Wednesday 26 June 2013

မြန်မာ ကို တိုက်ရိုက် ကူညီမှု ပေးဖို့ သြစီက စီစဉ်နေ

Photo: မြန်မာကို တိုက်ရိုက်ကူညီမှု ပေးဖို့ သြစီက စီစဉ်နေ
Wednesday, 26 June 2013

ထောက်ပံ့ကြေးတွေဟာ အရင်က ကုလသမဂ္ဂ ကနေ တဆင့် ပံ့ပိုးခဲ့
တာဖြစ်ပြီး အခု အခါမှာ မြန်မာ အစိုးရကို တိုက်ရိုက်ပံ့ပိုးဖို့ စီစဉ်နေပြီ ဆိုတဲ့အကြောင်း သြစတြေးလျနိုင်ငံ AusAid လို့ခေါ်တဲ့ ထောက်ပံ့ရေး
အေဂျင်စီက အထွေထွေဦးဆောင် ညွှန်ကြားရေးမှူး Peter Baxter က
ABC ကို ပြောပြခဲ့ပါတယ်။

ရှေ့လထဲမှာ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Bob Carr က မြန်မာ
နိုင်ငံကို လာရောက်ဖို့ရှိတဲ့ အတွက် မြန်မာနဲ့ သြစတြေးလျ ၂ နိုင်ငံ
အစိုးရ ကြားမှာ ဆွေးနွှေးမှုတွေ ပြုလုပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကို အဓိက အားဖြင့် ပညာရေးမှာကဏ္ဍ ထောက်ပံ့သွားမှာ ဖြစ်ပြီး - ပြီးခဲ့ နှစ်က နိုင်ငံခြားရေးဝန်ကြီး Bob Carr က မြန်မာ နိုင်ငံကို လာရောက် ခဲ့စဉ်က ကျောင်းဆရာ ဆရာမတွေ အဖို့ သင်တန်းတွေ၊ ကျောင်းတက်
နှုန်းပိုပြီး ကောင်းလာအောင် ကျောင်းတွေမှာ နေ့လည်စာကျွေးတဲ့ အစီ အစဉ်တွေကို ကြေညာခဲ့တယ်လို့ ဆိုပါတယ်။

သြစတြေးလျ နိုင်ငံက ဒီလိုထောက်ပံ့ကြေးတွေကို အခု အချိန် အထိ NGO အဖွဲ့ တွေနဲ့သာ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

သြစတြေးလျကို ပညာတော်သင် ပိုမိုတိုးချဲ့ခေါ်ယူတဲ့ အစီအစဉ်ကို ပြီးခဲ့တဲ့ ၂နှစ်က စတင်ခဲ့ပါတယ်။

Peter Baxter က သြစတြေးလျ နိုင်ငံအနေနဲ့ ပံ့ပိုးပေး နေတာတွေဟာ လိုအပ်တဲ့ နေရာတွေ ကို ရောက်မရောက် ထိ ရောက်မှု ရှိ မရှိဆိုတာတွေ ကို လဲ ကွင်းဆင်းလေ့လာမှု တွေကို လိုက်လံကြည့်ရှုစစ်ဆေး ပြီး
ဆောင်ရွက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာ နိုင်ငံကိုထောက်ပံ့နေတဲ့ သြစတြေးလျ ထောက်ပံ့ကြေးဟာ ဒီ နှစ်မှာ ဒေါ်လာ သန်းပေါင်း ၆၄.၂ သန်း ဖြစ်ပြီး ၂၀၁၃-၁၄ခု နှစ်မှာ
ဒေါ်လာ ၈၂.၈ သန်း အထိ ရှိသွားမှာဖြစ်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး Bob Carr ကတော့ မြန်မာ နိုင်ငံအဖို့ထောက်ပံ့ကြေး
တွေဟာ ပြည်တွင်း က တိုင်းရင်းသားလူမျိုးစုငယ်တွေ နဲ့ အစိုးရ ကြား
ဖြစ်နေတဲ့ပဋိပက္ခတွေ ကြောင့် ထိခိုက် နိုင်တယ်လို့လဲ ပြောသွားပါတယ်။
ABC Radio Australia
ထောက်ပံ့ကြေးတွေဟာ အရင်က ကုလသမဂ္ဂကနေတဆင့် ပံ့ပိုးခဲ့တာဖြစ်ပြီး အခု အခါမှာ မြန်မာအစိုးရကို တိုက်ရိုက်ပံ့ပိုးဖို့ စီစဉ်နေပြီ ဆိုတဲ့အကြောင်း သြစတြေးလျနိုင်ငံ AusAid လို့ခေါ်တဲ့ ထောက်ပံ့ရေး အေဂျင် စီ က အထွေထွေဦးဆောင် ညွှန်ကြားရေးမှူး Peter Baxter က ABC ကို ပြောပြခဲ့ပါတယ်။

