Wednesday 26 June 2013

အရှည် ၁၁ ပေခန့် ရှိ မိကျောင်း အား ပုဇွန်တောင် ချောင်း အတွင်း ဖမ်းဆီး ရမိ

Photo: အရှည် ၁၁ ပေခန့်ရှိ မိကျောင်းအား ပုဇွန်တောင် ချောင်းအတွင်း ဖမ်းဆီးရမိ

ပုဇွန်တောင် ချောင်းအတွင်းရှိ ရေတပ်အမှတ် ၃၆၊ တန် ၄၀၀ လွန်ကျင်း အနီးတွင် အရှည် ၁၀ ပေ ၅ လက်မနှင့် လုံးပတ် ၄ ပေ ၃ လက်မရှိ မိကျောင်းတစ်ကောင်အား ရေလုပ်သားများက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇွန် ၂၅ ရက် နံနက် ၉ နာရီတွင် ရေလုပ်သားဖြစ်သည့် မျိုးအောင်မှ မိကျောင်းအား စတင်တွေ့ရှိခဲ့ပြီးနောက် အနီးရှိ သမ္ဗာန်မောင်းနှင် သူများနှင့် စုစုပေါင်း အယောက် ၃၀ ခန့်က တစ်နာရီခန့်အကြာ ၀ိုင်းဝန်းဖမ်း ဆီးမှု ပြုလုပ်ခဲ့ရကြောင်း သိရသည်။

မိကျောင်းအား စတင်တွေ့ရှိသူဖြစ်သည့် ကိုမျိုးအောင်က "ကျွန်တော်တို့ သားအဖနှစ်ဦး ငါးဖမ်းဖို့ လုပ်နေတဲ့ အချိန်မှာ အဲဒီမိကျောင်းကို တွေ့ခဲ့မိတယ်။ အဲဒါနဲ့ အနီးမှာရှိတဲ့ ရေလုပ်သားတွေရယ်၊ သမ္ဗာန်သမားတွေ စုပေါင်းပြီး ဖမ်းဆီးခဲ့ရတယ်" ဟု ပြောကြားခဲ့သည်။

မိကျောင်းက အကောင်ကြီးတော့ တော်တော်ဖမ်းယူ ခဲ့ရတယ်။ မိကျောင်းအမြီးကို လူလေးယောက်လောက် ၀ိုင်းချုပ်တာတောင် မရခဲ့ဘူး။ အဲဒါနဲ့ ပါးစပ်ကို ကြိုးချည်နိုင်တဲ့ အချိန်မှသာ ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ် . . . .
ယင်းမိကျောင်းအား ပိုက်များတားဆီးခြင်းနှင့် ၀ါးခြံစည်းရိုးများခတ်ကာ ချောင်းလက်တက်အတွင်း မောင်းသွင်းပြီး ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
"မိကျောင်းက အကောင်ကြီးတော့ တော်တော်ဖမ်းယူ ခဲ့ရတယ်။ 

မိကျောင်းအမြီးကို လူလေးယောက်လောက် ၀ိုင်းချုပ်တာတောင် မရခဲ့ဘူး။ အဲဒါနဲ့ ပါးစပ်ကို ကြိုးချည်နိုင်တဲ့ အချိန်မှသာ ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်" ဟု ငမိုးရိပ်မိကျောင်းအား ဖမ်းဆီးခဲ့မှုတွင် ပါဝင်သူ ကိုဇော်က ပြောကြား ခဲ့သည်။

ဖမ်းမိစဉ် မိကျောင်းကျောပေါ်တွင် ဒဏ်ရာအချို့နှင့် ညာလက်တို့တွင် ဒဏ်ရာတချို့ ရှိသည်ကို တွေ့ရှိခဲ့ရကြောင်း ဖမ်းဆီးသူများ ၏ ပြောကြားချက်အရ သိရသည်။

လက်ရှိတွင် ဖမ်းမိခဲ့သည့် မိကျောင်းအား သာကေတ မိကျောင်းမွေးမြူရေး စခန်းသို့ ပို့ဆောင်ခဲ့ပြီး မိကျောင်းကန်အမှတ် ၂ တွင် ထားရှိထားကြောင်း သိရသည်။

သာကေတ မိကျောင်းမွေးမြူရေးစခန်း ဦးစီးအရာရှိ ဦးမျိုးနိုင်က "ဒီမိကျောင်းက သဘာဝအရ ရွှေ့ပြောင်းလာတယ်လို့ ယူဆရတယ်။ အခုလောလောဆယ်တော့ လူတွေနဲ့ ယဉ်အောင်လေ့ကျင်ပေးဖို့ သတ်သတ်အခန်း စီစဉ်ထားပေးပါတယ်" ဟု ပြောကြားခဲ့သည်။

