Wednesday 26 June 2013

ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ် (အဝိုင်း) များ စိစစ်


တရားဝင်ယာဉ် မှန်/မမှန် စစ်ဆေးခြင်းများကို (၁၁-၆-၂ဝ၁၃) အင်္ဂါနေ့မှ စတင်၍ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတို့၌ ရှောင်တခင် စစ်ဆေးခဲ့ရာ ၂၃-၆-၂ဝ၁၃ နေ့အထိ Saloon သုံးစီး၊ Station Wagon လေးစီး၊ Light Truck တစ်စီး စုစုပေါင်း ရှစ်စီးကို တရားဝင်ယာဉ် မဟုတ်ကြောင်း စစ်ဆေးဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ပါသည်။ 
ယာဉ်မှတ်ပုံတင် သက်သေခံလက်မှတ်(အဝိုင်း) အတု လက်ဝယ် ထားရှိမှုနှင့် တရားမဝင်ယာဉ် အသုံးပြုမှု၊ လက်ဝယ်ထားရှိမှုများဖြင့် သက်ဆိုင်ရာ ရဲစခန်းများ၌ အမှုဖွင့် အရေးယူထားပါသည်။ တရားမဝင်ယာဉ်နှင့် ယာဉ်မှတ်ပုံတင် သက်သေခံလက်မှတ် (အဝိုင်း) အတုများ လက်ဝယ်ထားရှိမှုများကြောင့် ယာဉ်နှင့် ယာဉ်မှတ်ပုံတင် သက်သေခံလက်မှတ် အမှန်တကယ် မှတ်ပုံတင် သုံးစွဲသူများ စိတ်အနှောင့်အယှက် မဖြစ်စေရေး ပြည်သူများမှလည်း သတင်းပေး ဖော်ထုတ်သွားကြပါရန် အသိပေးအပ်ပါသည်။ ပြည်သူများမှ သတင်းရရှိပါက (က) ရုံးချုပ် ဝ၆၇-၄ဝ၅၃၆၂၊ ဝ၆၇-၄ဝ၅ဝ၃၈၊ ဝ၆၇-၄ဝ၅၃၅၉၊ ဝ၁-၅၇၃၁ဝ၈၊ ဝ၁-၅၇၃၁ဝ၇ (ခ) တိုင်းဒေသကြီး ဝ၁-၅၇ဝ၉၆၇၊ ဝ၁-၅၆၂၇၅၇ ဦးစီးမှူးရုံး (ရန်ကုန်) (ဂ) တိုင်းဒေသကြီး ဦးစီးမှူးရုံး (မန္တလေး) ဝ၂-၇၁၈၇ဝ၊ ဝ၂-၃၆၁၁၆ (ဃ) တိုင်းဒေသကြီးဦးစီးမှူးရုံး (ပဲခူး)  ဝ၅၂-၃ဝဝ၄၆၊ ဝ၅၂-၃ဝ၈၆၆ သို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း ၂၀၁၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။ 
Khit Lu Nge

No comments:

Post a Comment