Wednesday 17 April 2013

အီရန် နိုင်ငံ အရှေ့တောင်ဘက်မှာ ငလျင်ကြီးတခု လှုပ်ခါလို့ လူ အများ အပြား သေဆုံး



အီရန်နိုင်ငံ အရှေ့တောင်ဘက် ပါကစ္စတန်နယ်ခြား Khash မြို့ အနီးကို ဗဟိုပြုပြီး ပြင်းအား ၇.၈ ရှိတဲ့ မြေ ငလျင်ကြီးတခု လှုပ်ခါ သွားခဲ့တယ်လို့ အမေရိကန် ဘူမိဗေဒ လေ့လာရေး ဌာနက ပြောပါတယ်။

နှစ်ပေါင်း ၄၀ အတွင်း အီရန်မှာ အပြင်းထန်ဆုံးလှုပ်ခါခဲ့တဲ့ ငလျင်ဖြစ်ပါတယ်။ အနည်းဆုံး လူ ၄၀ လောက် သေဆုံးသွားတယ်လို့လည်း အီရန် ရုပ်သံက ကြေညာသွားပါတယ်။

ဒါပေမယ့်လည်း သေဆုံးသူရာဂဏန်းတောင် ရှိနိုင်တယ်လို့ အီရန်အရာရှိတဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာ သတင်းမှာ ဖေါ်ပြထားပါတယ်။

မြေငလျင်ကြောင့် အိန္ဒိယ နိုင်ငံ မြို့တော် ဒေလီက အဆောက်အဦးတွေ တောင် လှုပ်ယမ်း သွားတယ်လို့ မျက်မြင်တွေ့ ရှိသူတွေက ပြောပါတယ်။
BBC Burmese

No comments:

Post a Comment