ရှေ့လထဲမှာ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Bob Carr က မြန်မာနိုင်ငံကို လာရောက်ဖို့ရှိတဲ့ အတွက် မြန်မာနဲ့ သြစတြေးလျ ၂ နိုင်ငံအစိုးရ ကြားမှာ ဆွေးနွှေးမှုတွေ ပြုလုပ်သွားဖို့ရှိတယ်လို့ သိရပါ တယ်။

မြန်မာနိုင်ငံကို အဓိက အားဖြင့် ပညာရေးမှာကဏ္ဍ ထောက်ပံ့သွားမှာ ဖြစ်ပြီး - ပြီးခဲ့ နှစ်က နိုင်ငံခြားရေး ဝန်ကြီး Bob Carr က မြန်မာ နိုင်ငံကို လာရောက် ခဲ့စဉ်က ကျောင်းဆရာ ဆရာမတွေ အဖို့ သင်တန်းတွေ ၊ ကျောင်းတက်နှုန်းပိုပြီး ကောင်းလာအောင် ကျောင်းတွေမှာ နေ့လည်စာကျွေးတဲ့ အစီ အစဉ်တွေ ကို ကြေညာခဲ့တယ်လို့ ဆိုပါတယ်။

သြစတြေးလျ နိုင်ငံက ဒီလိုထောက်ပံ့ကြေးတွေကို အခု အချိန် အထိ NGO အဖွဲ့ တွေနဲ့ သာ ဆောင်ရွက်ခဲ့ တာ ဖြစ်ပါတယ်။

သြစတြေးလျကို ပညာတော်သင် ပိုမိုတိုးချဲ့ခေါ်ယူတဲ့ အစီအစဉ်ကို ပြီးခဲ့တဲ့ ၂နှစ်က စတင်ခဲ့ပါတယ်။

Peter Baxter က သြစတြေးလျ နိုင်ငံအနေနဲ့ ပံ့ပိုးပေး နေတာတွေဟာ လိုအပ်တဲ့ နေရာတွေ ကို ရောက် မရောက် ထိ ရောက်မှု ရှိ မရှိဆိုတာတွေ ကို လဲ ကွင်းဆင်းလေ့လာမှု တွေကို လိုက်လံကြည့်ရှုစစ်ဆေး ပြီး
ဆောင်ရွက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာ နိုင်ငံကိုထောက်ပံ့နေတဲ့ သြစတြေးလျ ထောက်ပံ့ကြေးဟာ ဒီ နှစ်မှာ ဒေါ်လာ သန်းပေါင်း ၆၄.၂ သန်း ဖြစ်ပြီး ၂၀၁၃-၁၄ခု နှစ်မှာ ဒေါ်လာ ၈၂.၈ သန်း အထိ ရှိသွားမှာဖြစ်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး Bob Carr ကတော့ မြန်မာ နိုင်ငံအဖို့ထောက်ပံ့ကြေးတွေဟာ ပြည်တွင်း က တိုင်းရင်းသား လူမျိုးစုငယ်တွေ နဲ့ အစိုးရ ကြား ဖြစ်နေတဲ့ပဋိပက္ခတွေ ကြောင့် ထိခိုက် နိုင်တယ်လို့ လဲ ပြော သွားပါတယ်။
ABC Radio Australia

No comments:

Post a Comment