Wednesday 20 November 2013

အားကစားနဲ့အိုင်တီပစ္စည်းများ ထိုင်းက မြန်မာကို လှူဒါန်း

အရှေ့တောင်အာရှအားကစားပွဲ (ဆီးဂိမ်း) အတွက်  ဒေါ်လာ ၂ သန်းဘိုးရှိ အားကစားပစ္စည်းများ၊ နည်းပညာသုံး အိုင်တီပစ္စည်းများကို ထိုင်းနိုင်ငံက တနင်္လာနေ့မှာ ပေးအပ်ခဲ့ပါတယ်။

တနင်္လာနေ့နံနက်က မဲဆောက်-မြ၀တီချစ်ကြည်ရေးတံတားအနီးတွင် လွှဲပြောင်းပေးအပ်ခဲ့သည် (ဓာတ်ပုံများ - မန်းမျိုးမြင့်)
အလှူပစ္စည်းတွေကို ၁၀ ဘီးတပ်ယာဉ် ၁၀ စီးခန့်နဲ့ နယ်စပ်ဖြတ် တင်ယူလာပြီး မြ၀တီမြို့မှာ မြန်မာ အာဏာပိုင်တွေဘက်သို့ လွှဲပြောင်းပေးခဲ့တာပါ။

 မြန်မာနိုင်ငံအားကစားနှင့်ကာယပညာဦးစီးဌာနမှ  ဒုတိယညွှန်ကြားရေးမှူးဦးမြသွင်က လက်ခံရယူခဲ့ပါ တယ်။

ပစ္စည်းတွေ သယ်လာတဲ့  ထိုင်းနိုင်ငံ တာ့ခ်ခရိုင်အုပ်ချုပ်ရေးမှူး နိုင်ဆူရိပဆယဗန်ဒေ့က
 “အာဆီယံအိမ်နီးခြင်းဖြစ်တဲ့ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်  မကျင်းပခဲ့တာနှစ်ပေါင်း ၄၀ ကျော်ပြီဖြစ်တဲ့ ဒီပွဲကို အကူအညီပေးတာပါ။ ဒီပစ္စည်းတွေကို ထိုင်းအစိုးရနဲ့အားကစား အဖွဲ့ချုပ်က ပေးအပ်တာဖြစ်တယ်” လို့ ပြောပါတယ်။ 

ထိုင်းနိုင်ငံမှအားကစားနည်းပြများကလည်း မြန်မာအားကစားသမားများအတွက် အားကစားနည်း ၆ မျိုးကို မြန်မာနိုင်ငံတွင် နည်းပြပေးနေပါတယ်လို့ ဆိုပါတယ်။

ဆီးဂိမ်းကို နှစ်ပေါင်း ၄၀ ကျော်နောက်ပိုင်း မြန်မာနိုင်ငံကလက်ခံကျင်းပခြင်းပါ။

၂၇ ကြိမ်မြောက် ဆီးဂိမ်းဖွင့်ပွဲကို   လာမည့်ဒီဇင်ဘာလ ၁၁ ရက်နေ့ နေပြည်တော်ရှိဝဏ္ဏသိဒ္ဓိအား ကစားကွင်းမှာ ကျင်းပပါမယ်။

မြန်မာနိုင်ငံအပါအ၀င် ဒေသတွင်း ၁၁ နိုင်ငံမှ အားကစားသမား ၆,၀၀၀ ကျော်က ရွှေတံဆိပ် ၄၆၀ အတွက် ၀င်ရောက်ယှဉ်ပြိုင်ကြမယ်လို့ သိရပါတယ်။







 
ဧရာဝတီblog

No comments:

Post a Comment