Wednesday 17 April 2013

ကျောင်းသားကို စာရွက်စားခိုင်းသည့်ဆရာအား အလုပ်ဖြုတ်

ကျောင်းသားကို စာရွက်စားခိုင်းသည့်ဆရာအား အလုပ်ဖြုတ်
Wednesday, April 17,2013 
   

စကားများသည်ဆိုသော စွပ်စွဲချက်ဖြင့် ကျောင်းသားကို စာရွက်များ ဝါးခိုင်းထားသည့် ဖြစ်ရပ်တစ်ခု ဖိလစ်ပိုင်နိုင်ငံ၊ မန်ဒူးမြို့တွင်ဖြစ်ပွားခဲ့သည်။

စီဘူးပြည်နယ်၊ မန်ဒူးမြို့ အထက်တန်းကျောင်းရှိ သင်္ချာဆရာမတစ်ဦးအား လူသားမဆန်စွာ ပြုကျင့်မှုအတွက် ဖိလစ်ပိုင်ပညာရေးဝန်ကြီးဌာနနှင့် လူ့အခွင့်အရေးကော်မရှင်တို့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြကြောင်း ဒေသဆိုင်ရာသတင်းစာများ၏ ဖော်ပြချက်အရ သိရှိရသည်။

ပတ်နမ်းအမျိုးသားအထက်တန်းကျောင်းမှ မိဘ ၃၀ တို့သည် ကျောင်းသားဖြစ်သူ စာရွက်များ ဝါးစားနေရသည့် ဗီဒီယိုပြကွက်များကို တွေ့မြင်ကြရပြီးနောက် ကျောင်းကိုအပြင်းအထန်လာရောက် ကန့်ကွက်ဆန္ဒပြမှုများပြုလုပ် ခဲ့ကြသည်ဟု ဖိလစ်ပိုင်ပညာရေးဝန်ကြီးဌာနမှ ဘင်ဂျမင် တိုင်ဇုန်ကဆိုသည်။

ကျောင်းသူတစ်ဦးကလည်း ဆရာမသည် သူ့ကို ထိုင်ခုံဖြင့် ပစ်ပေါက်ခဲ့ဖူးကြောင်း ဖွင့်ဆိုသည်။ “ဆရာမက သမီးကို ပုစ္စာတစ်ပုဒ်မေးတယ်။ မဖြေနိုင်တော့ စာရွက်စားခိုင်းတယ်။ သမီးက မစားနိုင်ဘူးလို့ပြန်ပြောတော့ ခုံနဲ့ပေါက်တယ်” ဟု ထိုကျောင်းသူကပြောပြသည်။

ဆရာမသည် မိမိ၏လုပ်ရပ်ကြောင့် မိဘများကို တောင်းပန်ထားသော်လည်း ဌာနဆိုင်ရာ အရေးယူစုံစမ်းမှုများ ပြူလုပ်နေစဉ်အတွင်း ရာထူးမှချထားကြောင်း ပညာရေးဝန်ကြီးဌာနကဆိုသည်။ 
(ရွှေမောင်)မောက္ခနိုင်ငံတကာသတင်း စကားများသည်ဆိုသော စွပ်စွဲချက်ဖြင့် ကျောင်းသားကို စာရွက်များ ဝါးခိုင်းထားသည့် ဖြစ်ရပ်တစ်ခု ဖိလစ်ပိုင်နိုင်ငံ၊ မန်ဒူးမြို့တွင်ဖြစ် ပွားခဲ့သည်။
စီဘူးပြည်နယ်၊ မန်ဒူးမြို့ အထက်တန်းကျောင်းရှိ သင်္ချာဆရာမ တစ်ဦး အား လူသားမဆန်စွာ ပြုကျင့်မှုအတွက် ဖိလစ်ပိုင်ပညာရေး ဝန်ကြီး ဌာနနှင့် လူ့အခွင့်အရေးကော်မရှင်တို့က စုံစမ်းစစ်ဆေးမှုများ ပြု လုပ်နေကြကြောင်း ဒေသဆိုင်ရာသတင်းစာများ၏ ဖော်ပြချက်အရ သိရှိရသည်။

ပတ်နမ်းအမျိုးသားအထက်တန်းကျောင်းမှ မိဘ ၃၀ တို့သည် ကျောင်းသားဖြစ်သူ စာရွက်များ ဝါးစားနေ ရသည့် ဗီဒီယိုပြကွက်များကို တွေ့မြင်ကြရပြီးနောက် ကျောင်းကိုအပြင်းအထန်လာရောက် ကန့်ကွက် ဆန္ဒပြမှုများပြုလုပ် ခဲ့ကြသည်ဟု ဖိလစ်ပိုင်ပညာရေးဝန်ကြီးဌာနမှ ဘင်ဂျမင် တိုင်ဇုန်ကဆိုသည်။

ကျောင်းသူတစ်ဦးကလည်း ဆရာမသည် သူ့ကို ထိုင်ခုံဖြင့် ပစ်ပေါက်ခဲ့ဖူးကြောင်း ဖွင့်ဆိုသည်။ “ဆရာမက သမီးကို ပုစ္စာတစ်ပုဒ်မေးတယ်။ မဖြေနိုင်တော့ စာရွက်စားခိုင်းတယ်။ သမီးက မစားနိုင်ဘူးလို့ပြန်ပြောတော့ ခုံနဲ့ပေါက်တယ်” ဟု ထိုကျောင်းသူကပြောပြသည်။

ဆရာမသည် မိမိ၏လုပ်ရပ်ကြောင့် မိဘများကို တောင်းပန်ထားသော်လည်း ဌာနဆိုင်ရာ အရေးယူစုံစမ်း မှုများ ပြူလုပ်နေစဉ်အတွင်း ရာထူးမှချထားကြောင်း ပညာရေးဝန်ကြီးဌာနကဆိုသည်။
(ရွှေမောင်)မောက္ခနိုင်ငံတကာသတင်း

No comments:

Post a Comment