ဖမ်းမိသောမိကျောင်းနှင့် ရေလုပ်သားများအား ဒေါပုံမြို့နယ်၌ တွေ့ရစဉ် (ဓာတ်ပုံ - အောင်ရဲကို)
Eleven Media Group
ဖမ်းမိသောမိကျောင်းနှင့် ရေလုပ်သားများအား ဒေါပုံမြို့နယ်၌ တွေ့ရစဉ် (ဓာတ်ပုံ - အောင်ရဲကို)
ပုဇွန်တောင် ချောင်းအတွင်းရှိ ရေတပ်အမှတ် ၃၆၊ တန် ၄၀၀ လွန်ကျင်း အနီးတွင် အရှည် ၁၀ ပေ ၅ လက်မနှင့် လုံးပတ် ၄ ပေ ၃ လက်မရှိ မိကျောင်းတစ်ကောင်အား ရေလုပ်သားများက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇွန် ၂၅ ရက် နံနက် ၉ နာရီတွင် ရေလုပ်သားဖြစ်သည့် မျိုးအောင်မှ မိကျောင်းအား စတင်တွေ့ရှိ ခဲ့ပြီးနောက် အနီးရှိ သမ္ဗာန်မောင်းနှင် သူများနှင့် စုစုပေါင်း အယောက် ၃၀ ခန့်က တစ်နာရီခန့်အကြာ ၀ိုင်းဝန်း ဖမ်း ဆီးမှု ပြုလုပ်ခဲ့ရကြောင်း သိရသည်။

မိကျောင်းအား စတင်တွေ့ရှိသူဖြစ်သည့် ကိုမျိုးအောင်က "ကျွန်တော်တို့ သားအဖနှစ်ဦး ငါးဖမ်းဖို့လုပ်နေ တဲ့အချိန်မှာ အဲဒီမိကျောင်းကိုတွေ့ခဲ့မိတယ်။ အဲဒါနဲ့ အနီးမှာရှိတဲ့ ရေလုပ်သားတွေရယ်၊ သမ္ဗာန်သမားတွေ စုပေါင်းပြီး ဖမ်းဆီးခဲ့ရတယ်" ဟု ပြောကြားခဲ့သည်။

မိကျောင်းက အကောင်ကြီးတော့ တော်တော်ဖမ်းယူ ခဲ့ရတယ်။ မိကျောင်းအမြီးကို လူလေးယောက်လောက် ၀ိုင်း ချုပ်တာတောင် မရခဲ့ဘူး။ အဲဒါနဲ့ ပါးစပ်ကို ကြိုးချည်နိုင်တဲ့ အချိန်မှသာ ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ် . . . .
ယင်းမိကျောင်းအား ပိုက်များတားဆီးခြင်းနှင့် ၀ါးခြံစည်းရိုးများခတ်ကာ ချောင်းလက်တက် အတွင်း မောင်း သွင်းပြီး ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။ "မိကျောင်းက အကောင်ကြီးတော့ တော်တော် ဖမ်းယူ ခဲ့ရတယ်။

မိကျောင်းအမြီးကို လူလေးယောက်လောက် ၀ိုင်းချုပ်တာတောင် မရခဲ့ဘူး။ အဲဒါနဲ့ ပါးစပ်ကို ကြိုးချည်နိုင်တဲ့ အချိန်မှသာ ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်" ဟု ငမိုးရိပ်မိကျောင်းအား ဖမ်းဆီးခဲ့မှုတွင်ပါဝင်သူ ကိုဇော် က ပြောကြားခဲ့သည်။

ဖမ်းမိစဉ် မိကျောင်းကျောပေါ်တွင် ဒဏ်ရာအချို့နှင့် ညာလက်တို့တွင် ဒဏ်ရာတချို့ ရှိသည်ကို တွေ့ရှိခဲ့ ရကြောင်း ဖမ်းဆီးသူများ ၏ ပြောကြားချက်အရ သိရသည်။

လက်ရှိတွင် ဖမ်းမိခဲ့သည့် မိကျောင်းအား သာကေတ မိကျောင်းမွေးမြူရေး စခန်းသို့ ပို့ဆောင်ခဲ့ပြီး မိကျောင်းကန်အမှတ် ၂ တွင် ထားရှိထားကြောင်း သိရသည်။

သာကေတ မိကျောင်းမွေးမြူရေးစခန်း ဦးစီးအရာရှိ ဦးမျိုးနိုင်က "ဒီမိကျောင်းက သဘာဝအရ ရွှေ့ပြောင်း လာတယ်လို့ ယူဆရတယ်။ အခုလောလောဆယ်တော့ လူတွေနဲ့ ယဉ်အောင်လေ့ကျင်ပေးဖို့ သတ်သတ် အခန်း စီစဉ်ထားပေးပါတယ်" ဟု ပြောကြားခဲ့သည်။
EMG

No comments:

Post a Comment