Wednesday 17 April 2013

သင်္ကြန် အတတ်နေ့ မှာ မန္တလေးမြို့ Alpine မဏ္ဍပ် ရန်ပွဲဖြစ်၊ သင်္ကြန်ကာလအတွင်း လူ ၁၆ ဦးသေ၊ ၈၃ ဦး ဒဏ်ရာရ


 

(၁၆.၄.၂၀၁၃) သင်္ကြန်အတတ်နေ့မှာ မန္တလေးမြို့ Alpine မဏ္ဍပ်က ညနေ ၄နာရီဝန်းကျင် တွင် မဏ္ဍပ် ပေါ်မှ ရေပက်သူများနှင့် စင်အောက်မှ ရေပက်ခံထွက်သူများ အချင်းချင်း ခိုက်ရန်ဖြစ်ပွားခဲ့ပါတယ်။

Alpine မဏ္ဍပ် အောက်က လူတွေက ခဲတွေ၊ဖိနပ်တွေ၊ပုလင်းကွဲ တွေနဲ့ ပစ်ပေါက်ခဲ့သလို မဏ္ဍပ် အပေါ်မှာ ထိမှန်ခဲ့တဲ့ လူတချို့ကလဲ ပြန်လည်ပြီး ပလပ်စတစ် ထိုင်ခုံတွေနဲ့ ပစ်ပေါက်ခဲ့တာပါ။

ထိခိုက်ဒဏ်ရာရသူ အနည်းငယ်သာရှိခဲ့ပြီး ဖျော်ဖြေမှုနဲ့ ရေပိုက်တွေကို ရပ်နားခဲ့ရပါတယ်။


No comments:

Post a Comment