Wednesday 26 June 2013

လွှတ်တော် အစည်း အဝေး များ ပထမနေ့တွင် မေးခွန်း ၁၅ ခု မေးမြန်းခြင်း၊ အဆို သုံးခုနှင့် ဥပဒေကြမ်း အသစ်လေးခု တင်သွင်းခြင်း များ ပြုလုပ်

Photo: လွှတ်တော် အစည်းအဝေးများ ပထမနေ့တွင် မေးခွန်း ၁၅ ခု မေးမြန်းခြင်း၊ အဆိုသုံးခုနှင့် ဥပဒေကြမ်း အသစ်လေးခု တင်သွင်းခြင်းများ ပြုလုပ်
Wednesday, 26 June 201

26-6-2013

လွှတ်တော်အစည်းအဝေးများ ပထမနေ့တွင် မေးခွန်း ၁၅ ခု မေးမြန်းခြင်း၊ အဆိုသုံးခုနှင့် ဥပဒေကြမ်း အသစ်လေးခု တင်သွင်းခြင်းများ ပြုလုပ်ခဲ့သည်။

ပြည်သူ့လွှတ်တော်မှ မေးခွန်း ၁၀ ခု မေးမြန်းခဲ့ပြီး အမျိုးသားလွှတ်တော် မှမေးခွန်း ငါးခု မေးမြန်းခဲ့ခြင်း ဖြစ် သည်။ ပြည်သူ့ လွှတ်တော် မှ မေးမြန်း ခဲ့သည့် မေးခွန်းများတွင် နိုင်ငံတော်မှ ချပေးသည့် ရန် ပုံငွေဖြင့် ကျေး လက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ကိုင်ဆောင်ရွက်ခွင့်ရှိသော ကုမ္ပဏီများ ကဆောင် ရွက်သော လုပ်ငန်းများနှင့် ပတ်သက်ပြီး မည်ကဲ့သို့ ကြီးကြပ်ဆောင်ရွက်သည်နှင့် စပ်လျဉ်းသည့် မေးခွန်းကို မေးမြန်းခဲ့ရာ အစိုးရအဖွဲ့မှတာဝန်ရှိသူက ကုမ္ပဏီများမလုပ်နိုင်သည့် ကိစ္စများကို ၀န်ကြီးဌာနမှ ပေါင်းစပ်လုပ်ကိုင် ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

ထို့ပြင် လယ်ယာမြေများတွင် အမှန်တကယ် လိုအပ်၍ သုံးစွဲရန်နှင့် သုံးစွဲလျက် ရှိသော မြေများအား အသုံးပြုရန် (လန-၃၉) လျှောက်ထား ရရှိနိုင်မှုနှင့် စပ်လျဉ်းသည့် မေးခွန်းနှင့် ပတ်သက်၍ အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက လယ်ယာမြေများကို အခြားမြေအဖြစ် အသုံးပြုနိုင်ရန်ပြဋ္ဌာန်း ဥပဒေများနှင့် အညီ လျှောက်ထားနိုင်ကြောင်း ပြန်လည်ဖြေကြားသည်။

ထို့နောက် ဥပဒေကြမ်း အသစ်လေးခုအနက် တစ်ခုဖြစ်သည့် တောင်သူ လယ်သမား၏ အကျိုးစီးပွား မြှင့် တင်ရေး ဥပဒေ ကြမ်းကို စိုက် ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီက တင်သွင်းခဲ့သည်။

အမျိုးသား လွှတ်တော်တွင် မေးခွန်းငါးခု မေးမြန်းခဲ့ပြီး "ဆေးလိပ်နှင့် ဆေး ရွက် ကြီး ထွက် ပစ္စည်းကောက် သုံးမှုထိန်းချုပ်ရေးဥပဒေကို တိကျ စွာလိုက် နာကျင့်သုံးရေးအတွက် လိုအပ်သောအစီအမံများနှင့် အရေးယူ
ဆောင်ရွက် သွားရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆို၊ တစ်ခုတည်းသော အမျိုးသား စီးပွားရေး ၀င်ပေါက် (National Single Window) တည်ထောင်ထားရန် ပြည်ထောင်စုအစိုးရအား တိုက် တွန်းကြောင်းအဆိုနှင့် ဆည်ရေပေးဝေနိုင် သည့် မြေဧရိယာများ လျော့နည်း သတ်မှတ် ဖော်ပြချက်များအပေါ် လယ်ယာ ကိန်းဂဏန်း များ မှန်ကန်စေရေး ပြန် လည်စိစစ်ရန်နှင့် ပြည်ထောင်စု အစိုးရအဖွဲ့၏ ခွင့်ပြုသဘော တူညီ ချက် ရယူထုတ်ပြန်သွားရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုများကို တင်သွင်းခဲ့သည်။

