လေ့လာမှုတစ်ရပ်တွင် ဖော်ပြ ထားချက်အရ နံနက်နိုးနိုးချင်းတွင် ဆေးလိပ်သောက်ခြင်းသည် အဆုတ် ကင်ဆာနှင့် ခံတွင်း ကင်ဆာဖြစ်ပွားမှု နှုန်းကို မြင့်တက်စေကြောင်း သုတေ သနတစ်ရပ်တွင် ဖော်ပြထားသည်။
ယခုသုတေသနကိုဦးဆောင်သူ အမူအကျင့်ဆိုင်ရာ သိပ္ပံပညာပါမောက္ခ Dr. Steven Branstetter က ဆေး လိပ်သောက်သူများ အနေဖြင့် အိပ် ယာမှနိုးနိုး ချင်းဆေးလိပ်သောက် ခြင်းသည်ဆေးရွက်ကြီးမှ ထွက်ရှိ သော ကင်ဆာဖြစ်စေသည့်ပစ္စည်း (carcinogen) တစ်မျိုးဖြစ်သည့် NNKကို သွေးကြောထဲတွင် ပိုများ စေကြောင်းပြောကြားခဲ့သည်။
တစ်ရက်ကိုသောက်သုံးသော စီးကရက်ပမာဏနှင့်မသက်ဆိုင် ကြောင်း၊ ယခုတွေ့ရှိချက်သည် ဆေး လိပ်ကိုနိုးပြီး နာရီဝက်နောက် ပိုင်းမှ သောက်သုံးသူများတွင်မတွေ့ရှိရ ကြောင်း (နိုးပြီးတစ်နာရီကျော် ကြာမှ ဆေးလိပ်သောက်သုံးလျှင် ကင်ဆာမဖြစ်နိုင် ဟုဆို လိုခြင်းမဟုတ်ပါ)၊ အဆိုပါ NNK က အဆုတ်ကင်ဆာနှင့်ခံတွင်းကင်ဆာဖြစ်ပွားမှုနှင့် ဆက်စပ်နေသည်ကို ယခင်သုတေသနများ တွင်ဖော်ထုတ်နိုင်ခဲ့ကြောင်း၊ သွေးထဲတွင် NNK များနေခြင်းအချိန်ကြာ လာပါက ကင်ဆာရောဂါ များဖြစ်ပွား နိုင်ချေ%မြင့် တက် လာကြောင်း ဖော် ပြထားသည်။
လေ့လာမှုတွင်ပါဝင်သူများအား ဆေးလိပ်သောက်သောအမူအကျင့်၊ အိပ်ယာထကာစတွင် ဆေးလိပ်သောက်ခြင်းရှိမရှိကို မေးမြန်းခဲ့ သည်။
ပါဝင်သူများအနက်၃၂% သည်နိုးပြီးငါးမိနစ်အတွင်းဆေး လိပ် သောက်ကြကြောင်း၊ ၃၁%သည် နိုး ပြီး ၆မိနစ်မှနာရီဝက်အတွင်းဆေး လိပ်သောက်ကြကြောင်းနှင့်၁၈% သည် နာရီဝက်မှတစ်နာရီအတွင်း ဆေးလိပ်သောက်ကြကြောင်းနှင့်၊ ကျန်၁၉%သည်အိပ်ယာထပြီး တစ် နာရီကျော်မှဆေးလိပ်သောက် ကြ ကြောင်းကိုမှတ်တမ်းတင်နိုင်ခဲ့သည်။
ရလဒ်များအရအိပ်ယာထအပြီး နာရီ ၀က်အတွင်း ဆေးလိပ်သောက်သုံးသူ များသည်အဆုတ်ကင်ဆာနှင့် ခံတွင်း ကင်ဆာဖြစ်ပွား မှုနှုန်း ၃ဆမြင့်တက်လာကြောင်းကိုဖော်ထုတ်နိုင်ခဲ့သည်။
ယခုလေ့လာမှုကို Journal Cancer, Epidemiology and Prevention တွင်ဖော်ပြထားခြင်းဖြစ်သည်။
Health Updates Journal
No comments:
Post a Comment