက်မာ တဲ့စကား ဖြစ်နေပါတယ်။ ကျွန်တော့်တို့မိသားစုဟာ ကျေးဇူးရှိ တယ်လို့မြင်တာ ထက်စာရင် ကိုယ်ကျေး ဇူးဆပ်ရမယ့်တိုင်းပြည်အပေါ်မှာ တာဝန် ကျေချင်လို့ လုပ်ကိုင်ခဲ့တာပါ” ဟု ဦးကျော်နေဝင်းက ၄င်းသဘောထားကို ပြောဆိုခဲ့သည်။

ထွဋ်မြတ်
Popular Myanmar News Journal

No comments:

Post a Comment