Wednesday 26 June 2013

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန အမည်ပြောင်းမည်

နိုင်ငံတကာနှင့် အာဆီယံနိုင်ငံများ တွင်ခေါ်ဝေါ်သည့် အမည်အတိုင်း ဖြစ်စေရန် ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာနကို ဘဏ္ဍာရေးဝန်ကြီးဌာန အဖြစ် အမည်ပြောင်းလဲရန် နိုင်ငံတော်သမ္မတက ဇွန်လ၂၅ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်သို့ သဝဏ်လွှာ ပေးပို့ထားကြောင်း ပြည်ထောင်စု လွှတ်တော်က ကြေညာသည်။

အခွန်ဆောင်ရန် လုပ်ငန်းသည် ဘဏ္ဍာရေး မူဝါဒဆိုင်ရာ လုပ်ငန်း၏ အစိတ် အပိုင်းတစ် ရပ် ဖြစ်ခြင်းကြောင့် အမည်ပြောင်း လဲခြင်း ဖြစ်ပြီး ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီ ချက် ရရှိရန် နိုင်ငံတော်သမ္မတရုံး သဝဏ်လွှာ ပေးပို့ခြင်း ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် ၏ ကြေညာ ချက် တွင် ဖော်ပြထားသည်။

အဆိုပါ သဝဏ်လွှာကို နိုင်ငံတော် သမ္မတရုံးက မေလ ၁၅ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်နာယက ရုံးသို့ ပေးပို့ထားခြင်း ဖြစ်ပြီး ပြည်ထောင်စု လွှတ်တော် ပြန်လည်စတင်သည့် ဇွန်လ ၂၅ ရက်နေ့ တွင် ပြည်ထောင်စု လွှတ်တော်က ကြေညာခဲ့ခြင်း ဖြစ်သည်။
 
The Voice Weekly

No comments:

Post a Comment