EMG
လွှတ်တော်အစည်းအဝေးများ ပထမနေ့တွင် မေးခွန်း ၁၅ ခု မေးမြန်းခြင်း၊ အဆိုသုံးခုနှင့် ဥပဒေကြမ်း အသစ်လေးခု တင်သွင်းခြင်းများ ပြုလုပ်ခဲ့သည်။

ပြည်သူ့လွှတ်တော်မှ မေးခွန်း ၁၀ ခု မေးမြန်းခဲ့ပြီး အမျိုးသားလွှတ်တော်မှမေးခွန်းငါးခု မေးမြန်းခဲ့ခြင်း ဖြစ် သည်။ ပြည်သူ့လွှတ်တော်မှ မေးမြန်းခဲ့သည့် မေးခွန်းများတွင် နိုင်ငံတော်မှချပေးသည့်ရန် ပုံငွေဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ကိုင်ဆောင်ရွက်ခွင့်ရှိသော ကုမ္ပဏီများ ကဆောင်ရွက်သောလုပ်ငန်းများနှင့် ပတ်သက်ပြီးမည်ကဲ့သို့ ကြီးကြပ်ဆောင်ရွက်သည်နှင့် စပ်လျဉ်း သည့် မေးခွန်းကို မေးမြန်းခဲ့ရာ အစိုးရအဖွဲ့မှတာဝန်ရှိသူက ကုမ္ပဏီများမလုပ်နိုင်သည့် ကိစ္စများကို ၀န်ကြီး ဌာနမှ ပေါင်းစပ်လုပ်ကိုင် ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

ထို့ပြင် လယ်ယာမြေများတွင် အမှန်တကယ် လိုအပ်၍ သုံးစွဲရန်နှင့် သုံးစွဲလျက်ရှိသော မြေများအား အသုံးပြုရန် (လန-၃၉) လျှောက်ထားရရှိနိုင်မှုနှင့် စပ်လျဉ်းသည့် မေးခွန်းနှင့် ပတ်သက်၍ အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက လယ်ယာမြေများကို အခြားမြေအဖြစ် အသုံးပြုနိုင်ရန်ပြဋ္ဌာန်း ဥပဒေများနှင့် အညီ လျှောက်ထားနိုင်ကြောင်း ပြန်လည်ဖြေကြားသည်။

ထို့နောက် ဥပဒေကြမ်း အသစ်လေးခုအနက် တစ်ခုဖြစ်သည့် တောင်သူလယ်သမား၏ အကျိုးစီးပွား မြှင့် တင်ရေး ဥပဒေ ကြမ်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီက တင်သွင်းခဲ့သည်။

အမျိုးသား လွှတ်တော်တွင် မေးခွန်းငါးခု မေးမြန်းခဲ့ပြီး "ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းကောက် သုံးမှုထိန်းချုပ်ရေးဥပဒေကို တိကျစွာလိုက်နာကျင့်သုံးရေးအတွက် လိုအပ်သောအစီအမံများနှင့် အရေးယူ
ဆောင်ရွက်သွားရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆို၊ တစ်ခုတည်းသော အမျိုးသား စီးပွားရေး ၀င်ပေါက် (National Single Window) တည်ထောင်ထားရန် ပြည်ထောင်စုအစိုးရအား တိုက် တွန်းကြောင်းအဆိုနှင့် ဆည်ရေပေးဝေနိုင်သည့် မြေဧရိယာများ လျော့နည်းသတ်မှတ် ဖော်ပြချက်များ အပေါ် လယ်ယာကိန်းဂဏန်းများ မှန်ကန်စေရေး ပြန်လည်စိစစ်ရန်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြု သဘောတူညီချက် ရယူထုတ်ပြန်သွားရန် ပြည်ထောင်စုအစိုးရအားတိုက်တွန်းကြောင်း အဆိုများကို တင်သွင်းခဲ့သည်။
EMG

No comments:

Post a Comment